ဂျပန်နိုင်ငံရဲ့ပထမဆုံး ကာစီနိုအပန်းဖြေစခန်း ၂ဝ၃ဝ ပြည့်နှစ်နှောင်းပိုင်းမှာ ဖွင့်လှစ်နိုင်ဖွယ်ရှိ

 346

ရောင်နီ (NP News) - စက်တင်ဘာ ၉

ဂျပန်နိုင်ငံရဲ့ပထမဆုံး ကာစီနိုအပန်းဖြေစခန်းကို ဂျပန်နိုင်ငံ၊ အနောက်ပိုင်း အိုဆာကာမြို့မှာ ၂၀၃၀ ပြည့်နှစ် နှောင်းပိုင်းမှာ ဖွင့်လှစ်နိုင်ဖွယ်ရှိတယ်လို့ ပြည်တွင်းမီဒီယာတွေက စက်တင်ဘာ ၇ ရက်က ပြောကြားခဲ့ပါတယ်။

ဒီစီမံကိန်းအတွက် အော်ပရေတာ Osaka IR KK က စက်တင်ဘာလကုန်မှစ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ စတင်တော့မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီစံမံကိန်းမှာ အမေရိကန်ကာစီနိုအော်ပရေတာ MGM Resorts International နဲ့ ပြည်တွင်းလုပ်ဖော်ကိုင်ဖက် Orix တို့က အစုရှယ်ယာ ၄ဝ စီနဲ့ အဓိကရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဧရာမ ကာစီနိုအပန်းဖြေစခန်းဟာ ဒီနှစ်ရဲ့ World Expo ပွဲ ကျင်းပမယ့် အိုဆာကာ ပင်လယ်အော်ရီ ယုမီရှီမာကျွန်းမှာ ဆောက်လုပ်သွားမှာဖြစ်ပြီး အပန်းဖြေစခန်းမှာ ဟိုတယ်၊ ကွန်ဖရင့်စင်တာ၊ စျေးဝယ်စင်တာ၊ ပြတိုက်နဲ့ ရိုလာကိုစတာလို ကစားကွင်းတွေလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံရဲ႕ပထမဆုံး ကာစီႏိုအပန္းေျဖစခန္း ၂ဝ၃ဝ ျပည့္ႏွစ္ေႏွာင္းပိုင္းမွာ ဖြင့္လွစ္ႏိုင္ဖြယ္ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၉

ဂ်ပန္ႏိုင္ငံရဲ႕ပထမဆုံး ကာစီႏိုအပန္းေျဖစခန္းကို ဂ်ပန္ႏိုင္ငံ၊ အေနာက္ပိုင္း အိုဆာကာၿမိဳ႕မွာ ၂၀၃၀ ျပည့္ႏွစ္ ေႏွာင္းပိုင္းမွာ ဖြင့္လွစ္ႏိုင္ဖြယ္ရွိတယ္လို႔ ျပည္တြင္းမီဒီယာေတြက စက္တင္ဘာ ၇ ရက္က ေျပာၾကားခဲ့ပါတယ္။

ဒီစီမံကိန္းအတြက္ ေအာ္ပေရတာ Osaka IR KK က စက္တင္ဘာလကုန္မွစ ႀကိဳတင္ျပင္ဆင္မႈလုပ္ငန္းေတြ စတင္ေတာ့မွာျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဒီစံမံကိန္းမွာ အေမရိကန္ကာစီႏိုေအာ္ပေရတာ MGM Resorts International နဲ႔ ျပည္တြင္းလုပ္ေဖာ္ကိုင္ဖက္ Orix တို႔က အစုရွယ္ယာ ၄ဝ စီနဲ႔ အဓိကရင္းႏွီးျမႇဳပ္ႏွံမွာ ျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ ဧရာမ ကာစီႏိုအပန္းေျဖစခန္းဟာ ဒီႏွစ္ရဲ႕ World Expo ပြဲ က်င္းပမယ့္ အိုဆာကာ ပင္လယ္ေအာ္ရီ ယုမီရွီမာကြၽန္းမွာ ေဆာက္လုပ္သြားမွာျဖစ္ၿပီး အပန္းေျဖစခန္းမွာ ဟိုတယ္၊ ကြန္ဖရင့္စင္တာ၊ ေစ်းဝယ္စင္တာ၊ ျပတိုက္နဲ႔ ႐ိုလာကိုစတာလို ကစားကြင္းေတြလည္း ပါဝင္သြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.