အိန္ဒိယက အန်ဒမန် နှင့် နီကိုဘာကျွန်းတွင် ကုန်လွှဲပြောင်းတင် ရေနက်ဆိပ်ကမ်း တည်ဆောက်နေ

 226

Htay Oung (NP News) - စက်တင်ဘာ ၁၄

အိန္ဒိယနိုင်ငံက တင်ပို့လိုက်တဲ့ ကွန်တိန်နာသေတ္တာအားလုံးရဲ့ ၂၅% နီးပါးဟာ နိုင်ငံရပ်ခြား ဆိပ်ကမ်းများမှာ အတင်အချလုပ်ပြီးမှ ဦးတည်ရာတိုင်းပြည်ကို ရောက်ရှိနေခဲ့ပါတယ်။ အဲ့ဒီလို နိုင်ငံခြားဆိပ်ကမ်းများကို မှီခိုနေ ရခြင်းဟာ အိန္ဒိယရဲ့ကူးသန်းရောင်းဝယ်မှုလုပ်ငန်းအတွက် ကုန်ကျစရိတ်ကို တိုးမြင့်စေပြီး အမျိုးသားလုံခြုံရေး အပေါ် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေခဲ့တယ်လို့ နယူးဒေလီအခြေစိုက် “ဆွာဝါရာ့ဂျ်ယာ”က စက်တင်ဘာလ ၇ ရက်တွင် ရေးသားပါတယ်။

နာရင်ဒြာမိုဒီအစိုးရက အက်ဒမန်နဲ့ နီကိုဘာကျွန်းများတဝှိုက်ရှိ “ဂဲလက် သာ” ပင်လယ်အော်ရေပြင်ကို နိုင်ငံတ ကာ သယ်ယူပို့ဆောင်ရေးရဲ့ အသည်းနှလုံးဖြစ်လာစေဖို့ ရူပီးငွေ ၄၄၀ ဘီလျံကုန်ကျခံပြီး အကြီးစား စီမံ ကိန်းကြီးတစ်ခုအဖြစ် တရားဝင် တည်ဆောက်နေပါတယ်။

စီမံကိန်းမှာ အဆင့် ၄ ဆင့်ပါဝင်ပြီး ၂၀၂၈ ခုနှစ် ပထမအဆင့်ပြီးစီးတဲ့အခါ ပေ ၂၀ အရွယ် ကွန်တိန်နာသေတ္တာ ပေါင်း ၄-သန်းကို ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ၂၀၅၈-ခုနှစ် စီမံကိန်းတစ်ရပ်လုံး ပြီးစီးတဲ့အခါ ကွန်တိန်နာသေတ္တာ ပေါင်း ၁၆-သန်းအထိ ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ကုန်သေတ္တာ ပြောင်းရွှေတင်ချပြုလုပ်နိုင်မယ့် ဆိပ်ကမ်းတည် ဆောက်ရေးအတွက် အိန္ဒိယအစိုးရက တင်ဒါခေါ်ယူပြီး ၁-နှစ်အကြာမှာ ယခုစီမံကိန်းပေါ်ထွက်လာခြင်းဖြစ်ပါ တယ်။

အိန္ဒိယအနေနဲ့ ရေစူးများတဲ့ သင်္ဘောများအတွက် ကုန်တင်ချပြုလုပ်နိုင်မယ့် ဆိပ်ကမ်းအခြေခံအဆောက်အ အုံဆိုင်ရာ မူဝါဒကောင်းကောင်း မရှိပဲ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပါတယ်။ ဒီအတွက် ပင်လယ်ကူးကုန်သွယ် ရေ ကြောင်းဆိုင်ရာလုပ်ငန်းများမှာ နှောင့်နှေးမှုများ ဖြစ်ခဲ့ရပါတယ်။

