အရှေ့အလယ်ပိုင်းဒေသရေပြင်ကို အမေရိကန်ရဲ့နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရောက်ရှိနေ

 606

Pika (NP News) - စက်တင်ဘာ ၁၁

လက်ရှိအချိန်မှာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော USS Georgia ဟာ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်(CENTCOM) စစ်ဆင်ရေးနယ်ပယ်မှာရှိနေတယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိတွေက စက်တင်ဘာလ (၁၀)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

မကြာသေးမီ သီတင်းပတ်တွေအတွင်း အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်ရဲ့စစ်ဘက်ဆိုင်ရာပစ္စည်းအများအပြား ရောက်ရှိလာခဲ့တယ်လို့လည်း အမေရိကန်ကာကွယ်ရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။ အမေရိကန်ဗိုလ်ချုပ်ကြီး ပတ်ရိုက်ဒါက "နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော USS Georgia ကို အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်(CENTCOM)ကို လွှဲပြောင်းလိုက်ပါပြီ"လို့ ပြောဆိုခဲ့ပါတယ်။

ဟားမတ်လက်နက်ကိုင်အဖွဲ့နဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ရဲ့ အကြီးတန်းအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းမှာ အီရန်နဲ့၎င်းရဲ့မိတ်ဖက်တွေရဲ့ အလားအလာရှိတဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေတာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားတဲ့ရေငုပ်သင်္ဘောကို ဖြန့်ကျက်ချထားဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က ပြီးခဲ့တဲ့ဩဂုတ်လမှာ အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောဟာ ပြီးခဲ့တဲ့သီတင်းပတ်(၂)ပတ်ကျော်က အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း USS Theodore Roosevelt လေယာဉ်တင်သင်္ဘောဟာ အမေရိကန်ကို ပြန်လာဖို့ အစီအစဉ်ဆွဲထားပေမယ့်လည်း လွိုက်အော်စတင်က အရှေ့အလယ်ပိုင်းဒေသမှာ ၎င်းရဲ့တည်ရှိမှုကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
အေရွ႕အလယ္ပိုင္းေဒသေရျပင္ကို အေမရိကန္ရဲ႕န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာေရာက္ရွိေန
Pika (NP News) - စက္တင္ဘာ ၁၁

လက္ရွိအခ်ိန္မွာ န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာ USS Georgia ဟာ အေမရိကန္အလယ္ပိုင္းစစ္ဌာနခ်ဳပ္(CENTCOM) စစ္ဆင္ေရးနယ္ပယ္မွာရွိေနတယ္လို႔ အေမရိကန္ကာကြယ္ေရးအရာရွိေတြက စက္တင္ဘာလ (၁၀)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

မၾကာေသးမီ သီတင္းပတ္ေတြအတြင္း အေရွ႕အလယ္ပိုင္းေဒသကို အေမရိကန္ရဲ႕စစ္ဘက္ဆိုင္ရာပစၥည္းအမ်ားအျပား ေရာက္ရွိလာခဲ့တယ္လို႔လည္း အေမရိကန္ကာကြယ္ေရးအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ဗိုလ္ခ်ဳပ္ႀကီး ပတ္႐ိုက္ဒါက "န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာ USS Georgia ကို အေမရိကန္အလယ္ပိုင္းစစ္ဌာနခ်ဳပ္(CENTCOM)ကို လႊဲေျပာင္းလိုက္ပါၿပီ"လို႔ ေျပာဆိုခဲ့ပါတယ္။

ဟားမတ္လက္နက္ကိုင္အဖြဲ႕နဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ရဲ႕ အႀကီးတန္းအဖြဲ႕ဝင္ေတြ သတ္ျဖတ္ခံရတာကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ေဒသတြင္းမွာ အီရန္နဲ႔၎ရဲ႕မိတ္ဖက္ေတြရဲ႕ အလားအလာရွိတဲ့တိုက္ခိုက္မႈေတြကို ရင္ဆိုင္ရႏိုင္ဖြယ္ရွိေနတာေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသမွာ ပဲ့ထိန္းဒုံးက်ည္တပ္ဆင္ထားတဲ့ေရငုပ္သေဘၤာကို ျဖန႔္က်က္ခ်ထားဖို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးလြိဳက္ေအာ္စတင္က ၿပီးခဲ့တဲ့ဩဂုတ္လမွာ အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕ USS Abraham Lincoln ေလယာဥ္တင္သေဘၤာဟာ ၿပီးခဲ့တဲ့သီတင္းပတ္(၂)ပတ္ေက်ာ္က အေရွ႕အလယ္ပိုင္းေဒသကို ေရာက္ရွိလာခဲ့တယ္လို႔လည္း သိရပါတယ္။ လာမယ့္ရက္ပိုင္းအတြင္း USS Theodore Roosevelt ေလယာဥ္တင္သေဘၤာဟာ အေမရိကန္ကို ျပန္လာဖို႔ အစီအစဥ္ဆြဲထားေပမယ့္လည္း လြိဳက္ေအာ္စတင္က အေရွ႕အလယ္ပိုင္းေဒသမွာ ၎ရဲ႕တည္ရွိမႈကို ဆက္လက္ထိန္းသိမ္းထားဖို႔အတြက္ အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.