တာချီလိတ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မယ်ဆိုင်ချောင်းရေမြင့်တက်ခြင်းကြောင့် တစ်မြို့လုံးနီးပါးရေကြီးနေ

 690

သန့်ဇင်(NP News)-စက်တင်ဘာ ၁၀
မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မယ်ဆိုင်ချောင်းရေမြင့်တက်ခြင်းကြောင့် တစ်မြို့လုံးနီးပါး ရေကြီးနေကြောင်း မြို့ခံများထံမှ သိရသည်။

ယနေ့(စက်တင်ဘာလ ၁၀ရက်)နံနက်အစောပိုင်း စတင်ကာ ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က)(ခ)၊ မယ်ခေါင်၊ ဝိန်းကျောက်ရပ်ကွက်များတွင် ရေများဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုက မယ်ဆိုင်ချောင်းက ရေတက်လာပြီး တစ်မြို့လုံးရေကြီးနေတာ။ အဝိုင်းပတ်က တံတားဘက်မှာလည်း ရေဝင်ပြီး ရေကြီးနေ ပါတယ်။ လျှပ်စစ်မီးတွေလည်းပျက် နေတော့ Wifiတွေလည်း ပျက်နေတယ်။ အနိမ့်ပိုင်းက အိမ်တွေမှာလည်း ရေက အိမ်တွေတောင် မြုပ်နေတာ။ ကယ်ဆယ်ရေးတွေတော့ လုပ်နေကြ တယ်”ဟု တာချီလိတ်မြို့ခံ အမျိုးသမီးတစ်ဦးက NP Newsကိုပြောသည်။

ထို့ပြင် အနိမ့်ပိုင်းရပ်ကွက်အချို့ရှိ နေအိမ်များမှာလည်း ရေနစ်မြုပ်၍ ပိတ်မိနေသူများရှိကာ ဒေသခံလူမှုကူညီရေးအသင်း များနှင့် အခြားအသင်းအဖွဲ့များက ပူးပေါင်းကယ်ဆယ်ရေးများလုပ်ဆောင်နေလျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် အောင်မြတ်ခန်းမ၊ ခရိုင်အားကစားရုံခန်းမ၊ ပုန်းထွန်သီရိရတနာဂူဟာဘုန်းကြီး ကျောင်းတို့တွင် ရေဘေးကယ်ဆယ် ရေးစခန်း များဖွင့်လှစ်ကာ ကယ်ဆယ်လျက်ရှိကြောင်း သိရသည်။

“တချို့အိမ်တွေဆိုရင် အကုန်လုံးမြုပ်ကုန်တာ။ အဲဒီဘက်မှာလည် ပိတ်မိနေတဲ့လူတွေရှိတယ်။ ထိခိုက်မိတဲ့လူတွေလည်းရှိတယ်လို့ ကြားမိတယ်။ အခုကတော့ သွားလို့က ဘယ်လိုမှမရတော့ဘူး။ တစ်မြို့လုံးရေတွေဝင်နေကြတာ”ဟု ၎င်းကဆက်ပြောသည်။

တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်း၏ စိုးရိမ်ရေမှတ်မှာ (၃၉၀)စင်တီမီတာဖြစ်ပြီး လက်ရှိတွင် စိုးရိမ်ရေအမှတ်ထက် (၅)ပေခန့် ကျော်လွန် ရောက်ရှိနေသောကြောင့် မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား ချဉ်းကပ်လမ်းအပါအဝင် ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများရှိနေကြောင်း သိရသည်။

အလားတူ ရှမ်းပြည်မြောက်ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နှင့် မိုင်းပေါက်မြို့များအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွှေညောင်မြို့၊ ကလောမြို့တို့တွင်လည်း မိုးသည်းထန်စွာရွာ သွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Zawgyi version
တာခ်ီလိတ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ မယ္ဆိုင္ေခ်ာင္းေရျမင့္တက္ျခင္းေၾကာင့္ တစ္ၿမိဳ႕လုံးနီးပါးေရႀကီးေန
သန႔္ဇင္(NP News)-စက္တင္ဘာ ၁၀
ျမန္မာ-ထိုင္းနယ္စပ္ရွိ တာခ်ီလိတ္ၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ မယ္ဆိုင္ေခ်ာင္းေရျမင့္တက္ျခင္းေၾကာင့္ တစ္ၿမိဳ႕လုံးနီးပါး ေရႀကီးေနေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။