အဲဒီ အားနည်းချက်ကို မကြာသေးမီကမှ စတင်ပြောင်းလဲနိုင်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေး ဗဟိုချက်တစ်ခုခုရှိမနေခြင်းဟာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရာမှာ ဆက်လက် ထိခိုက်နေခဲ့ရပါတယ်။ အိန္ဒိယ တိုက်ငယ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းရှိ အဓိကဆိပ်ကမ်း အားလုံးနီးပါးနဲ့ အနောက်ဘက်ကမ်းရိုးတန်းရှိ ဆိပ်ကမ်းအချို့မှာလည်း ရေစူးများတဲ့ ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်ခြင်း မရှိပဲဖြစ်နေပါတယ်။ အဲဒီဆိပ် ကမ်းအများစုဟာ ရေစူး ၈ မီတာမှ ၁၂ မီတာကြား သင်္ဘောများသာ ဆိုက် ကပ်နိုင်ပါတယ်။ နှိုင်းယှဉ်ကြည့်လျှင် နိုင်ငံတကာ ကုန်သွယ်ရေကြောင်း သင်္ဘောများရဲ့ ရေစူး၊ ဗျက်အကျယ်နဲ့ ရေလမ်းကြောင်းလိုအပ်ချက်များအရ ရေစူး ၁၂ မီတာမှ ၂၀ မီတာကြား သို့မဟုတ် အဲဒီထက် ရေစူးများတဲ့ သင်္ဘောများဖြစ်လေ့ရှိပါတယ်။

ဒီအတွက် အိန္ဒိယဆိပ်ကမ်းများကို ဆိုက်ရောက်လာနိုင်တဲ့ သင်္ဘောများရဲ့ အရွယ်အစားကို တင်းတင်းကြပ် ကြပ် ကန့်သတ်ထားပါတယ်။ ရလဒ်အနေဖြင့် တန်ချိန် ၂၅,၀၀၀ မှ ၇၅,၀၀၀ အထိသာ ကုန်ချိန်တင်နိုင်တဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောငယ်များသာ ဆိပ်ကမ်းအတွင်း ဝင်ရောက်ဆိုက်ကပ်နိုင်ပြီး အဲ့ဒီထက်များလျှင် ဆိပ်ကမ်းအပြင်ဘက်မှာ ကျောက်ချထားပြီး အလုပ်လုပ်ဖို့သာ ရှိပါတယ်။

သင်္ဘောငယ်များနဲ့ ကုန်တင်ပို့ခြင်းထက် သင်္ဘောကြီးများကို အသုံးပြုခြင်းက ကုန်တင်ချပြုလုပ်ရာမှာ စီးပွားရေးအရ ပိုပြီးတွက်ခြေကိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းအရွယ်အစားကြီးမားတဲ့ သင်္ဘောများကို တွင်တွင်ကျယ် ကျယ် အသုံးပြုနေချိန် အဲ့ဒီနေရာမှာ အိန္ဒိယဟာ တစ်ပန်းရှုံးနေပြီး နှစ်ကြာလာလေ ကန့်သတ်ချက် ကြီးမား လေ ဖြစ်နေပါတယ်။ အထူးသဖြင့် တင်ချစရိတ်ကြီးမားပြီး ထိခိုက်မခံနိုင်တဲ့ ကုန်သေတ္တာများကို ရက်ရှည် ထိန်း သိမ်းနိုင်ဖို့ ခက်ခဲလာပါတယ်။ ဒီအတွက် သောင်တူးခြင်း၊ ရေအောက်ကြမ်းပြင်မှ နုံးအနှစ်များကို ဖယ်ရှားခြင်း တို့ဖြင့် ဖြေရှင်းနိုင်ပေမယ့် ကုန်ကျစရိတ်အပြင် ရေတိုလက်ပူတိုက် ဖြေရှင်းရာ ရောက်ပါတယ်။

