တရုတ်နဲ့ ရုရှားစစ်တပ်တို့ စက်တင်ဘာလအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်မယ်

 1305

ဂျန်ဇက် (NP News) - စက်တင်ဘာ ၉

တရုတ်အစိုးရက စက်တင်ဘာလအတွင်း ရုရှားနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့် ခန်းတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံနဲ့စစ်ပွဲဖြစ်နေပေမယ့် တရုတ်နိုင်ငံက ရုရှားနဲ့ ဆက်ဆံရေးအပြန်အလှန်ကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။ ရုရှားနဲ့တရုတ်စစ်တပ်တို့ ပူးပေါင်းလုပ်ဆောင်မယ့် စစ်ရေးလေ့ကျင့်ခန်းကို North-Joint 2024 လို့အမည်ပေးထားပြီး ရေတပ်နဲ့ လေတပ်တို့ ပူးတွဲလေ့ကျင့်မှာဖြစ်ပြီး ဂျပန်ပင်လယ်ပတ်ဝန်းကျင်၊ ရုရှားကမ်းရိုးတန်း အလွန်ဝန်းကျင်တွေမှာ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။

တရုတ်စစ်တပ်က "ဒီစစ်ရေးလေ့ကျင့်ခန်းဟာ တရုတ်နဲ့ ရုရှားစစ်တပ်ကြား မဟာဗျူဟာမြောက် ပူးပေါင်းမှုတွေ ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်။ လုံခြုံရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်အောင် ရည်ရွယ်တာမျိုးဖြစ်တယ်"လို့ ပြောပါတယ်။ နှစ်နိုင်ငံစလုံးဟာ စစ်ရေးလေ့ကျင့်ခန်းမှာပါဝင်ဖို့ ရေတပ်သင်္ဘောတွေစေလွှတ်မှာဖြစ်ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံက ဦးဆောင်မယ့် Ocean-2024 အမည်ရှိမဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်ခန်းကိုလည်း ပါဝင်မှာဖြစ်ကြောင်း တရုတ်စစ်တပ်ကပြောပါတယ်။

zawgyi version
တ႐ုတ္နဲ႔ ႐ုရွားစစ္တပ္တို႔ စက္တင္ဘာလအတြင္း ပူးတြဲစစ္ေရးေလ့က်င့္ခန္းေတြ လုပ္ေဆာင္မယ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၉

တ႐ုတ္အစိုးရက စက္တင္ဘာလအတြင္း ႐ုရွားႏိုင္ငံနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ ခန္းေတြ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားဟာ လက္ရွိအခ်ိန္မွာ ယူကရိန္းႏိုင္ငံနဲ႔စစ္ပြဲျဖစ္ေနေပမယ့္ တ႐ုတ္ႏိုင္ငံက ႐ုရွားနဲ႔ ဆက္ဆံေရးအျပန္အလွန္ေကာင္းမြန္ေစဖို႔ ရည္႐ြယ္ၿပီး ပူးတြဲစစ္ေရးေလ့က်င့္ခန္းေတြ လုပ္ေဆာင္မွာျဖစ္ပါတယ္။ ႐ုရွားနဲ႔တ႐ုတ္စစ္တပ္တို႔ ပူးေပါင္းလုပ္ေဆာင္မယ့္ စစ္ေရးေလ့က်င့္ခန္းကို North-Joint 2024 လို႔အမည္ေပးထားၿပီး ေရတပ္နဲ႔ ေလတပ္တို႔ ပူးတြဲေလ့က်င့္မွာျဖစ္ၿပီး ဂ်ပန္ပင္လယ္ပတ္ဝန္းက်င္၊ ႐ုရွားကမ္း႐ိုးတန္း အလြန္ဝန္းက်င္ေတြမွာ စစ္ေရးေလ့က်င့္ခန္းေတြ လုပ္ေဆာင္မွာျဖစ္ပါတယ္။

တ႐ုတ္စစ္တပ္က "ဒီစစ္ေရးေလ့က်င့္ခန္းဟာ တ႐ုတ္နဲ႔ ႐ုရွားစစ္တပ္ၾကား မဟာဗ်ဴဟာေျမာက္ ပူးေပါင္းမႈေတြ ပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္တာမ်ိဳးျဖစ္တယ္။ လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ႏိုင္ေအာင္ ရည္႐ြယ္တာမ်ိဳးျဖစ္တယ္"လို႔ ေျပာပါတယ္။ ႏွစ္ႏိုင္ငံစလုံးဟာ စစ္ေရးေလ့က်င့္ခန္းမွာပါဝင္ဖို႔ ေရတပ္သေဘၤာေတြေစလႊတ္မွာျဖစ္ေၾကာင္းသိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ႐ုရွားႏိုင္ငံက ဦးေဆာင္မယ့္ Ocean-2024 အမည္ရွိမဟာဗ်ဴဟာေျမာက္ စစ္ေရးေလ့က်င့္ခန္းကိုလည္း ပါဝင္မွာျဖစ္ေၾကာင္း တ႐ုတ္စစ္တပ္ကေျပာပါတယ္။

Related news

© 2021. All rights reserved.