အိန္ဒိယမှာ နိုင်ငံခြားမှ ပြန်လာသူ ခရီးသွားတစ်ဦးမှာ mpox ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိ

 896

ရောင်နီ (NP News) - စက်တင်ဘာ ၁ဝ

အိန္ဒိယနိုင်ငံမှာ နိုင်ငံခြားမှ ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ mpox ဗိုင်းရက်စ်ကူးစက်မှု သံသယရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

လူနာကို ဆေးရုံမှာ သီးခြားခွဲထားလျက်ရှိပြီး ကျန်းမာရေးအခြေအနေကတော့ လက်ရှိ တည်ငြိမ်နေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ လူနာဟာ mpox ဗိုင်းရပ်စ်မျိုးကွဲတွေထဲက ဘယ်အမျိုးအစား ကူးစက်ခံနေ ရတယ်ဆိုတာ မဖော်ပြနိုင်သေးပေမယ့် ရောဂါအမျိုးအစားကို အတည်ပြုဖို့ စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Mpox ဗိုင်းရပ်စ်ဟာ အနီးကပ် ထိတွေ့မှုတွေမှတဆင့်လည်း ကူးစက်နိုင်ပါတယ်။ များသောအားဖြင့် ရောဂါ လက္ခဏာဟာ အပျော့စားဖြစ်ပေမယ့် လူသေဆုံးနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ လက်ရှိ ကူးစက်လူနာနဲ့ အနီးကပ် ထိတွေ့သူတွေကိုလည်း ခြေရာခံနေတယ်လို့ ဝန်ကြီးဌာနက ပြောကြားပါတယ်။
ပြီးခဲ့တဲ့လက အာဖရိကတိုက်မှာ mpox အမျိုးအစား ဗိုင်းရပ်စ်ဗားရှင်းအသစ်ကူးစက်မှု ပြင်းပြင်းထန်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း များစွာ ရှိခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေကို စောင့်ကြည့်နေပါတယ်။

Zawgyi Version;
အိႏၵိယမွာ ႏိုင္ငံျခားမွ ျပန္လာသူ ခရီးသြားတစ္ဦးမွာ mpox ဗိုင္းရပ္စ္ကူးစက္မႈေတြ႕ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၁ဝ

အိႏၵိယႏိုင္ငံမွာ ႏိုင္ငံျခားမွ ျပန္လာတဲ့ အမ်ိဳးသားတစ္ဦးမွာ mpox ဗိုင္းရက္စ္ကူးစက္မႈ သံသယရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက စက္တင္ဘာ ၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

လူနာကို ေဆး႐ုံမွာ သီးျခားခြဲထားလ်က္ရွိၿပီး က်န္းမာေရးအေျခအေနကေတာ့ လက္ရွိ တည္ၿငိမ္ေနတယ္လို႔ ဝန္ႀကီးဌာနက ေျပာပါတယ္။ လူနာဟာ mpox ဗိုင္းရပ္စ္မ်ိဳးကြဲေတြထဲက ဘယ္အမ်ိဳးအစား ကူးစက္ခံေန ရတယ္ဆိုတာ မေဖာ္ျပႏိုင္ေသးေပမယ့္ ေရာဂါအမ်ိဳးအစားကို အတည္ျပဳဖို႔ စမ္းသပ္မႈေတြ ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။

Mpox ဗိုင္းရပ္စ္ဟာ အနီးကပ္ ထိေတြ႕မႈေတြမွတဆင့္လည္း ကူးစက္ႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ ေရာဂါ လကၡဏာဟာ အေပ်ာ့စားျဖစ္ေပမယ့္ လူေသဆုံးႏိုင္တဲ့အထိ ျပင္းထန္ႏိုင္ပါတယ္။ လက္ရွိ ကူးစက္လူနာနဲ႔ အနီးကပ္ ထိေတြ႕သူေတြကိုလည္း ေျခရာခံေနတယ္လို႔ ဝန္ႀကီးဌာနက ေျပာၾကားပါတယ္။
ၿပီးခဲ့တဲ့လက အာဖရိကတိုက္မွာ mpox အမ်ိဳးအစား ဗိုင္းရပ္စ္ဗားရွင္းအသစ္ကူးစက္မႈ ျပင္းျပင္းထန္ျဖစ္ပြားခဲ့ၿပီး လူေသဆုံးမႈေတြလည္း မ်ားစြာ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ျပည္သူ႔က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ ေၾကညာခဲ့ၿပီး ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈအေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။

Related news

© 2021. All rights reserved.