အခြေအနေအသစ်တွေမပါဘဲ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအကောင်အထည်ဖော်ဖို့ အဆင်သင့်ရှိတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော

 134

Pika (NP News) - စက်တင်ဘာ ၁၂

အစ္စရေးနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အခြေအနေအသစ်တွေ သတ်မှတ်ထားတာမျိုးမရှိဘဲ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအကောင်အထည်ဖော်ဖို့ အဆင်သင့်ရှိနေတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က စက်တင်ဘာလ(၁၁) ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့အကြီးတန်းအရာရှိ Khalil al-Hayya ဦးဆောင်တဲ့စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဟာ ကာတာဝန်ကြီးချုပ် Sheikh Mohammed bin Abdulrahman Al Thani၊ အီဂျစ်ရဲ့ထောက်လှမ်းရေးအကြီးအကဲ Abbas Kamel တို့အပါအဝင် ကြားဝင်စေ့စပ်ရေးအဖွဲ့တွေနဲ့ ဒိုဟာနိုင်ငံမှာ စက်တင်ဘာလ(၁၁)ရက်က တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ကြားဝင်စေ့စပ်ရေးအဖွဲ့တွေဟာ ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း သဘောတူညီချက်ရရှိတာမျိုးတော့ မရှိသေးဘူးလို့ လည်း သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေသဆိုင်ရာအမေရိကန်စေ့စပ်ညှိနှိုင်းရေးမှူးဖြစ်တဲ့ စီအိုင်အေအဖွဲ့ ဒါရိုက်တာ ဝီလျံဘမ်းစ်က “လာမယ့်ရက်ပိုင်းအတွင်းမှာ အသေးစိတ်အချက်အလက်တွေပါဝင်တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ထပ်မံပြုလုပ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လက အမေရိကန်သမ္မတဂျိုးဘိုင်ဒန် တင်သွင်းခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်မှာ ဓါးစာခံတွေ လွှတ်ပေးရေး အပါအဝင် အဆင့်သုံးဆင့် ပါဝင်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ(၇) ရက်မှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂ဝဝ)ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်းလူမျိုး(၄၀၀၀၀)ကျော် သေဆုံးထားတယ်လို့ ဂါဇာကမ်းမြောင်ဒေသကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Zawgyi Version;
အေျခအေနအသစ္ေတြမပါဘဲ အပစ္အခတ္ရပ္စဲေရးကို ခ်က္ခ်င္းအေကာင္အထည္ေဖာ္ဖို႔ အဆင္သင့္ရွိတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - စက္တင္ဘာ ၁၂

အစၥေရးနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ အေျခအေနအသစ္ေတြ သတ္မွတ္ထားတာမ်ိဳးမရွိဘဲ အပစ္အခတ္ရပ္စဲေရးကို ခ်က္ခ်င္းအေကာင္အထည္ေဖာ္ဖို႔ အဆင္သင့္ရွိေနတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က စက္တင္ဘာလ(၁၁) ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕အႀကီးတန္းအရာရွိ Khalil al-Hayya ဦးေဆာင္တဲ့ေစ့စပ္ညႇိႏႈိင္းေရးအဖြဲ႕ဟာ ကာတာဝန္ႀကီးခ်ဳပ္ Sheikh Mohammed bin Abdulrahman Al Thani၊ အီဂ်စ္ရဲ႕ေထာက္လွမ္းေရးအႀကီးအကဲ Abbas Kamel တို႔အပါအဝင္ ၾကားဝင္ေစ့စပ္ေရးအဖြဲ႕ေတြနဲ႔ ဒိုဟာႏိုင္ငံမွာ စက္တင္ဘာလ(၁၁)ရက္က ေတြ႕ဆုံခဲ့တယ္လို႔လည္း သိရပါတယ္။

အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ၾကားဝင္ေစ့စပ္ေရးအဖြဲ႕ေတြဟာ ေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း သေဘာတူညီခ်က္ရရွိတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ လည္း သိရပါတယ္။ ဂါဇာကမ္းေျမာင္ေဒသဆိုင္ရာအေမရိကန္ေစ့စပ္ညႇိႏႈိင္းေရးမႉးျဖစ္တဲ့ စီအိုင္ေအအဖြဲ႕ ဒါ႐ိုက္တာ ဝီလ်ံဘမ္းစ္က “လာမယ့္ရက္ပိုင္းအတြင္းမွာ အေသးစိတ္အခ်က္အလက္ေတြပါဝင္တဲ့ ၿငိမ္းခ်မ္းေရး အဆိုျပဳခ်က္ကို ထပ္မံျပဳလုပ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဇြန္လက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ တင္သြင္းခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးအဆိုျပဳခ်က္မွာ ဓါးစာခံေတြ လႊတ္ေပးေရး အပါအဝင္ အဆင့္သုံးဆင့္ ပါဝင္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာ(၇) ရက္မွာ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ယခုအခ်ိန္အထိ အစၥေရးႏိုင္ငံသား(၁၂ဝဝ)ေက်ာ္ ေသဆုံးခဲ့ၿပီး ပါလက္စတိုင္းလူမ်ိဳး(၄၀၀၀၀)ေက်ာ္ ေသဆုံးထားတယ္လို႔ ဂါဇာကမ္းေျမာင္ေဒသက်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

Related news

© 2021. All rights reserved.