အကောင်းဆုံးကတော့ ကုန်သေတ္တာများကို သင်္ဘောတစ်စီးမှ အခြားတစ်စီးသို့ ပြောင်းလဲတင်ဆောင်နည်း၊ သို့မဟုတ် အရွယ်အစားကြီးများတဲ့ သင်္ဘောများနဲ့ သင်္ဘောငယ်များပါ ကွန်တိန်နာများကို လိုအပ်သလို လွှဲပြောင်း တင်ဆောင်ခြင်းဖြစ်ပါတယ်။ အိန္ဒိယဆိပ်ကမ်းများဟာ ရေစူးများတဲ့ သင်္ဘောများအနေနဲ့ ဆိုက်ကပ်နိုင်ခြင်းမရှိတဲ့အတွက် ပြည်ပ ပို့ကွန်တိန်နာများကို သင်္ဘောငယ်များမှာ သယ်ဆောင်ပြီး အခြားတစ်နေရာမှာ သင့်ရှိနေတဲ့ သင်္ဘောကြီးထံ ပြောင်းလဲသယ်ဆောင်ဖို့ ဖြစ်ပါတယ်။ အဲ့ဒီနေရာဟာ အိန္ဒိယပိုင် ဧရိယာအတွင်းဖြစ်လျှင် စီး ပွားရေးအရရော အမျိုးသားလုံခြုံရေးအရပါ အားလုံးအဆင်ပြေပါလိမ့်မယ်။

အဲဒီလိုအပ်ချက်နဲ့ ကိုက်ညီနေတာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အန်ဒမန်နဲ့ နီကိုဘာကျွန်းပဲ ဖြစ်ပါတယ်။ အိန္ဒိယ ဆိပ်ကမ်းများအတွက် အနောက်ဘက် (သီရိလင်္ကာ) ကိုလံဘို၊ အရှေ့ဘက် စင်္ကာပူနဲ့ ပင်လယ်ကွေ့ ဒူဘိုင်း တို့လို ဒေသတွင်း အခြား အဓိက ဆိပ်ကမ်းများနဲ့အတူ ကုန်စည်ပို့ဆောင်ရေးအချက်အချာနေရာအဖြစ် ဖန် တီးဖို့ ဖြစ်ပါတယ်။ အဲဒီလိုသာ အကောင် အထည်ဖော်နိုင်မယ်ဆိုလျှင် အိန္ဒိယက တင်ပို့လိုက်တဲ့ ကွန်တိန်နာ စုစုပေါင်းရဲ့ ၈၀% ကို ဒူဘိုင်း၊ ကိုလံဘို၊ စင်္ကာပူဆိပ်ကမ်းများမှာ ချပြီး အခြားနိုင်ငံသွား သင်္ဘောကြီးများမှာ ပြောင်းရွှေ့တင်ဆောင်စရာ မလိုအပ်တော့ပါ။

အက်ဒမန်နဲ့ နီကိုဘာကျွန်းစုများမှာ ကျွန်းငယ်ပေါင်း ၂၀၀ ခန့်နဲ့ ဖွဲ့စည်းထားပြီး အိန္ဒိယသမုဒ္ဒရာ အရှေ့ မြောက်ပိုင်းမှာ တည်ရှိပါတယ်။ တောင်ဘက်ရှိ ကျွန်းများကို နီကိုဘာကျွန်းစုများလို့ ခေါ်ပါတယ်။ အိန္ဒိယအ ချုပ်အခြာအာဏာပိုင် နယ်မြေဖြစ်ပြီး ကျွန်းစုများရဲ့ အနောက်ဘက်ကို (Bay of Bengal) ဘင်္ဂလားပင်လယ် အော်၊ အရှေ့ ဘက်ကို (Andaman Sea) ကပ္ပလီပင်လယ်လို့ ခေါ်ပါတယ်။ နက်ရှိုင်းတဲ့ ပင်လယ်အော်နဲ့ အရှေ့-အနောက်ပင်လယ်ရေလမ်းကြောင်းမှာ ဗျူဟာမြောက် စံပြအခြေအနေများကို ပိုင်ဆိုင်ပါတယ်။

