အီဂျစ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မထောက်ထားပဲ စစ်ဘက်ဆိုင်ရာ အကူ အညီ ဒေါ်လာ ၁.၃ ဘီလျံပေးရန် အိမ်ဖြူတော် စီစဉ်

 338

Htay Oung (NP News) - စက်တင်ဘာ ၁၄

ဂျိုးဘိုင်ဒန်အစိုးရက အီဂျစ်နိုင်ငံကို စစ်ဘက်ဆိုင်ရာအကူအညီ ဒေါ်လာ ၁.၃ ဘီလျံထောက်ပံ့ရန် စီစဉ်ထားတယ်လို့ အမေရိကန်ကွန်ဂရက်ကို အကြောင်း ကြားထားပြီးဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။ ကိုင်ရိုရဲ့လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကြောင့် အမေရိကန်ရဲ့ထောက်ပံ့မှု အစီအစဉ်များ ရပ်ဆိုင်းခဲ့တဲ့ ၂၀၂၀-ခုနှစ်နောက်ပိုင်း ယခုလိုပေးကမ်းခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရိုက်တာသတင်းအေဂျင်စီ စက်တင်ဘာလ ၁၁ ရက်က ရေးသားပါတယ်။

၁၉၂၂ ခုနှစ် ဗြိတိသျှကိုလိုနီလက်အောက်မှ အီဂျစ်နိုင်ငံလွတ်လပ်ရေးရရှိခဲ့တဲ့နှစ်မှာပဲ ဝါရှင်တန်နဲ့ ကိုင်ရိုအကြား တရားဝင်ဆက်ဆံရေး စတင်ခဲ့ပါတယ်။ စူးအက်တူးမြောင်းတည်ရှိရာ အီဂျစ်နိုင်ငံမှာ ဆိုဗီယက်လိုလားပြီး အစ္စရေးအပေါ် ဆန့်ကျင်တဲ့ သမ္မတ ဂါမယ်နာဆာ ကွယ်လွန်တဲ့ ၁၉၇၀-ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ဟာ ပိုမိုနီးကပ်လာခဲ့ပါတယ်။ ဆိုဗီယက် အကြံပေးများကို မောင်းထုတ်ပြီး အကြမ်းဖက်မှုနှိမ်နင်းရေး- လူကုန် ကူးမှုတိုက်ဖျက်ရေးနဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးကိစ္စများမှာ အီဂျစ်ဟာ အမေရိကန်အတွက် တန်ဖိုးရှိတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အီဂျစ်ဟာ ဂျုးနဲ့ ပါလက်စ တိုင်းပဋိပက္ခမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတဲ့ ၁၉၇-ခုနှစ်မှ ၂၀၀၃-ခုနှစ်အတွင်း အီဂျစ်နိုင်ငံ ရရှိခဲ့တဲ့ အမေရိကန်ရဲ့ စစ်ရေးအကူအညီဟာ ဒေါ်လာ ၁၃ ဘီလီ ယံခန့်ရှိပြီး နေတိုးမဟုတ်တဲ့ နိုင်ငံများမှာ ပမာဏအများဆုံး ဖြစ်ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆိုင် ရာ ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် မဏ္ဍိုင်တစ်ခုအဖြစ် ဆယ်စုနှစ်များစွာ ကြာမြင့် ခဲ့ပါတယ်။

ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖိနှိပ်ချုပ်ချယ်ရာမှာ နာမည်ထွက်ခဲ့တဲ့ သမ္မတ ဟော့ဇနီမူဘာရက်အပေါ် အမေရိကန်ရဲ့ ထောက်ခံမှုဟာ ဝေဖန်စရာများဖြစ်ခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ် အာရပ်နွေဦး လှုပ်ရှားမှုမှာ ပေါ်ပေါက်ခဲ့တဲ့ အီဂျစ်တော်လှန်ရေးအပြီး ၂၀၁၃ ခုနှစ် သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး ဟောင်း လက်ရှိ သမ္မတ အဗ္ဗဒယ်ဖာတာစီစီ အစိုးရကို အမေရိကန်ရဲ့ ထောက်ခံမှုကလည်း အငြင်းပွားဖွယ် ဖြစ်ခဲ့ရပါတယ်။ သမ္မတ စီစီလက်ထက် လူ့အခွင့်အရေးချိုး ဖောက်မှုများသာမက မွတ်စလင်ဘရားသားဟုဒ်တို့ ကို ချေမှုန်းခြင်းတွေဟာ ဝါရှင်တန်အတွက် စိတ်ပျက်စရာများ ဖြစ်ခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ် အီဂျစ်-အမေရိကန် ပူးတွဲနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ မိုဟာမက်ဆိုလ်တန်နဲ့ မိသားစုဝင်များ ဖမ်းဆီးခံရပြီးနောက် ဝါရှင် တန်ရဲ့ စစ်ရေးဆိုင်ရာအကူအညီများ ဆိုင်းငံ့လိုက်ပေမယ့် စစ်လက်နက်ရောင်းချခြင်းတော့ ကျန်ရှိနေကြောင်း တွေ့ရှိရပါတယ်။

