ရုရှားနိုင်ငံမှာ လမ်းလျှောက်မရအောင် အဝလွန်နေတဲ့ ကြောင်းတစ်ကောင်ကို တိရစ္ဆာန်ကယ်ဆယ်ရေးသမားတွေ ကယ်ဆယ်ထားရ

 3998

ရောင်နီ (NP News) - စက်တင်ဘာ ၁၁

ရုရှားနိုင်ငံ၊ ဆေးရုံတစ်ခုရဲ့ မြေအောက်ခန်းမှာ ကြောင်တစ်ကောင်ဟာ အလေးချိန် ၁၇ ကီလိုဂရမ်နဲ့ လမ်းလျှောက်မရအောင် အဝလွန်နေခြင်းကြောင့် တိရစ္ဆာန်ကယ်ဆယ်ရေးသမားတွေက တွေ့ရှိကယ်ဆယ်လိုက်တယ်လို့ သိရပါတယ်။

ကြောင်လေးရဲ့နာမည်ကိုတော့ ခရော့ရှစ်လို့ အမည်ပေးထားပါတယ်။ လိမ္မော်ရောင်ကြောင်လေး ခရော့ရှစ်ဟာ အသက် လေးနှစ်အရွယ်ခန့် ရှိပြီဖြစ်ပြီး ပျမ်းမျှအလေးချိန် (၁၇)ကီလိုဂရမ်ထိ ရှိပါတယ်။ စွန့်ပစ်ခံထားရတဲ့ ကြောင်လို့ယူဆရပြီး ယူရယ်တောင်အနီး၊ ပန်မြို့ရှိ ဆေးရုံမြေအောက်ခန်းကို တစ်နည်းတစ်ဖုံနဲ့ ရောက်ရှိလာခြင်းဖြစ်မယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ သူ့ကို ဆေးရုံက ဝန်ထမ်းတွေက ဘီစကွတ်နဲ့ မုန့်တွေ ကျွေးကာ စောင့်ရှောက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ခရော့ရှစ်ဟာ ကာတွန်းဇာတ်ကောင် ဂါဖီးနဲ့အလွန်ဆင်တူပြီး အဝလွန်နေခြင်းကြောင့် အာထရာဆောင်း ရိုက်ကူးတာမျိုးတောင် လုပ်လို့မရပါဘူး။ ဒါကြောင့် ကြောင်လေးခရော့ရှစ်ဟာ ကိုယ်အလေးချိန် လျော့ကျစေဖို့အတွက် သတ်မှတ်ထားတဲ့ အစားအသောက် ပမာဏကိုသာ စားသုံးနေပြီး ပြေးစက်နဲ့လည်း လေ့ကျင့်ခန်းလုပ်နေတယ်လို့ သိရပါတယ်။ ပုံမှန်ကြောင်တစ်ကောင်မှာရှိသင့်တဲ့ အလေးချိန် ၄ ဒသမ ၅ ကီလိုဂရမ်ကို ရောက်ဖို့ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန် (၇၀)ရာခိုင်နှုန်းခန့်ကို လျှော့ချဖို့ လိုအပ်နေတယ်လို့ ကယ်ဆယ်သူတွေက ဆိုပါတယ်။

တိရစ္ဆာန်တွေကို အစာအငတ်ထားတာဟာ ပြစ်ဒဏ်သင့်သလို အစာတနင့်တပိုးကျွေးခြင်းဟာလည်း ပြစ်မှုတစ်ခုဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လကလည်း နယူးဇီလန်ရှိ တရားရုံးတစ်ရုံးမှ အမျိုးသမီး တစ်ဦးဟာ ၎င်းရဲ့ အိမ်မွေးခွေးကို အစာအလွန်အကျွံ ကျွေးခြင်းအတွက် ထောင်ဒဏ် နှစ်လ ချမှတ်ခံခဲ့ရပါတယ်။

zawgyi version
႐ုရွားႏိုင္ငံမွာ လမ္းေလွ်ာက္မရေအာင္ အဝလြန္ေနတဲ့ ေၾကာင္းတစ္ေကာင္ကို တိရစာၦန္ကယ္ဆယ္ေရးသမားေတြ ကယ္ဆယ္ထားရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၁