ကျွန်းစုများဟာ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးကမ်းရိုးတန်း အနောက်တောင်ဘက် ရေမိုင် ၈၁-မိုင်ခန့် ဝေးပါတယ်။ အိန္ဒိယပိုင် ကျွန်းစုများရဲ့ မြောက်ဘက်ရှိ ကိုကိုးကျွန်းနဲ့ ပရီပဲရစ်ကျွန်းတို့ဟာ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အဲဒီလို နေရာမှာ အိန္ဒိယရဲ့ ကွန်တိနိနာလွှဲပြောင်းတင် အချက်အချာ နေရာအဖြစ် ဖန်တီးနိုင်ခဲ့လျှင် နိုင်ငံရပ်ခြား ဆိပ်ကမ်းများအတွက် ကုန်ကျနေရတဲ့ စရိတ်စကအဖြစ် ကွန်တိန်နာတစ်လုံးလျှင် ကန်ဒေါ်လာ ၂၀၀ မှ ၂၅၀ အ ထိ ယိုပေါက်ကို ပိတ်နိုင်ပါလိမ့်ယ်။ ဒါအပြင် အများစုဟာ အိန္ဒိယဆိပ်ကမ်းများထံ ရောက်ရှိသွားပြီး အလုပ်အကိုင်ဖန်တီးမှုများ ဖြစ်ပေါ်စေပါလိမ့်မယ်။

တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ရတာကတော့ တရုတ်က BRI ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယသမုဒ္ဒရာအတွင်း နက်ရှိုင်းစွာ ရင်းနှီးမြှုပ်နှံလာခြင်းကို အားပြိုင်နိုင်ပါလိမ့်မယ်။ ဒီအချက်ဟာ အိန္ဒိယရဲ့ အမျိုးသား လုံခြုံရေးအတွက် အလွန်အရေးကြီးပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းရဲ့ အစိတ်အပိုင်းအများအပြားမှာ ဝင်ရောက်လုပ် ကိုင်နေပြီး နိုင်ငံအတွင်း သင်္ဘောတင် ကွန်တိန်နာစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ကိုင်တွယ်ဆောင်ရွက်နေပါပြီ၊ စီးပွားရေး အကျပ်အတည်းများကြောင့် သီရိလင်္ကာအနေနဲ့ တရုတ်အပေါ် လိုက်လျောမှုများ ပြုလုပ်ခဲ့ရခြင်းဟာ အိန္ဒိယအတွက် စိုးရိမ်မှုဖြစ်စေခဲ့ပါတယ်။ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချရန် အိန္ဒိယအတွက် အဓိက သယ်ယူပို့ဆောင်ရေး ဗဟိုချက်တစ်ခု ဖော်ဆောင်ရန် အရေးကြီးပါတယ်။

စီမံကိန်း လျာထားတဲ့ ဂရိတ်နီကိုဘာကျွန်း ရေပြင်တစ်ဝိုက်ဟာ သောင်တူးစရာ မလိုပဲ ရေစူးများတဲ့ သင်္ဘော ကြီးများ ဝင်ထွက်နိုင်လောက်အောင် နက်ရှိုင်းပါတယ်။ အချက်အချာကျတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ တို့လို နိုင်ငံများမှ ကွန်တိန်နာလွှဲပြောင်းတင်ဆောင်ရာမှာ သင်္ဘောကုမ္ပဏီများအတွက် ကုန်ကျစရိတ်သက်သာ စေပြီး ခရီးအကွာအဝေးကို ပိုမိုတိုတောင်းစေခြင်းက စင်္ကာပူနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။

(Swarajya., 7 September 2024,” Explained: Why India Is Building A Transshipment Port In Andaman And Nicobar's Galathea Bay” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အိႏၵိယက အန္ဒမန္ ႏွင့္ နီကိုဘာကြၽန္းတြင္ ကုန္လႊဲေျပာင္းတင္ ေရနက္ဆိပ္ ကမ္း တည္ေဆာက္ေန
Htay Oung (NP News) - စက္တင္ဘာ ၁၄

အိႏၵိယႏိုင္ငံက တင္ပို႔လိုက္တဲ့ ကြန္တိန္နာေသတၱာအားလုံးရဲ႕ ၂၅% နီးပါးဟာ ႏိုင္ငံရပ္ျခား ဆိပ္ကမ္းမ်ားမွာ အတင္အခ်လုပ္ၿပီးမွ ဦးတည္ရာတိုင္းျပည္ကို ေရာက္ရွိေနခဲ့ပါတယ္။ အဲ့ဒီလို ႏိုင္ငံျခားဆိပ္ကမ္းမ်ားကို မွီခိုေန ရျခင္းဟာ အိႏၵိယရဲ႕ကူးသန္းေရာင္းဝယ္မႈလုပ္ငန္းအတြက္ ကုန္က်စရိတ္ကို တိုးျမင့္ေစၿပီး အမ်ိဳးသားလုံၿခဳံေရး အေပၚ စိန္ေခၚမႈတစ္ရပ္ ျဖစ္ေစခဲ့တယ္လို႔ နယူးေဒလီအေျခစိုက္ “ဆြာဝါရာ့ဂ်္ယာ”က စက္တင္ဘာလ ၇ ရက္တြင္ ေရးသားပါတယ္။

