မိုးသည်းထန်ပြီး ရထားလမ်းများရေလျှံနေခြင်းကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များရပ်ဆိုင်း

 2076

NP News - စက်တင်ဘာ ၁၁

မိုးသည်းထန်ပြီး ရထားလမ်းများ ရေကြီးရေလျှံနေခြင်းကြောင့် စက်တင်ဘာ ၁၁ ရက်နေမှစတင်ကာ ရန်ကုန် - မန္တလေးရထားခရီးစဉ် ပြေးဆွဲခြင်း ရပ်တန့်လိုက်ကြောင်း မြန်မာ့မီးရထားမှသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရထားသံဘောင်များ ရေတိုက်စားခံရကာ ရထားပြေးဆွဲခြင်းကို ရပ်နားလိုက် ခြင်းဖြစ်သည်။

"ရေတွေစီးနေလို့ လူစီးရော ၊ ကုန်တင်ရော ရထားထွက်တာအကုန်ရပ်ထားတာပါ။ နောက်ရက်အတွက်တော့ မသိသေးပါဘူး။ ဒီနေ့ကစရပ်လိုက်တာပါ။ ဒီပုံစံအတိုင်းဆိုမလွယ်ဘူး။ မိုးကခုထိရွာတုန်း တအားရွာနေတာ"ဟု သာစည်ဘူတာ၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေး ရထားသံလမ်းပေါ်ရှိ တံတားတစ်စင်းအား ထိန်းကွပ်ထားသည့် သံဘောင်မှာ ရေတိုက်စားခံရပြီးပြုတ်ထွက်သွားသည့်အတွက် ရထားများ ပြေးဆွဲခြင်း ယာယီရပ်နားလိုက်ခြင်းဖြစ်သည်။ ရထားခရီးစဥ်များ ရပ် နားလိုက်သည့်အတွက် လက်မှတ်ကြိုဝယ်ထားသူခရီးသည်များကို လတ်တ လော မည်သို့ဆောင်ရွက်ရမည်ကို အစည်းအဝေး ပြုလုပ်နေကြာင်း ရန်ကုန်ဘူတာကြီးမှ အကြီးတန်းတာဝန်ခံတစ်ဦးထံမှ သိရသည်။

ယခင်လအတွင်းက ရေကြီး၊ရေလျှံမှုဖြစ်စဥ်တွင် ရထားလမ်းများ ပိတ်ခဲ့ရချိန်တွင် ကြိုတင်ဝယ်ထားသည့် လက်မှတ်များအတွက် ငွေပြန်အမ်းပေးခဲ့ကြောင်းသိရသည်။

zawgyi version
မိုးသည္းထန္ၿပီး ရထားလမ္းမ်ားေရလွ်ံေနျခင္းေၾကာင့္ ရန္ကုန္-မႏၲေလး ရထားခရီးစဥ္မ်ားရပ္ဆိုင္း
NP News - စက္တင္ဘာ ၁၁

မိုးသည္းထန္ၿပီး ရထားလမ္းမ်ား ေရႀကီးေရလွ်ံေနျခင္းေၾကာင့္ စက္တင္ဘာ ၁၁ ရက္ေနမွစတင္ကာ ရန္ကုန္ - မႏၲေလးရထားခရီးစဥ္ ေျပးဆြဲျခင္း ရပ္တန႔္လိုက္ေၾကာင္း ျမန္မာ့မီးရထားမွသိရသည္။

မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ရထားသံေဘာင္မ်ား ေရတိုက္စားခံရကာ ရထားေျပးဆြဲျခင္းကို ရပ္နားလိုက္ ျခင္းျဖစ္သည္။

"ေရေတြစီးေနလို႔ လူစီးေရာ ၊ ကုန္တင္ေရာ ရထားထြက္တာအကုန္ရပ္ထားတာပါ။ ေနာက္ရက္အတြက္ေတာ့ မသိေသးပါဘူး။ ဒီေန႔ကစရပ္လိုက္တာပါ။ ဒီပုံစံအတိုင္းဆိုမလြယ္ဘူး။ မိုးကခုထိ႐ြာတုန္း တအား႐ြာေနတာ"ဟု သာစည္ဘူတာ၊ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ရန္ကုန္-မႏၲေလး ရထားသံလမ္းေပၚရွိ တံတားတစ္စင္းအား ထိန္းကြပ္ထားသည့္ သံေဘာင္မွာ ေရတိုက္စားခံရၿပီးျပဳတ္ထြက္သြားသည့္အတြက္ ရထားမ်ား ေျပးဆြဲျခင္း ယာယီရပ္နားလိုက္ျခင္းျဖစ္သည္။ ရထားခရီးစဥ္မ်ား ရပ္ နားလိုက္သည့္အတြက္ လက္မွတ္ႀကိဳဝယ္ထားသူခရီးသည္မ်ားကို လတ္တ ေလာ မည္သို႔ေဆာင္႐ြက္ရမည္ကို အစည္းအေဝး ျပဳလုပ္ေနၾကာင္း ရန္ကုန္ဘူတာႀကီးမွ အႀကီးတန္းတာဝန္ခံတစ္ဦးထံမွ သိရသည္။

ယခင္လအတြင္းက ေရႀကီး၊ေရလွ်ံမႈျဖစ္စဥ္တြင္ ရထားလမ္းမ်ား ပိတ္ခဲ့ရခ်ိန္တြင္ ႀကိဳတင္ဝယ္ထားသည့္ လက္မွတ္မ်ားအတြက္ ေငြျပန္အမ္းေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.