ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းက အနိုင်ရရှိပြီး နေတိုးအဖွဲ့မှာ ပါဝင်လာတာကို အမေရိကန်က မြင်တွေ့လိုနေ

 733

Pika (NP News) - စက်တင်ဘာ ၁၂

ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းကအနိုင်ရရှိပြီး နေတိုးအဖွဲ့မှာ ပါဝင်လာတာကို အမေရိကန်က မြင်တွေ့လို တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ထုတ်ဖော်ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လမ်မီတို့ဟာ ယူကရိန်း အစိုးရကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ယူကရိန်းကို အလည်အပတ်ခရီးရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ အန်တိုနီဘလင်ကန်က “ပြီးခဲ့တဲ့ ဇူလိုင်လက လုပ်ဆောင်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းရဲ့ နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်ရေးလမ်းကြောင်းကို နောက်ပြန်မဆုတ်နိုင်ဘူးလို့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါ တယ်။ ပြီးတော့ အမေရိကန်ဦးဆောင်တဲ့နေတိုးအဖွဲ့ဟာ ယူကရိန်းက အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ကို ထောက်ပံ့ဖို့ အတွက် အမိန့်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူညီပြီး အခြေအနေတွေအားလုံးက အရည်အချင်း ပြည့်မှီမှသာ ယူကရိန်းက အဖွဲ့ဝင်နိုင်ငံဖြစ်လာလိမ့်မယ်လို့လည်း နေတိုးအဖွဲ့က တရားဝင်ထုတ်ပြန်ပြောကြား ထားပါတယ်။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ထည့်သွင်းခြင်းဟာ ရုရှားနဲ့စစ်ပွဲဖြစ်ပွားမှာကို ဆိုလိုတာ ကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ပေးဖို့အတွက် သဘောတူညီမှာ မဟုတ်ဘူးလို့ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားအစိုးရတို့က ယခင်ကတည်းက ထုတ်ပြန်ပြောကြားခဲ့ဖူးပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၂)နှစ်ကျော်ထိ ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ယခုအချိန်အထိ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
႐ုရွားနဲ႔စစ္ပြဲမွာ ယူကရိန္းက အႏိုင္ရရွိၿပီး ေနတိုးအဖြဲ႕မွာ ပါဝင္လာတာကို အေမရိကန္က ျမင္ေတြ႕လိုေန
Pika (NP News) - စက္တင္ဘာ ၁၂

႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ယူကရိန္းကအႏိုင္ရရွိၿပီး ေနတိုးအဖြဲ႕မွာ ပါဝင္လာတာကို အေမရိကန္က ျမင္ေတြ႕လို တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္က ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္နဲ႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးေဒးဗစ္လမ္မီတို႔ဟာ ယူကရိန္း အစိုးရကို ေထာက္ခံေၾကာင္းျပသတဲ့အေနနဲ႔ ယူကရိန္းကို အလည္အပတ္ခရီးေရာက္ရွိေနတာလည္း ျဖစ္ပါတယ္။ အန္တိုနီဘလင္ကန္က “ၿပီးခဲ့တဲ့ ဇူလိုင္လက လုပ္ေဆာင္ခဲ့တဲ့ ထိပ္သီးအစည္းအေဝးမွာ ယူကရိန္းရဲ႕ ေနတိုး အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေရးလမ္းေၾကာင္းကို ေနာက္ျပန္မဆုတ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္တို႔ ရွင္းရွင္းလင္းလင္းေျပာၾကားခဲ့ပါ တယ္။ ၿပီးေတာ့ အေမရိကန္ဦးေဆာင္တဲ့ေနတိုးအဖြဲ႕ဟာ ယူကရိန္းက အဖြဲ႕ဝင္ႏိုင္ငံျဖစ္လာဖို႔ကို ေထာက္ပံ့ဖို႔ အတြက္ အမိန႔္တစ္ခုကိုလည္း ထုတ္ျပန္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအားလုံးက သေဘာတူညီၿပီး အေျခအေနေတြအားလုံးက အရည္အခ်င္း ျပည့္မွီမွသာ ယူကရိန္းက အဖြဲ႕ဝင္ႏိုင္ငံျဖစ္လာလိမ့္မယ္လို႔လည္း ေနတိုးအဖြဲ႕က တရားဝင္ထုတ္ျပန္ေျပာၾကား ထားပါတယ္။ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ထည့္သြင္းျခင္းဟာ ႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားမွာကို ဆိုလိုတာ ေၾကာင့္ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ယူကရိန္းကို အဖြဲ႕ဝင္ႏိုင္ငံျဖစ္ခြင့္ေပးဖို႔အတြက္ သေဘာတူညီမွာ မဟုတ္ဘူးလို႔ ဟန္ေဂရီနဲ႔ ဆလိုဗက္ကီးယားအစိုးရတို႔က ယခင္ကတည္းက ထုတ္ျပန္ေျပာၾကားခဲ့ဖူးပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ထိ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ယခုအခ်ိန္အထိ ႏွစ္ဘက္စလုံးက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္ႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.