တိရစ္ဆာန်နဲ့ ထိတွေ့ခြင်းမရှိတဲ့ ပထမဆုံး ကြက်ငှက်တုပ်ကွေးကူးစက်လူနာ အမေရိကန်မှာ တွေ့ရှိ

 327

ရောင်နီ (NP News) - စက်တင်ဘာ ၉

အမေရိကန်နိုင်ငံ၊ မစ်ဇူရီပြည်နယ်မှာ တိရစ္ဆာန်တွေနဲ့ ထိတွေ့ခြင်းမရှိတဲ့ ကြက်ငှက်တုပ်ကွေး ကူးစက်လူနာကို ပထမဆုံး တွေ့ရှိလာရတယ်လို့ အာဏာပိုင်တွေက သောကြာနေ့ (စက်တင်ဘာ ၆ ရက်)မှာ ပြောကြားပါတယ်။

အဆိုပါအမျိုးသားဟာ ကျန်းမာရေး ရောဂါအခံတော့ ရှိတဲ့သူဖြစ်ပြီး သြဂုတ်လ ၂၂ ရက်က ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိတော့ တုပ်ကွေးအတွက် ဆေးဝါးတွေ သောက်သုံးမှီဝဲနေပြီး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာန (CDC) နဲ့ မစ်ဆူရီ ကျန်းမာရေးနဲ့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လူနာရဲ့ တုပ်ကွေးအမျိုးအစားဟာ ကြက်ငှက်တုပ်ကွေးလို့ လူသိများတဲ့ H5 အမျိုးအစား ဗိုင်းရပ်စ်ဖြစ်တယ်လို့ ကနဦး ယူဆထားပြီး ထပ်လောင်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ပြည်နယ်နဲ့ ပြည်ထောင်စုဓာတ်ခွဲခန်းတွေကို ပေးပို့ထားတယ်လို့ သိရပါတယ်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ဟာ လူသားမှာ ဖြစ်ပွားမှု ရှားပါးနေသေးပေမယ့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရတဲ့ လူသားအရေအတွက် တိုးပွားလာမှာကိုတော့ စိုးရိမ်မိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ "လူနာနဲ့ အနီးကပ် ထိတွေ့သူတွေကြား နောက်ထပ်ကူးစက်မှုမျိုး မတွေ့ရဘူး" လို့ စနေနေ့(စက်တင်ဘာ ၇ ရက်) က ပြောခဲ့ပါတယ်။
အမေရိကန်မှာ ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့ရှိတဲ့ လူနာအရေအတွက်ဟာ အခုလူနာနဲ့ဆိုရင် ၁၄ ယောက် မြောက်ရှိပြီဖြစ်ပြီး အခုလူနာကတော့ တိရစ္ဆာန်တွေနဲ့ထိတွေ့မှု မရှိဘဲ ပထမဆုံး ကူးစက်ခံရတဲ့ လူနာ ဖြစ်ခဲ့ပါ တယ်။
ကြက်ငှက်တုပ်ကွေးရောဂါဟာ ယခင်က တောရိုင်းငှက်တွေမှာ တွေ့ရများပေမယ့် နောက်ပိုင်း မွေးမြူရေး ကြက်များ၊ မွေးမြူရေး ကျွဲနွားများကိုပါ ကူးစက်လာခဲ့ပြီး အခုလူသားတွေကိုပါ ကူးစက်လာနိုင်တာတွေ့ရပါတယ်။

Zawgyi Version;
တိရစာၦန္နဲ႔ ထိေတြ႕ျခင္းမရွိတဲ့ ပထမဆုံး ၾကက္ငွက္တုပ္ေကြးကူးစက္လူနာ အေမရိကန္မွာ ေတြ႕ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၉

အေမရိကန္ႏိုင္ငံ၊ မစ္ဇူရီျပည္နယ္မွာ တိရစာၦန္ေတြနဲ႔ ထိေတြ႕ျခင္းမရွိတဲ့ ၾကက္ငွက္တုပ္ေကြး ကူးစက္လူနာကို ပထမဆုံး ေတြ႕ရွိလာရတယ္လို႔ အာဏာပိုင္ေတြက ေသာၾကာေန႔ (စက္တင္ဘာ ၆ ရက္)မွာ ေျပာၾကားပါတယ္။

အဆိုပါအမ်ိဳးသားဟာ က်န္းမာေရး ေရာဂါအခံေတာ့ ရွိတဲ့သူျဖစ္ၿပီး ၾသဂုတ္လ ၂၂ ရက္က ေဆး႐ုံတက္ခဲ့ရတာ ျဖစ္ပါတယ္။ လက္ရွိေတာ့ တုပ္ေကြးအတြက္ ေဆးဝါးေတြ ေသာက္သုံးမွီဝဲေနၿပီး က်န္းမာေရးအေျခအေန ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ကာ ေဆး႐ုံမွ ဆင္းခြင့္ရရွိခဲ့ၿပီျဖစ္တယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရး ဗဟိုဌာန (CDC) နဲ႔ မစ္ဆူရီ က်န္းမာေရးနဲ႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။ လူနာရဲ႕ တုပ္ေကြးအမ်ိဳးအစားဟာ ၾကက္ငွက္တုပ္ေကြးလို႔ လူသိမ်ားတဲ့ H5 အမ်ိဳးအစား ဗိုင္းရပ္စ္ျဖစ္တယ္လို႔ ကနဦး ယူဆထားၿပီး ထပ္ေလာင္းစစ္ေဆးမႈေတြျပဳလုပ္ဖို႔ ျပည္နယ္နဲ႔ ျပည္ေထာင္စုဓာတ္ခြဲခန္းေတြကို ေပးပို႔ထားတယ္လို႔ သိရပါတယ္။

ၾကက္ငွက္တုပ္ေကြး ဗိုင္းရပ္စ္ဟာ လူသားမွာ ျဖစ္ပြားမႈ ရွားပါးေနေသးေပမယ့္ ၾကက္ငွက္တုပ္ေကြးေရာဂါ ကူးစက္ခံရတဲ့ လူသားအေရအတြက္ တိုးပြားလာမွာကိုေတာ့ စိုးရိမ္မိတယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကေတာ့ "လူနာနဲ႔ အနီးကပ္ ထိေတြ႕သူေတြၾကား ေနာက္ထပ္ကူးစက္မႈမ်ိဳး မေတြ႕ရဘူး" လို႔ စေနေန႔(စက္တင္ဘာ ၇ ရက္) က ေျပာခဲ့ပါတယ္။
အေမရိကန္မွာ ၾကက္ငွက္တုပ္ေကြးေရာဂါပိုးေတြ႕ရွိတဲ့ လူနာအေရအတြက္ဟာ အခုလူနာနဲ႔ဆိုရင္ ၁၄ ေယာက္ ေျမာက္ရွိၿပီျဖစ္ၿပီး အခုလူနာကေတာ့ တိရစာၦန္ေတြနဲ႔ထိေတြ႕မႈ မရွိဘဲ ပထမဆုံး ကူးစက္ခံရတဲ့ လူနာ ျဖစ္ခဲ့ပါ တယ္။
ၾကက္ငွက္တုပ္ေကြးေရာဂါဟာ ယခင္က ေတာ႐ိုင္းငွက္ေတြမွာ ေတြ႕ရမ်ားေပမယ့္ ေနာက္ပိုင္း ေမြးျမဴေရး ၾကက္မ်ား၊ ေမြးျမဴေရး ကြၽဲႏြားမ်ားကိုပါ ကူးစက္လာခဲ့ၿပီး အခုလူသားေတြကိုပါ ကူးစက္လာႏိုင္တာေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.