ရုရှားနဲ့ယူကရိန်းတို့က အပစ်အခတ်ရပ်စဲရေးကို အရင်ဆုံးလုပ်ဆောင်သင့်တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် အကြံပြု

 220

Pika (NP News) - စက်တင်ဘာ ၈

ရုရှားနဲ့ယူကရိန်းတို့ဟာ အသေးစိတ်အချက်အလက်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေကို မရေးဆွဲမီ အပစ်ခတ်ရပ်စဲရေးကို အရင်ဆုံးသဘောတူညီသင့်တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တောအော်ဗန်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဗစ်တောအော်ဗန်ဟာ စက်တင်ဘာလ(၆)ရက်က အီတလီနိုင်ငံ Cernobbio မြို့မှာကျင်းပတဲ့ နိုင်ငံတကာ စီးပွားရေးဖိုရမ်မှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံ စလုံးဟာ နောက်ဆုံးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီကို ရောက်ရှိလာရမယ်လို့လည်း ဗစ်တော်အော်ဗန်က အလေးပေးပြောကြားခဲ့ပါတယ်။

ကြားဝင်စေ့စပ်ရေးနဲ့ပတ်သက်တဲ့ကြိုးပမ်းမှုတိုင်းအောင်မြင်ဖို့အတွက် ရုရှား၊ ယူကရိန်းနှစ်နိုင်ငံစလုံးနဲ့ ဆက်သွယ် ဖို့ လိုအပ်တယ်လို့လည်း ဗစ်တောအော်ဗန်က ပြောကြားခဲ့ပါတယ်။ ၎င်း က “နှစ်ဘက်စလုံးကလက်ခံတဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေကို ကျွန်တော်တို့စောင့်နေမယ်ဆိုရင် ငြိမ်းချမ်းရေးက ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ ပထမဆုံးခြေလှမ်းက ငြိမ်းချမ်းရေးအစီအစဉ်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ဆောင် သင့်တာပါ။ အရင်ဆုံး နှစ်ဘက်စလုံးကို ဆက်သွယ်ရမယ်။ ပြီးရင် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ပြီးမှာ ငြိမ်းချမ်းရေးအစီအစဉ်တွေကို ဆွေးနွေးရပါမယ်” လို့ ပြောခဲ့ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၂)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ယခုအချိန်အထိ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ဟန်ဂေရီအစိုးရဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးတာထက် သံတမန်ရေးရာဖြေရှင်းမှုတွေကို ဦးစားပေးဖို့ အတွက် ကာလရှည်ကြာတောင်းဆိုခဲ့တဲ့နိုင်ငံဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
႐ုရွားနဲ႔ယူကရိန္းတို႔က အပစ္အခတ္ရပ္စဲေရးကို အရင္ဆုံးလုပ္ေဆာင္သင့္တယ္လို႔ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ အႀကံျပဳ
Pika (NP News) - စက္တင္ဘာ ၈

႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အေသးစိတ္အခ်က္အလက္ေတြပါဝင္တဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ေတြကို မေရးဆြဲမီ အပစ္ ခတ္ရပ္စဲေရးကို အရင္ဆုံးသေဘာတူညီသင့္တယ္လို႔ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ဗစ္ေတာေအာ္ဗန္က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ဗစ္ေတာေအာ္ဗန္ဟာ စက္တင္ဘာလ(၆)ရက္က အီတလီႏိုင္ငံ Cernobbio ၿမိဳ႕မွာက်င္းပတဲ့ ႏိုင္ငံတကာ စီးပြားေရးဖိုရမ္မွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ ယူကရိန္းႏွစ္ႏိုင္ငံ စလုံးဟာ ေနာက္ဆုံးမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲဆီကို ေရာက္ရွိလာရမယ္လို႔လည္း ဗစ္ေတာ္ေအာ္ဗန္က အေလးေပးေျပာၾကားခဲ့ပါတယ္။

ၾကားဝင္ေစ့စပ္ေရးနဲ႔ပတ္သက္တဲ့ႀကိဳးပမ္းမႈတိုင္းေအာင္ျမင္ဖို႔အတြက္ ႐ုရွား၊ ယူကရိန္းႏွစ္ႏိုင္ငံစလုံးနဲ႔ ဆက္သြယ္ ဖို႔ လိုအပ္တယ္လို႔လည္း ဗစ္ေတာေအာ္ဗန္က ေျပာၾကားခဲ့ပါတယ္။ ၎ က “ႏွစ္ဘက္စလုံးကလက္ခံတဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ေတြကို ကြၽန္ေတာ္တို႔ေစာင့္ေနမယ္ဆိုရင္ ၿငိမ္းခ်မ္းေရးက ဘယ္ေတာ့မွ ရရွိႏိုင္မွာ မဟုတ္ပါဘူး။ ပထမဆုံးေျခလွမ္းက ၿငိမ္းခ်မ္းေရးအစီအစဥ္မဟုတ္ဘဲ အပစ္အခတ္ရပ္စဲေရးကို အရင္လုပ္ေဆာင္ သင့္တာပါ။ အရင္ဆုံး ႏွစ္ဘက္စလုံးကို ဆက္သြယ္ရမယ္။ ၿပီးရင္ အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ၿပီးမွာ ၿငိမ္းခ်မ္းေရးအစီအစဥ္ေတြကို ေဆြးေႏြးရပါမယ္” လို႔ ေျပာခဲ့ပါတယ္။

႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ၿပီး ယခုအခ်ိန္အထိ ႏွစ္ဘက္စလုံးက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္ႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ဟန္ေဂရီအစိုးရဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြ ေထာက္ပံ့ေပးတာထက္ သံတမန္ေရးရာေျဖရွင္းမႈေတြကို ဦးစားေပးဖို႔ အတြက္ ကာလရွည္ၾကာေတာင္းဆိုခဲ့တဲ့ႏိုင္ငံျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.