နာရင္ျဒာမိုဒီအစိုးရက အက္ဒမန္နဲ႔ နီကိုဘာကြၽန္းမ်ားတဝႈိက္ရွိ “ဂဲလက္ သာ” ပင္လယ္ေအာ္ေရျပင္ကို ႏိုင္ငံတ ကာ သယ္ယူပို႔ေဆာင္ေရးရဲ႕ အသည္းႏွလုံးျဖစ္လာေစဖို႔ ႐ူပီးေငြ ၄၄၀ ဘီလ်ံကုန္က်ခံၿပီး အႀကီးစား စီမံ ကိန္းႀကီးတစ္ခုအျဖစ္ တရားဝင္ တည္ေဆာက္ေနပါတယ္။

စီမံကိန္းမွာ အဆင့္ ၄ ဆင့္ပါဝင္ၿပီး ၂၀၂၈ ခုႏွစ္ ပထမအဆင့္ၿပီးစီးတဲ့အခါ ေပ ၂၀ အ႐ြယ္ ကြန္တိန္နာေသတၱာ ေပါင္း ၄-သန္းကို ကိုင္တြယ္ႏိုင္ပါလိမ့္မယ္။ ၂၀၅၈-ခုႏွစ္ စီမံကိန္းတစ္ရပ္လုံး ၿပီးစီးတဲ့အခါ ကြန္တိန္နာေသတၱာ ေပါင္း ၁၆-သန္းအထိ ကိုင္တြယ္ႏိုင္ပါလိမ့္မယ္။ ကုန္ေသတၱာ ေျပာင္းေ႐ႊတင္ခ်ျပဳလုပ္ႏိုင္မယ့္ ဆိပ္ကမ္းတည္ ေဆာက္ေရးအတြက္ အိႏၵိယအစိုးရက တင္ဒါေခၚယူၿပီး ၁-ႏွစ္အၾကာမွာ ယခုစီမံကိန္းေပၚထြက္လာျခင္းျဖစ္ပါ တယ္။

အိႏၵိယအေနနဲ႔ ေရစူးမ်ားတဲ့ သေဘၤာမ်ားအတြက္ ကုန္တင္ခ်ျပဳလုပ္ႏိုင္မယ့္ ဆိပ္ကမ္းအေျခခံအေဆာက္အ အုံဆိုင္ရာ မူဝါဒေကာင္းေကာင္း မရွိပဲ ဆယ္စုႏွစ္မ်ားစြာ ၾကာျမင့္ခဲ့ပါတယ္။ ဒီအတြက္ ပင္လယ္ကူးကုန္သြယ္ ေရ ေၾကာင္းဆိုင္ရာလုပ္ငန္းမ်ားမွာ ေႏွာင့္ေႏွးမႈမ်ား ျဖစ္ခဲ့ရပါတယ္။

