မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်

 302

Pika (NP News) - စက်တင်ဘာ ၁၂

စက်တင်ဘာလ(၁၂)ရက်မှာ မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို ကိုရီးယား ကျွန်းဆွယ်အရှေ့ဘက်ရေပြင်ထဲကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

အဲဒီစမ်းသပ်ပစ်လွှတ်မှုတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လ အစောပိုင်းနောက်ပိုင်းတည်းက မြောက်ကိုရီးယားရဲ့ပထမဆုံး အကြိမ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုနှစ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့အစိုးရဟာ ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ လည်း သိရပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို စစ်လက်နက်ပစ္စည်းတွေ တရားမဝင်ထောက်ပံ့ပေးတာနဲ့ ဆက်နွယ်နေနိုင်ဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးတာမျိုးတွေမရှိဘူးလို့ မြောက်ကိုရီးယားအစိုးရက ပြန်လည်တုံ့ပြန်ပြောဆိုထားပါတယ်။

စက်တင်ဘာလ(၁၂)ရက် အစောပိုင်းမှာ မြောက်ကိုရီးယားက နိုင်ငံအရှေ့ဘက်ရေပြင်ထဲကို တာတိုပစ်ပဲ့ထိန်း ဒုံးကျည်တွေအများအပြား စမ်းသပ်ပစ်လွှတ်ခဲ့တာကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး (JCS) က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေဟာ အကွာအဝေး(၃၆၀)ကီလိုမီတာလောက်အထိ ပျံသန်းခဲ့ပြီး နောက် ပင်လယ်ထဲကိုကျသွားခဲ့တယ်လို့ JCS က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး အမေရိကန်၊ ဂျပန်တို့နဲ့အတူ သတင်းအချက်အလက်မျှဝေမှုတွေကို လုပ်ဆောင်ခဲ့တယ် လို့လည်း JCS က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်နေတဲ့ပြတ်သားတဲ့ ရန်စမှုတစ်ခုဖြစ်တယ်လို့လည်း JCS က ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို စမ္းသပ္ပစ္လႊတ္
Pika (NP News) - စက္တင္ဘာ ၁၂

စက္တင္ဘာလ(၁၂)ရက္မွာ ေျမာက္ကိုရီးယားဟာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို ကိုရီးယား ကြၽန္းဆြယ္အေရွ႕ဘက္ေရျပင္ထဲကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။

အဲဒီစမ္းသပ္ပစ္လႊတ္မႈေတြဟာ ၿပီးခဲ့တဲ့ဇူလိုင္လ အေစာပိုင္းေနာက္ပိုင္းတည္းက ေျမာက္ကိုရီးယားရဲ႕ပထမဆုံး အႀကိမ္ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈျဖစ္တယ္လို႔လည္း သိရပါတယ္။ ယခုႏွစ္အတြင္း ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္းရဲ႕အစိုးရဟာ ဒါဇင္နဲ႔ခ်ီတဲ့ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ လည္း သိရပါတယ္။

ဒါ့ျပင္ ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြဟာ ယူကရိန္းစစ္ပြဲမွာ အသုံးျပဳဖို႔အတြက္ ႐ုရွားကို စစ္လက္နက္ပစၥည္းေတြ တရားမဝင္ေထာက္ပံ့ေပးတာနဲ႔ ဆက္ႏြယ္ေနႏိုင္ဖြယ္ရွိေနတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ယူကရိန္းစစ္ပြဲမွာ အသုံးျပဳဖို႔အတြက္ ႐ုရွားကို စစ္လက္နက္ပစၥည္း ေထာက္ပံ့ေပးတာမ်ိဳးေတြမရွိဘူးလို႔ ေျမာက္ကိုရီးယားအစိုးရက ျပန္လည္တုံ႔ျပန္ေျပာဆိုထားပါတယ္။

စက္တင္ဘာလ(၁၂)ရက္ အေစာပိုင္းမွာ ေျမာက္ကိုရီးယားက ႏိုင္ငံအေရွ႕ဘက္ေရျပင္ထဲကို တာတိုပစ္ပဲ့ထိန္း ဒုံးက်ည္ေတြအမ်ားအျပား စမ္းသပ္ပစ္လႊတ္ခဲ့တာကို ေျခရာခံေတြ႕ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး (JCS) က ေျပာၾကားခဲ့ပါတယ္။
ေျမာက္ကိုရီးယားက ပစ္လႊတ္လိုက္တဲ့ဒုံးက်ည္ေတြဟာ အကြာအေဝး(၃၆၀)ကီလိုမီတာေလာက္အထိ ပ်ံသန္းခဲ့ၿပီး ေနာက္ ပင္လယ္ထဲကိုက်သြားခဲ့တယ္လို႔ JCS က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္စမ္းသပ္ ပစ္လႊတ္မႈနဲ႔ပတ္သက္ၿပီး အေမရိကန္၊ ဂ်ပန္တို႔နဲ႔အတူ သတင္းအခ်က္အလက္မွ်ေဝမႈေတြကို လုပ္ေဆာင္ခဲ့တယ္ လို႔လည္း JCS က ေျပာၾကားခဲ့ပါတယ္။
ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြဟာ ကိုရီးယားကြၽန္းဆြယ္မွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ျပင္းျပင္းထန္ထန္ၿခိမ္းေျခာက္ေနတဲ့ျပတ္သားတဲ့ ရန္စမႈတစ္ခုျဖစ္တယ္လို႔လည္း JCS က ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။

Related news

© 2021. All rights reserved.