ယေန႔(စက္တင္ဘာလ ၁၀ရက္)နံနက္အေစာပိုင္း စတင္ကာ ပုန္းထြန္၊ တာေလာ့၊ ဝမ္ေကာင္း၊ မကာဟိုခမ္း၊ ဆန္ဆိုင္း (က)(ခ)၊ မယ္ေခါင္၊ ဝိန္းေက်ာက္ရပ္ကြက္မ်ားတြင္ ေရမ်ားဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုက မယ္ဆိုင္ေခ်ာင္းက ေရတက္လာၿပီး တစ္ၿမိဳ႕လုံးေရႀကီးေနတာ။ အဝိုင္းပတ္က တံတားဘက္မွာလည္း ေရဝင္ၿပီး ေရႀကီးေန ပါတယ္။ လွ်ပ္စစ္မီးေတြလည္းပ်က္ ေနေတာ့ Wifiေတြလည္း ပ်က္ေနတယ္။ အနိမ့္ပိုင္းက အိမ္ေတြမွာလည္း ေရက အိမ္ေတြေတာင္ ျမဳပ္ေနတာ။ ကယ္ဆယ္ေရးေတြေတာ့ လုပ္ေနၾက တယ္”ဟု တာခ်ီလိတ္ၿမိဳ႕ခံ အမ်ိဳးသမီးတစ္ဦးက NP Newsကိုေျပာသည္။

ထို႔ျပင္ အနိမ့္ပိုင္းရပ္ကြက္အခ်ိဳ႕ရွိ ေနအိမ္မ်ားမွာလည္း ေရနစ္ျမဳပ္၍ ပိတ္မိေနသူမ်ားရွိကာ ေဒသခံလူမႈကူညီေရးအသင္း မ်ားႏွင့္ အျခားအသင္းအဖြဲ႕မ်ားက ပူးေပါင္းကယ္ဆယ္ေရးမ်ားလုပ္ေဆာင္ေနလ်က္ရွိၿပီး ေရေဘးကယ္ဆယ္ေရးစခန္းမ်ားျဖစ္သည့္ ေအာင္ျမတ္ခန္းမ၊ ခ႐ိုင္အားကစား႐ုံခန္းမ၊ ပုန္းထြန္သီရိရတနာဂူဟာဘုန္းႀကီး ေက်ာင္းတို႔တြင္ ေရေဘးကယ္ဆယ္ ေရးစခန္း မ်ားဖြင့္လွစ္ကာ ကယ္ဆယ္လ်က္ရွိေၾကာင္း သိရသည္။

“တခ်ိဳ႕အိမ္ေတြဆိုရင္ အကုန္လုံးျမဳပ္ကုန္တာ။ အဲဒီဘက္မွာလည္ ပိတ္မိေနတဲ့လူေတြရွိတယ္။ ထိခိုက္မိတဲ့လူေတြလည္းရွိတယ္လို႔ ၾကားမိတယ္။ အခုကေတာ့ သြားလို႔က ဘယ္လိုမွမရေတာ့ဘူး။ တစ္ၿမိဳ႕လုံးေရေတြဝင္ေနၾကတာ”ဟု ၎ကဆက္ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မယ္ဆိုင္ေခ်ာင္း၏ စိုးရိမ္ေရမွတ္မွာ (၃၉၀)စင္တီမီတာျဖစ္ၿပီး လက္ရွိတြင္ စိုးရိမ္ေရအမွတ္ထက္ (၅)ေပခန႔္ ေက်ာ္လြန္ ေရာက္ရွိေနေသာေၾကာင့္ ျမန္မာ-ထိုင္း အမွတ္(၁)ခ်စ္ၾကည္ေရးတံတား ခ်ဥ္းကပ္လမ္းအပါအဝင္ ရပ္ကြက္မ်ားအတြင္း ေရဝင္ေရာက္မႈမ်ားရွိေနေၾကာင္း သိရသည္။

အလားတူ ရွမ္းျပည္ေျမာက္ပိုင္း၊ “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပန္ဆန္းၿမိဳ႕ႏွင့္ မိုင္းေပါက္ၿမိဳ႕မ်ားအပါအဝင္ ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ေ႐ႊေညာင္ၿမိဳ႕၊ ကေလာၿမိဳ႕တို႔တြင္လည္း မိုးသည္းထန္စြာ႐ြာ သြန္းျခင္းေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.