ဂါဇာကမ်းမြောင်ဒေသစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား မအောင်မမြင်ဖြစ်ခဲ့ရတဲ့ ဆွေးနွေးပွဲများ ပြေလည်စေရန် နှစ်ရှည်လများ မဟာမိတ်ဖြစ်သူ အီဂျစ်အပေါ် ဝါရှင်တန်က အကြီးအကျယ် အားထားစရာအဖြစ် ကျန်ရှိနေခိုက် စစ်ဘက်ဆိုင်ရာထောက်ပံ့မယ့်အကြောင်း ယခုလို ကြေညာချက်ထွက်ပေါ် လာခြင်းဖြစ်ပါတယ်။

အီဂျစ်ကို ခွဲဝေပေးတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၁.၃ ဘီလျံအနက် ဒေါ်လာ သန်း ၃၂၀ ဟာ မကြာသေးမီ နှစ်များအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများအရ ဆိုင်းငံ့ထားတဲ့ ငွေကြေးအချို့ ဖြစ် ကြောင်း သိရှိရပါတယ်။ အီဂျစ်နိုင်ငံရဲ့ ယခုနှစ်အတွင်း လူ့အခွင့်အရေး မှတ်တမ်းနဲ့ပတ်သက်ပြီး ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၂၂၅ သန်း အပေါ် တားဆီးချက်ကို အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအရ စွန့်လွှတ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန် ကြီး အန်သိုနီဘလင်ကင်က ကွန်ဂရက်လွှတ်တော်မှာ တင်ပြကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွ့်ရှိသူက မှတ် ချက်ပေးပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေး၊ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ဦးစားပေးမှုအပေါ် အီဂျစ်နိုင်ငံက ပံ့ပိုးကူ ညီနိုင်ရေး၊ ဂါဇာကမ်းမြောင်ဒေသမှာ ဝါရှင်တန်က အကူအညီပေးအပ်နိုင်ရေး၊ ဓားစာခံတွေ ပြန်လည်လွတ် မြောက်လာစေရန်နဲ့ ပါလက်စတိုင်းတို့ကို လူသားချင်းစာနာတဲ့ အကူအညီများ ပေးအပ်နိုင်ရေး၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း အီဂျစ်ရဲ့ လူ့အခွင့်အရေးအခြအနေများ၊ နိုင်ငံရေးအကျဉ်းသားတို့နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ စစ်ရေးဆိုင်ရာ အကူအညီအချို့ကို ဆိုင်းငံ့ယုံသာ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ လုံးဝလစ်လျု့ရှု့ခြင်း မဟုတ်ကြောင်း၊ အမေရိကန်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုကို မျှော်လင့်နေဆဲဖြစ်ပြီး လိုအပ်ပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းအခြေအနေများနှင့် မကိုက်ညီတဲ့အတွက် နောက်ဆက်တွဲအကျိုး ဆက်များ ရှိနေကြောင်း အီဂျစ်သို့လည်း သတင်းစကားပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

ယခုနှစ်မှာတော့ နိုင်ငံရေးအကျဉ်းသားများနဲ့ ပတ်သက်ပြီး အီဂျစ်ဘက်က လုံလောက်တဲ့ အားထုတ်မှုများ ကြောင့် ဒေါ်လာ ၉၅ သန်း ထောက်ပံ့ရန် ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။