အဲဒီ အားနည္းခ်က္ကို မၾကာေသးမီကမွ စတင္ေျပာင္းလဲႏိုင္ခဲ့ေပမယ့္ အိႏၵိယႏိုင္ငံအတြင္း သယ္ယူပို႔ေဆာင္ေရး ဗဟိုခ်က္တစ္ခုခုရွိမေနျခင္းဟာ ႏိုင္ငံတကာနဲ႔ ယွဥ္ၿပိဳင္ရာမွာ ဆက္လက္ ထိခိုက္ေနခဲ့ရပါတယ္။ အိႏၵိယ တိုက္ငယ္ရဲ႕ အေရွ႕ဘက္ကမ္း႐ိုးတန္းရွိ အဓိကဆိပ္ကမ္း အားလုံးနီးပါးနဲ႔ အေနာက္ဘက္ကမ္း႐ိုးတန္းရွိ ဆိပ္ကမ္းအခ်ိဳ႕မွာလည္း ေရစူးမ်ားတဲ့ ပင္လယ္ကူးသေဘၤာမ်ား ဆိုက္ကပ္ႏိုင္ျခင္း မရွိပဲျဖစ္ေနပါတယ္။ အဲဒီဆိပ္ ကမ္းအမ်ားစုဟာ ေရစူး ၈ မီတာမွ ၁၂ မီတာၾကား သေဘၤာမ်ားသာ ဆိုက္ ကပ္ႏိုင္ပါတယ္။ ႏႈိင္းယွဥ္ၾကည့္လွ်င္ ႏိုင္ငံတကာ ကုန္သြယ္ေရေၾကာင္း သေဘၤာမ်ားရဲ႕ ေရစူး၊ ဗ်က္အက်ယ္နဲ႔ ေရလမ္းေၾကာင္းလိုအပ္ခ်က္မ်ားအရ ေရစူး ၁၂ မီတာမွ ၂၀ မီတာၾကား သို႔မဟုတ္ အဲဒီထက္ ေရစူးမ်ားတဲ့ သေဘၤာမ်ားျဖစ္ေလ့ရွိပါတယ္။

ဒီအတြက္ အိႏၵိယဆိပ္ကမ္းမ်ားကို ဆိုက္ေရာက္လာႏိုင္တဲ့ သေဘၤာမ်ားရဲ႕ အ႐ြယ္အစားကို တင္းတင္းၾကပ္ ၾကပ္ ကန႔္သတ္ထားပါတယ္။ ရလဒ္အေနျဖင့္ တန္ခ်ိန္ ၂၅,၀၀၀ မွ ၇၅,၀၀၀ အထိသာ ကုန္ခ်ိန္တင္ႏိုင္တဲ့ ကုန္သြယ္ေရေၾကာင္း သေဘၤာငယ္မ်ားသာ ဆိပ္ကမ္းအတြင္း ဝင္ေရာက္ဆိုက္ကပ္ႏိုင္ၿပီး အဲ့ဒီထက္မ်ားလွ်င္ ဆိပ္ကမ္းအျပင္ဘက္မွာ ေက်ာက္ခ်ထားၿပီး အလုပ္လုပ္ဖို႔သာ ရွိပါတယ္။

သေဘၤာငယ္မ်ားနဲ႔ ကုန္တင္ပို႔ျခင္းထက္ သေဘၤာႀကီးမ်ားကို အသုံးျပဳျခင္းက ကုန္တင္ခ်ျပဳလုပ္ရာမွာ စီးပြားေရးအရ ပိုၿပီးတြက္ေျခကိုက္ပါတယ္။ ကမာၻတစ္ဝန္းအ႐ြယ္အစားႀကီးမားတဲ့ သေဘၤာမ်ားကို တြင္တြင္က်ယ္ က်ယ္ အသုံးျပဳေနခ်ိန္ အဲ့ဒီေနရာမွာ အိႏၵိယဟာ တစ္ပန္းရႈံးေနၿပီး ႏွစ္ၾကာလာေလ ကန႔္သတ္ခ်က္ ႀကီးမား ေလ ျဖစ္ေနပါတယ္။ အထူးသျဖင့္ တင္ခ်စရိတ္ႀကီးမားၿပီး ထိခိုက္မခံႏိုင္တဲ့ ကုန္ေသတၱာမ်ားကို ရက္ရွည္ ထိန္း သိမ္းႏိုင္ဖို႔ ခက္ခဲလာပါတယ္။ ဒီအတြက္ ေသာင္တူးျခင္း၊ ေရေအာက္ၾကမ္းျပင္မွ ႏုံးအႏွစ္မ်ားကို ဖယ္ရွားျခင္း တို႔ျဖင့္ ေျဖရွင္းႏိုင္ေပမယ့္ ကုန္က်စရိတ္အျပင္ ေရတိုလက္ပူတိုက္ ေျဖရွင္းရာ ေရာက္ပါတယ္။

