အမေရိကန်ဒုသမ္မတ ကာမာလာဟားရစ်အပေါ် အားပေးထောက်ခံခဲ့တဲ့ ရုရှားသမ္မတပူတင်ကို စိတ်ပျက်မိကြောင်း ဒေါ်နယ်ထရမ့်ပြော

 1402

Pika (NP News) - စက်တင်ဘာ ၈

ရုရှားသမ္မတပူတင်က ဒီမိုကရက်တစ်သမ္မတလောင်းကာမာလာဟားရစ်ကို ထောက်ခံကြောင်းပြသခဲ့တဲ့အတွက် အလွန်စိတ်ပျက်မိတယ်လို့ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အကြိုက်ဆုံး လူရှိ/မရှိ ဆိုတဲ့မေးခွန်းကို ပူတင်က ပြန်လည် တုံ့ပြန်ဖြေကြား ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပူတင်က “ကျွန်တော့်အနေနဲ့ကတော့ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ကို ထောက်ခံသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ပူတင်ဟာ စက်တင်ဘာလ(၅)ရက်က ဗလာဒီဗော့စတော့မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ်အတွင်းမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ၎င်းထက်အရင် အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့သူတိုင်းထက် ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ပိုမိုချမှတ်ခဲ့တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဒီမိုကရစ်တစ်သမ္မတလောင်း ကာမာလာဟားရစ်က အဲဒီလိုလုပ်ရပ်တွေကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ထင်မိတယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ စက်တင်ဘာလ(၇)ရက်က Wisconsin ပြည်နယ် Mosinee မြို့မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ် စည်းရုံးပွဲအတွင်း ရုရှားက အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ပြောဆိုချက်တွေကို ဝေဖန်ပြစ်တင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့် က “အမြဲတမ်း ရုရှား၊ ရုရှား၊ ရုရှား ဆိုတဲ့စကားသံတွေကိုပဲ ကြားနေရပါတယ်။ကျွန်တော်သာ သမ္မတဖြစ်နေခဲ့မယ်ဆိုရင် ရုရှား-ယူကရိန်း ပဋိပက္ခဆိုတာ ရှိတောင်ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော် ပူတင်ကို ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ကာမာလာဟားရစ်ကို သူဘာကြောင့် ထောက်ခံရလဲဆိုတာကိုတော့ ကျွန်တော်တကယ်သိချင်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်လည်းပျက်သွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္ဒုသမၼတ ကာမာလာဟားရစ္အေပၚ အားေပးေထာက္ခံခဲ့တဲ့ ႐ုရွားသမၼတပူတင္ကို စိတ္ပ်က္မိေၾကာင္း ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - စက္တင္ဘာ ၈

႐ုရွားသမၼတပူတင္က ဒီမိုကရက္တစ္သမၼတေလာင္းကာမာလာဟားရစ္ကို ေထာက္ခံေၾကာင္းျပသခဲ့တဲ့အတြက္ အလြန္စိတ္ပ်က္မိတယ္လို႔ ရီပတ္ဘလစ္ကန္သမၼတေလာင္းေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႀကိဳက္ဆုံး လူရွိ/မရွိ ဆိုတဲ့ေမးခြန္းကို ပူတင္က ျပန္လည္ တုံ႔ျပန္ေျဖၾကား ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ပူတင္က “ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္ကို ေထာက္ခံသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ပူတင္ဟာ စက္တင္ဘာလ(၅)ရက္က ဗလာဒီေဗာ့စေတာ့ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ႏိုင္ငံတကာစီးပြားေရးဖိုရမ္အတြင္းမွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေဒၚနယ္ထရမ့္ဟာ ၎ထက္အရင္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူခဲ့သူတိုင္းထက္ ႐ုရွားအေပၚ ပိတ္ဆို႔ အေရးယူမႈေတြကို ပိုမိုခ်မွတ္ခဲ့တယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဒီမိုကရစ္တစ္သမၼတေလာင္း ကာမာလာဟားရစ္က အဲဒီလိုလုပ္ရပ္ေတြကို ေရွာင္ရွားႏိုင္လိမ့္မယ္လို႔ ထင္မိတယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ဟာ စက္တင္ဘာလ(၇)ရက္က Wisconsin ျပည္နယ္ Mosinee ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ မဲဆြယ္ စည္း႐ုံးပြဲအတြင္း ႐ုရွားက အေမရိကန္ေ႐ြးေကာက္ပြဲကို ဝင္ေရာက္စြက္ဖက္ဖို႔ ႀကိဳးပမ္းေနတယ္ဆိုတဲ့ အေမရိကန္ အစိုးရရဲ႕ေျပာဆိုခ်က္ေတြကို ေဝဖန္ျပစ္တင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ က “အၿမဲတမ္း ႐ုရွား၊ ႐ုရွား၊ ႐ုရွား ဆိုတဲ့စကားသံေတြကိုပဲ ၾကားေနရပါတယ္။ကြၽန္ေတာ္သာ သမၼတျဖစ္ေနခဲ့မယ္ဆိုရင္ ႐ုရွား-ယူကရိန္း ပဋိပကၡဆိုတာ ရွိေတာင္ရွိလာမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ပူတင္ကို ေကာင္းေကာင္းသိပါတယ္။ ဒါေပမယ့္ ကာမာလာဟားရစ္ကို သူဘာေၾကာင့္ ေထာက္ခံရလဲဆိုတာကိုေတာ့ ကြၽန္ေတာ္တကယ္သိခ်င္ခဲ့ပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ စိတ္လည္းပ်က္သြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.