(ဂါဇာမှာ အစ္စရေးရဲ့ အပြုအမူဟာ ပါလက်စတိုင်းတို့အပေါ် စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း အပြတ်ရှင်းရာ ရောက် ရှိနေတဲ့အတွက် ကြည့် မနေနိုင်တဲ့ အခြားတိုင်းပြည်များက နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုထားပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့အတော်များများမှာ ဗြောင်ကျကျသော်၎င်း မလိမ့်တစ်ပတ်သော်၎င်း အစ္စရေး ဘက်က ရပ်တည်နေပြီး ဂါဇာစစ်ပွဲမှာလည်း ရပ်တန့်မယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါ။

အဲဒီလိုအခြေအနေဖြစ်ပေါ်နေသရွေ့ အစ္စရေး-ဟားမတ်စ်ဆွေးနွေးပွဲမှာ အောင်မြင်စရာ မရှိပါ။ ဆွေးနွေးပွဲ ပြေ လည်စေရန်ဟုဆိုကာ အမေရိကန်က သူ့ရဲ့ ဒီမိုကရေစံချိန်စံညွှန်းများကို လစ်လျု့ရှု့၍ အီဂျစ်ကို စစ်ရေးအ ထောက် အပံ့များ ဇွတ်အတင်းပေးအပ်နေခြင်းမှာ အစ္စရေး မဟာမိတ်ဖြစ်သူ အာရပ်နိုင်ငံအား လာဘ်ထိုးခြင်းနှင့် တူနေပါတယ်။

အိမ်နီးချင်း မွတ်စလင်အာရပ်နိုင်ငံကြီးက ပါလက်စတိုင်းတို့ လူသိထင်ရှား ရက်စက်စွာ သတ်ဖြတ်ခံနေရခြင်းကို လက်ပိုက်ကြည့်နေယုံမက အစ္စရေးနဲ့ ဆွေးနွေးပွဲအောင်မြင်စေရေး ဖိအားပေးခိုင်းသည့်သဘော သက်ရောက် နေပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(Reuters., 11 September 2024,” US grants Egypt entire $1.3 billion in military aid, waiving human rights requirements” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အီဂ်စ္၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို မေထာက္ထားပဲ စစ္ဘက္ဆိုင္ ရာ အကူအညီ ေဒၚလာ ၁.၃ ဘီလ်ံေပးရန္ အိမ္ျဖဴေတာ္ စီစဥ္
Htay Oung (NP News) - စက္တင္ဘာ ၁၄

ဂ်ိဳးဘိုင္ဒန္အစိုးရက အီဂ်စ္ႏိုင္ငံကို စစ္ဘက္ဆိုင္ရာအကူအညီ ေဒၚလာ ၁.၃ ဘီလ်ံေထာက္ပံ့ရန္ စီစဥ္ထားတယ္လို႔ အေမရိကန္ကြန္ဂရက္ကို အေၾကာင္း ၾကားထားၿပီးျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူက အတည္ျပဳပါတယ္။ ကိုင္႐ိုရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ မွတ္တမ္းမ်ားေၾကာင့္ အေမရိကန္ရဲ႕ေထာက္ပံ့မႈ အစီအစဥ္မ်ား ရပ္ဆိုင္းခဲ့တဲ့ ၂၀၂၀-ခုႏွစ္ေနာက္ပိုင္း ယခုလိုေပးကမ္းျခင္းဟာ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီ စက္တင္ဘာလ ၁၁ ရက္က ေရးသားပါတယ္။