အေကာင္းဆုံးကေတာ့ ကုန္ေသတၱာမ်ားကို သေဘၤာတစ္စီးမွ အျခားတစ္စီးသို႔ ေျပာင္းလဲတင္ေဆာင္နည္း၊ သို႔မဟုတ္ အ႐ြယ္အစားႀကီးမ်ားတဲ့ သေဘၤာမ်ားနဲ႔ သေဘၤာငယ္မ်ားပါ ကြန္တိန္နာမ်ားကို လိုအပ္သလို လႊဲေျပာင္း တင္ေဆာင္ျခင္းျဖစ္ပါတယ္။ အိႏၵိယဆိပ္ကမ္းမ်ားဟာ ေရစူးမ်ားတဲ့ သေဘၤာမ်ားအေနနဲ႔ ဆိုက္ကပ္ႏိုင္ျခင္းမရွိတဲ့အတြက္ ျပည္ပ ပို႔ကြန္တိန္နာမ်ားကို သေဘၤာငယ္မ်ားမွာ သယ္ေဆာင္ၿပီး အျခားတစ္ေနရာမွာ သင့္ရွိေနတဲ့ သေဘၤာႀကီးထံ ေျပာင္းလဲသယ္ေဆာင္ဖို႔ ျဖစ္ပါတယ္။ အဲ့ဒီေနရာဟာ အိႏၵိယပိုင္ ဧရိယာအတြင္းျဖစ္လွ်င္ စီး ပြားေရးအရေရာ အမ်ိဳးသားလုံၿခဳံေရးအရပါ အားလုံးအဆင္ေျပပါလိမ့္မယ္။

အဲဒီလိုအပ္ခ်က္နဲ႔ ကိုက္ညီေနတာ အိႏၵိယသမုဒၵရာအတြင္းရွိ အန္ဒမန္နဲ႔ နီကိုဘာကြၽန္းပဲ ျဖစ္ပါတယ္။ အိႏၵိယ ဆိပ္ကမ္းမ်ားအတြက္ အေနာက္ဘက္ (သီရိလကၤာ) ကိုလံဘို၊ အေရွ႕ဘက္ စကၤာပူနဲ႔ ပင္လယ္ေကြ႕ ဒူဘိုင္း တို႔လို ေဒသတြင္း အျခား အဓိက ဆိပ္ကမ္းမ်ားနဲ႔အတူ ကုန္စည္ပို႔ေဆာင္ေရးအခ်က္အခ်ာေနရာအျဖစ္ ဖန္ တီးဖို႔ ျဖစ္ပါတယ္။ အဲဒီလိုသာ အေကာင္ အထည္ေဖာ္ႏိုင္မယ္ဆိုလွ်င္ အိႏၵိယက တင္ပို႔လိုက္တဲ့ ကြန္တိန္နာ စုစုေပါင္းရဲ႕ ၈၀% ကို ဒူဘိုင္း၊ ကိုလံဘို၊ စကၤာပူဆိပ္ကမ္းမ်ားမွာ ခ်ၿပီး အျခားႏိုင္ငံသြား သေဘၤာႀကီးမ်ားမွာ ေျပာင္းေ႐ႊ႕တင္ေဆာင္စရာ မလိုအပ္ေတာ့ပါ။

အက္ဒမန္နဲ႔ နီကိုဘာကြၽန္းစုမ်ားမွာ ကြၽန္းငယ္ေပါင္း ၂၀၀ ခန႔္နဲ႔ ဖြဲ႕စည္းထားၿပီး အိႏၵိယသမုဒၵရာ အေရွ႕ ေျမာက္ပိုင္းမွာ တည္ရွိပါတယ္။ ေတာင္ဘက္ရွိ ကြၽန္းမ်ားကို နီကိုဘာကြၽန္းစုမ်ားလို႔ ေခၚပါတယ္။ အိႏၵိယအ ခ်ဳပ္အျခာအာဏာပိုင္ နယ္ေျမျဖစ္ၿပီး ကြၽန္းစုမ်ားရဲ႕ အေနာက္ဘက္ကို (Bay of Bengal) ဘဂၤလားပင္လယ္ ေအာ္၊ အေရွ႕ ဘက္ကို (Andaman Sea) ကပၸလီပင္လယ္လို႔ ေခၚပါတယ္။ နက္ရႈိင္းတဲ့ ပင္လယ္ေအာ္နဲ႔ အေရွ႕-အေနာက္ပင္လယ္ေရလမ္းေၾကာင္းမွာ ဗ်ဴဟာေျမာက္ စံျပအေျခအေနမ်ားကို ပိုင္ဆိုင္ပါတယ္။

