ကာမာလာဟာရစ်ကို ပူတင် ဘာကြောင့်ထောက်ခံသလဲဆိုတာ မသိကြောင်း ဒေါ်နယ်ထရမ့် ပြော

 993

ဂျန်ဇက် (NP News) - စက်တင်ဘာ ၉

အမေရိကန် သမ္မတလောင်းတစ်ဦးဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကရုရှားသမ္မတပူတင်ဟာ ၎င်းရဲ့ပြိုင်ဘက်ဖြစ်သူ ကာမာလာဟာရစ်ကို ဘာကြောင့်အားပေးထောက်ခံတယ်ဆိုတဲ့အချက်ကို အတိအကျမသိကြောင်း ထုတ်ဖော်ပြော ဆိုလိုက်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုခဲ့ရာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကာမာလာဟာရစ်ကို အနိုင်ရစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် က ကာမာလာဟာရစ်ကို အားပေးထောက်ခံတယ်ဆိုတဲ့ သမ္မတပူတင်ရဲ့ပြောဆိုချက်တွေဟာ ၎င်းကို စော်ကား သလိုမျိုးဖြစ်စေခဲ့တယ်လို့ ခံစားရကြောင်း ပြောပါတယ်။

ရုရှားသမ္မတပူတင်က "အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် ရေပန်းအစားဆုံးဖြစ်နေရင်တောင် ကျွန်တော်ကတော့ ကာမာလာဟာရစ်ကိုပဲ ထောက်ခံတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ်တာဝန်ယူချိန်တုန်း က ရုရှားနိုင်ငံအပေါ် အရင် အမေရိကန်သမ္မတဟောင်းတွေထက်ပိုပြီး ပိတ်ဆို့မှုချမှတ်ခဲ့ဖူးတယ်။ ဟာရစ်သာ သမ္မတဖြစ်လာမယ်ဆိုရင် အဲဒီပိတ်ဆို့မှုချမှတ်တဲ့လုပ်ရပ်တွေ ဖြေလျော့လာနိုင်တယ်" လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ ပူတင်ကို ကောင်းကောင်းသိပါတယ်။ ပူတင်ဟာ ကာမာလာဟာရစ်ကို အားပေးထောက်ခံတယ်လို့ ပြောခဲ့တယ်။

အဲဒီပြောဆိုမှုတွေက ကျွန်တော်ကိုစော်ကားလိုက်သလိုမျိုးခံစားရတယ်။ ဘာကြောင့် ပူတင်ဟာ ကာမာလာဟာရစ် ကိုထောက်ခံတယ်လို့ ပြောဆိုတာကိုမသိဘူး။ ပူတင်ဟာ စစ်တုရင်ကစားသမားတစ်ဦးလိုဖြစ်တယ်။ သူဟာ ကာမာလာဟာရစ်နဲ့ စကားပြောမယ်ဆိုရင် ပြုံးရွှင်စွာပြောဆိုမယ်။ ဒါပေမယ့်အဲဒီအပြုံးတွေက လှောင်ပြောင်တဲ့အပြုံးမျိုးလည်းဖြစ်နိုင်တယ်" လို့ ပြောပါတယ်။

Zawgyi Version;
ကာမာလာဟာရစ္ကို ပူတင္ ဘာေၾကာင့္ေထာက္ခံသလဲဆိုတာ မသိေၾကာင္း ေဒၚနယ္ထရမ့္ ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၉

အေမရိကန္ သမၼတေလာင္းတစ္ဦးျဖစ္တဲ့ ေဒၚနယ္ထရမ့္က႐ုရွားသမၼတပူတင္ဟာ ၎ရဲ႕ၿပိဳင္ဘက္ျဖစ္သူ ကာမာလာဟာရစ္ကို ဘာေၾကာင့္အားေပးေထာက္ခံတယ္ဆိုတဲ့အခ်က္ကို အတိအက်မသိေၾကာင္း ထုတ္ေဖာ္ေျပာ ဆိုလိုက္ပါတယ္။

႐ုရွားသမၼတပူတင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးထုတ္ေဖာ္ေျပာဆိုခဲ့ရာ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း ကာမာလာဟာရစ္ကို အႏိုင္ရေစလိုေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ က ကာမာလာဟာရစ္ကို အားေပးေထာက္ခံတယ္ဆိုတဲ့ သမၼတပူတင္ရဲ႕ေျပာဆိုခ်က္ေတြဟာ ၎ကို ေစာ္ကား သလိုမ်ိဳးျဖစ္ေစခဲ့တယ္လို႔ ခံစားရေၾကာင္း ေျပာပါတယ္။

႐ုရွားသမၼတပူတင္က "အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ ေရပန္းအစားဆုံးျဖစ္ေနရင္ေတာင္ ကြၽန္ေတာ္ကေတာ့ ကာမာလာဟာရစ္ကိုပဲ ေထာက္ခံတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္တုန္း က ႐ုရွားႏိုင္ငံအေပၚ အရင္ အေမရိကန္သမၼတေဟာင္းေတြထက္ပိုၿပီး ပိတ္ဆို႔မႈခ်မွတ္ခဲ့ဖူးတယ္။ ဟာရစ္သာ သမၼတျဖစ္လာမယ္ဆိုရင္ အဲဒီပိတ္ဆို႔မႈခ်မွတ္တဲ့လုပ္ရပ္ေတြ ေျဖေလ်ာ့လာႏိုင္တယ္" လို႔ ေျပာပါတယ္။ ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္ဟာ ပူတင္ကို ေကာင္းေကာင္းသိပါတယ္။ ပူတင္ဟာ ကာမာလာဟာရစ္ကို အားေပးေထာက္ခံတယ္လို႔ ေျပာခဲ့တယ္။

အဲဒီေျပာဆိုမႈေတြက ကြၽန္ေတာ္ကိုေစာ္ကားလိုက္သလိုမ်ိဳးခံစားရတယ္။ ဘာေၾကာင့္ ပူတင္ဟာ ကာမာလာဟာရစ္ ကိုေထာက္ခံတယ္လို႔ ေျပာဆိုတာကိုမသိဘူး။ ပူတင္ဟာ စစ္တုရင္ကစားသမားတစ္ဦးလိုျဖစ္တယ္။ သူဟာ ကာမာလာဟာရစ္နဲ႔ စကားေျပာမယ္ဆိုရင္ ၿပဳံး႐ႊင္စြာေျပာဆိုမယ္။ ဒါေပမယ့္အဲဒီအၿပဳံးေတြက ေလွာင္ေျပာင္တဲ့အၿပဳံးမ်ိဳးလည္းျဖစ္ႏိုင္တယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.