၁၉၂၂ ခုႏွစ္ ၿဗိတိသွ်ကိုလိုနီလက္ေအာက္မွ အီဂ်စ္ႏိုင္ငံလြတ္လပ္ေရးရရွိခဲ့တဲ့ႏွစ္မွာပဲ ဝါရွင္တန္နဲ႔ ကိုင္႐ိုအၾကား တရားဝင္ဆက္ဆံေရး စတင္ခဲ့ပါတယ္။ စူးအက္တူးေျမာင္းတည္ရွိရာ အီဂ်စ္ႏိုင္ငံမွာ ဆိုဗီယက္လိုလားၿပီး အစၥေရးအေပၚ ဆန႔္က်င္တဲ့ သမၼတ ဂါမယ္နာဆာ ကြယ္လြန္တဲ့ ၁၉၇၀-ခုႏွစ္ေနာက္ပိုင္း ႏွစ္ႏိုင္ငံဆက္ဆံေရး ဟာ ပိုမိုနီးကပ္လာခဲ့ပါတယ္။ ဆိုဗီယက္ အႀကံေပးမ်ားကို ေမာင္းထုတ္ၿပီး အၾကမ္းဖက္မႈႏွိမ္နင္းေရး- လူကုန္ ကူးမႈတိုက္ဖ်က္ေရးနဲ႔ ေဒသတြင္းလုံၿခဳံေရးဆိုင္ရာ စစ္ဆင္ေရးကိစၥမ်ားမွာ အီဂ်စ္ဟာ အေမရိကန္အတြက္ တန္ဖိုးရွိတဲ့ မိတ္ဖက္ႏိုင္ငံ ျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ အစၥေရးရဲ႕ မဟာမိတ္ျဖစ္တဲ့ အီဂ်စ္ဟာ ဂ်ဳးနဲ႔ ပါလက္စ တိုင္းပဋိပကၡမွာ အေရးႀကီးတဲ့ အခန္းက႑မွာ ပါဝင္ေနပါတယ္။ အီဂ်စ္-အစၥေရး ၿငိမ္းခ်မ္းေရးစာခ်ဳပ္ ခ်ဳပ္ဆိုတဲ့ ၁၉၇-ခုႏွစ္မွ ၂၀၀၃-ခုႏွစ္အတြင္း အီဂ်စ္ႏိုင္ငံ ရရွိခဲ့တဲ့ အေမရိကန္ရဲ႕ စစ္ေရးအကူအညီဟာ ေဒၚလာ ၁၃ ဘီလီ ယံခန႔္ရွိၿပီး ေနတိုးမဟုတ္တဲ့ ႏိုင္ငံမ်ားမွာ ပမာဏအမ်ားဆုံး ျဖစ္ခဲ့ပါတယ္။ ႏွစ္ႏိုင္ငံအၾကား ကာကြယ္ေရး ဆိုင္ ရာ ပူးေပါင္းေဆာင္႐ြက္မႈဟာ ေဒသတြင္း တည္ၿငိမ္ေရးအတြက္ မ႑ိဳင္တစ္ခုအျဖစ္ ဆယ္စုႏွစ္မ်ားစြာ ၾကာျမင့္ ခဲ့ပါတယ္။

ရက္စက္ၾကမ္းၾကဳတ္မႈနဲ႔ ဖိႏွိပ္ခ်ဳပ္ခ်ယ္ရာမွာ နာမည္ထြက္ခဲ့တဲ့ သမၼတ ေဟာ့ဇနီမူဘာရက္အေပၚ အေမရိကန္ရဲ႕ ေထာက္ခံမႈဟာ ေဝဖန္စရာမ်ားျဖစ္ခဲ့ရပါတယ္။ ၂၀၁၁ ခုႏွစ္ အာရပ္ေႏြဦး လႈပ္ရွားမႈမွာ ေပၚေပါက္ခဲ့တဲ့ အီဂ်စ္ေတာ္လွန္ေရးအၿပီး ၂၀၁၃ ခုႏွစ္ သမၼတ မိုဟာမက္ေမာ္စီကို ျဖဳတ္ခ်အာဏာသိမ္းခဲ့တဲ့ စစ္ဗိုလ္ခ်ဳပ္ႀကီး ေဟာင္း လက္ရွိ သမၼတ အဗၺဒယ္ဖာတာစီစီ အစိုးရကို အေမရိကန္ရဲ႕ ေထာက္ခံမႈကလည္း အျငင္းပြားဖြယ္ ျဖစ္ခဲ့ရပါတယ္။ သမၼတ စီစီလက္ထက္ လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈမ်ားသာမက မြတ္စလင္ဘရားသားဟုဒ္တို႔ ကို ေခ်မႈန္းျခင္းေတြဟာ ဝါရွင္တန္အတြက္ စိတ္ပ်က္စရာမ်ား ျဖစ္ခဲ့ရပါတယ္။ ၂၀၂၀ ခုႏွစ္ အီဂ်စ္-အေမရိကန္ ပူးတြဲႏိုင္ငံသား လူ႔အခြင့္အေရးလႈပ္ရွားသူ မိုဟာမက္ဆိုလ္တန္နဲ႔ မိသားစုဝင္မ်ား ဖမ္းဆီးခံရၿပီးေနာက္ ဝါရွင္ တန္ရဲ႕ စစ္ေရးဆိုင္ရာအကူအညီမ်ား ဆိုင္းငံ့လိုက္ေပမယ့္ စစ္လက္နက္ေရာင္းခ်ျခင္းေတာ့ က်န္ရွိေနေၾကာင္း ေတြ႕ရွိရပါတယ္။