႐ုရွားႏိုင္ငံ၊ ေဆး႐ုံတစ္ခုရဲ႕ ေျမေအာက္ခန္းမွာ ေၾကာင္တစ္ေကာင္ဟာ အေလးခ်ိန္ ၁၇ ကီလိုဂရမ္နဲ႔ လမ္းေလွ်ာက္မရေအာင္ အဝလြန္ေနျခင္းေၾကာင့္ တိရစာၦန္ကယ္ဆယ္ေရးသမားေတြက ေတြ႕ရွိကယ္ဆယ္လိုက္တယ္လို႔ သိရပါတယ္။

ေၾကာင္ေလးရဲ႕နာမည္ကိုေတာ့ ခေရာ့ရွစ္လို႔ အမည္ေပးထားပါတယ္။ လိေမၼာ္ေရာင္ေၾကာင္ေလး ခေရာ့ရွစ္ဟာ အသက္ ေလးႏွစ္အ႐ြယ္ခန႔္ ရွိၿပီျဖစ္ၿပီး ပ်မ္းမွ်အေလးခ်ိန္ (၁၇)ကီလိုဂရမ္ထိ ရွိပါတယ္။ စြန႔္ပစ္ခံထားရတဲ့ ေၾကာင္လို႔ယူဆရၿပီး ယူရယ္ေတာင္အနီး၊ ပန္ၿမိဳ႕ရွိ ေဆး႐ုံေျမေအာက္ခန္းကို တစ္နည္းတစ္ဖုံနဲ႔ ေရာက္ရွိလာျခင္းျဖစ္မယ္လို႔ ကယ္ဆယ္ေရးသမားေတြက ေျပာပါတယ္။ သူ႔ကို ေဆး႐ုံက ဝန္ထမ္းေတြက ဘီစကြတ္နဲ႔ မုန႔္ေတြ ေကြၽးကာ ေစာင့္ေရွာက္ခဲ့ၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။

ခေရာ့ရွစ္ဟာ ကာတြန္းဇာတ္ေကာင္ ဂါဖီးနဲ႔အလြန္ဆင္တူၿပီး အဝလြန္ေနျခင္းေၾကာင့္ အာထရာေဆာင္း ႐ိုက္ကူးတာမ်ိဳးေတာင္ လုပ္လို႔မရပါဘူး။ ဒါေၾကာင့္ ေၾကာင္ေလးခေရာ့ရွစ္ဟာ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစဖို႔အတြက္ သတ္မွတ္ထားတဲ့ အစားအေသာက္ ပမာဏကိုသာ စားသုံးေနၿပီး ေျပးစက္နဲ႔လည္း ေလ့က်င့္ခန္းလုပ္ေနတယ္လို႔ သိရပါတယ္။ ပုံမွန္ေၾကာင္တစ္ေကာင္မွာရွိသင့္တဲ့ အေလးခ်ိန္ ၄ ဒသမ ၅ ကီလိုဂရမ္ကို ေရာက္ဖို႔ သူ႔ရဲ႕ခႏၶာကိုယ္အေလးခ်ိန္ (၇၀)ရာခိုင္ႏႈန္းခန႔္ကို ေလွ်ာ့ခ်ဖို႔ လိုအပ္ေနတယ္လို႔ ကယ္ဆယ္သူေတြက ဆိုပါတယ္။

တိရစာၦန္ေတြကို အစာအငတ္ထားတာဟာ ျပစ္ဒဏ္သင့္သလို အစာတနင့္တပိုးေကြၽးျခင္းဟာလည္း ျပစ္မႈတစ္ခုျဖစ္ပါတယ္။ ၂၀၂၄ ခုႏွစ္ ဇူလိုင္လကလည္း နယူးဇီလန္ရွိ တရား႐ုံးတစ္႐ုံးမွ အမ်ိဳးသမီး တစ္ဦးဟာ ၎ရဲ႕ အိမ္ေမြးေခြးကို အစာအလြန္အကြၽံ ေကြၽးျခင္းအတြက္ ေထာင္ဒဏ္ ႏွစ္လ ခ်မွတ္ခံခဲ့ရပါတယ္။

Related news

© 2021. All rights reserved.