ဂါဇာကမ္းေျမာင္ေဒသစစ္ပြဲအဆုံးသတ္ေရးအတြက္ အစၥေရးနဲ႔ ဟားမတ္စ္တို႔အၾကား မေအာင္မျမင္ျဖစ္ခဲ့ရတဲ့ ေဆြးေႏြးပြဲမ်ား ေျပလည္ေစရန္ ႏွစ္ရွည္လမ်ား မဟာမိတ္ျဖစ္သူ အီဂ်စ္အေပၚ ဝါရွင္တန္က အႀကီးအက်ယ္ အားထားစရာအျဖစ္ က်န္ရွိေနခိုက္ စစ္ဘက္ဆိုင္ရာေထာက္ပံ့မယ့္အေၾကာင္း ယခုလို ေၾကညာခ်က္ထြက္ေပၚ လာျခင္းျဖစ္ပါတယ္။

အီဂ်စ္ကို ခြဲေဝေပးတဲ့ အေမရိကန္ စစ္ဘက္ဆိုင္ရာ ေထာက္ပံ့ေငြ ေဒၚလာ ၁.၃ ဘီလ်ံအနက္ ေဒၚလာ သန္း ၃၂၀ ဟာ မၾကာေသးမီ ႏွစ္မ်ားအတြင္း ျဖစ္ေပၚခဲ့တဲ့ အေျခအေနမ်ားအရ ဆိုင္းငံ့ထားတဲ့ ေငြေၾကးအခ်ိဳ႕ ျဖစ္ ေၾကာင္း သိရွိရပါတယ္။ အီဂ်စ္ႏိုင္ငံရဲ႕ ယခုႏွစ္အတြင္း လူ႔အခြင့္အေရး မွတ္တမ္းနဲ႔ပတ္သက္ၿပီး ထိန္းခ်ဳပ္ထားတဲ့ ေဒၚလာ ၂၂၅ သန္း အေပၚ တားဆီးခ်က္ကို အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးအရ စြန႔္လႊတ္လိုက္တယ္လို႔ ႏိုင္ငံျခားေရးဝန္ ႀကီး အန္သိုနီဘလင္ကင္က ကြန္ဂရက္လႊတ္ေတာ္မွာ တင္ျပေၾကာင္း အိမ္ျဖဴေတာ္ေျပာေရးဆိုခြ႕္ရွိသူက မွတ္ ခ်က္ေပးပါတယ္။

ေဒသတြင္း ၿငိမ္းခ်မ္းေရး၊ အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရး ဦးစားေပးမႈအေပၚ အီဂ်စ္ႏိုင္ငံက ပံ့ပိုးကူ ညီႏိုင္ေရး၊ ဂါဇာကမ္းေျမာင္ေဒသမွာ ဝါရွင္တန္က အကူအညီေပးအပ္ႏိုင္ေရး၊ ဓားစာခံေတြ ျပန္လည္လြတ္ ေျမာက္လာေစရန္နဲ႔ ပါလက္စတိုင္းတို႔ကို လူသားခ်င္းစာနာတဲ့ အကူအညီမ်ား ေပးအပ္ႏိုင္ေရး၊ အစၥေရး-ဟားမတ္စ္ ပဋိပကၡကို ေျဖရွင္းႏိုင္ေရးအတြက္ ယခုလို ဆုံးျဖတ္ရျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း အီဂ်စ္ရဲ႕ လူ႔အခြင့္အေရးအျခအေနမ်ား၊ ႏိုင္ငံေရးအက်ဥ္းသားတို႔နဲ႔ ပတ္သက္တဲ့ ကိစၥေတြမွာ သိသာထင္ရွားတဲ့ တိုးတက္မႈ မရွိဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ စစ္ေရးဆိုင္ရာ အကူအညီအခ်ိဳ႕ကို ဆိုင္းငံ့ယုံသာ ေဆာင္႐ြက္ခဲ့ပါတယ္။ ဒါေပမဲ့ လုံးဝလစ္လ်ဳ႕ရႈ႕ျခင္း မဟုတ္ေၾကာင္း၊ အေမရိကန္အေနနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ တိုးတက္မႈကို ေမွ်ာ္လင့္ေနဆဲျဖစ္ၿပီး လိုအပ္ပါက အေရးယူ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ယင္းအေျခအေနမ်ားႏွင့္ မကိုက္ညီတဲ့အတြက္ ေနာက္ဆက္တြဲအက်ိဳး ဆက္မ်ား ရွိေနေၾကာင္း အီဂ်စ္သို႔လည္း သတင္းစကားေပးပို႔ခဲ့တယ္လို႔ ေျပာပါတယ္။

ယခုႏွစ္မွာေတာ့ ႏိုင္ငံေရးအက်ဥ္းသားမ်ားနဲ႔ ပတ္သက္ၿပီး အီဂ်စ္ဘက္က လုံေလာက္တဲ့ အားထုတ္မႈမ်ား ေၾကာင့္ ေဒၚလာ ၉၅ သန္း ေထာက္ပံ့ရန္ ဆုံးျဖတ္ရျခင္းျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ေျပာေရးဆိုခြင့္ရွိသူက ရွင္းျပပါတယ္။

(ဂါဇာမွာ အစၥေရးရဲ႕ အျပဳအမူဟာ ပါလက္စတိုင္းတို႔အေပၚ စစ္ရာဇဝတ္မႈ၊ လူမ်ိဳးသုဥ္း အျပတ္ရွင္းရာ ေရာက္ ရွိေနတဲ့အတြက္ ၾကည့္ မေနႏိုင္တဲ့ အျခားတိုင္းျပည္မ်ားက ႏိုင္ငံတကာ တရား႐ုံးတြင္ တရားစြဲဆိုထားပါတယ္။ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံအခ်ိဳ႕အေတာ္မ်ားမ်ားမွာ ေျဗာင္က်က်ေသာ္၎ မလိမ့္တစ္ပတ္ေသာ္၎ အစၥေရး ဘက္က ရပ္တည္ေနၿပီး ဂါဇာစစ္ပြဲမွာလည္း ရပ္တန႔္မယ့္ အရိပ္လကၡဏာ မေတြ႕ရေသးပါ။

အဲဒီလိုအေျခအေနျဖစ္ေပၚေနသေ႐ြ႕ အစၥေရး-ဟားမတ္စ္ေဆြးေႏြးပြဲမွာ ေအာင္ျမင္စရာ မရွိပါ။ ေဆြးေႏြးပြဲ ေျပ လည္ေစရန္ဟုဆိုကာ အေမရိကန္က သူ႔ရဲ႕ ဒီမိုကေရစံခ်ိန္စံၫႊန္းမ်ားကို လစ္လ်ဳ႕ရႈ႕၍ အီဂ်စ္ကို စစ္ေရးအ ေထာက္ အပံ့မ်ား ဇြတ္အတင္းေပးအပ္ေနျခင္းမွာ အစၥေရး မဟာမိတ္ျဖစ္သူ အာရပ္ႏိုင္ငံအား လာဘ္ထိုးျခင္းႏွင့္ တူေနပါတယ္။

အိမ္နီးခ်င္း မြတ္စလင္အာရပ္ႏိုင္ငံႀကီးက ပါလက္စတိုင္းတို႔ လူသိထင္ရွား ရက္စက္စြာ သတ္ျဖတ္ခံေနရျခင္းကို လက္ပိုက္ၾကည့္ေနယုံမက အစၥေရးနဲ႔ ေဆြးေႏြးပြဲေအာင္ျမင္ေစေရး ဖိအားေပးခိုင္းသည့္သေဘာ သက္ေရာက္ ေနပါတယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)

(Reuters., 11 September 2024,” US grants Egypt entire $1.3 billion in military aid, waiving human rights requirements” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏုတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.