ကြၽန္းစုမ်ားဟာ ျမန္မာႏိုင္ငံ ဧရာဝတီတိုင္းေဒသႀကီးကမ္း႐ိုးတန္း အေနာက္ေတာင္ဘက္ ေရမိုင္ ၈၁-မိုင္ခန႔္ ေဝးပါတယ္။ အိႏၵိယပိုင္ ကြၽန္းစုမ်ားရဲ႕ ေျမာက္ဘက္ရွိ ကိုကိုးကြၽန္းနဲ႔ ပရီပဲရစ္ကြၽန္းတို႔ဟာ ျမန္မာႏိုင္ငံ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။ အဲဒီလို ေနရာမွာ အိႏၵိယရဲ႕ ကြန္တိနိနာလႊဲေျပာင္းတင္ အခ်က္အခ်ာ ေနရာအျဖစ္ ဖန္တီးႏိုင္ခဲ့လွ်င္ ႏိုင္ငံရပ္ျခား ဆိပ္ကမ္းမ်ားအတြက္ ကုန္က်ေနရတဲ့ စရိတ္စကအျဖစ္ ကြန္တိန္နာတစ္လုံးလွ်င္ ကန္ေဒၚလာ ၂၀၀ မွ ၂၅၀ အ ထိ ယိုေပါက္ကို ပိတ္ႏိုင္ပါလိမ့္ယ္။ ဒါအျပင္ အမ်ားစုဟာ အိႏၵိယဆိပ္ကမ္းမ်ားထံ ေရာက္ရွိသြားၿပီး အလုပ္အကိုင္ဖန္တီးမႈမ်ား ျဖစ္ေပၚေစပါလိမ့္မယ္။

တစ္ခ်က္ခုတ္ၿပီး ႏွစ္ခ်က္ျပတ္ရတာကေတာ့ တ႐ုတ္က BRI ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ အိႏၵိယသမုဒၵရာအတြင္း နက္ရႈိင္းစြာ ရင္းႏွီးျမႇဳပ္ႏွံလာျခင္းကို အားၿပိဳင္ႏိုင္ပါလိမ့္မယ္။ ဒီအခ်က္ဟာ အိႏၵိယရဲ႕ အမ်ိဳးသား လုံၿခဳံေရးအတြက္ အလြန္အေရးႀကီးပါတယ္။ တ႐ုတ္ကုမၸဏီေတြဟာ သီရိလကၤာႏိုင္ငံ ကိုလံဘိုဆိပ္ကမ္းရဲ႕ အစိတ္အပိုင္းအမ်ားအျပားမွာ ဝင္ေရာက္လုပ္ ကိုင္ေနၿပီး ႏိုင္ငံအတြင္း သေဘၤာတင္ ကြန္တိန္နာစုစုေပါင္းရဲ႕ ၄၀ ရာခိုင္ႏႈန္းကို ကိုင္တြယ္ေဆာင္႐ြက္ေနပါၿပီ၊ စီးပြားေရး အက်ပ္အတည္းမ်ားေၾကာင့္ သီရိလကၤာအေနနဲ႔ တ႐ုတ္အေပၚ လိုက္ေလ်ာမႈမ်ား ျပဳလုပ္ခဲ့ရျခင္းဟာ အိႏၵိယအတြက္ စိုးရိမ္မႈျဖစ္ေစခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံအေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်ရန္ အိႏၵိယအတြက္ အဓိက သယ္ယူပို႔ေဆာင္ေရး ဗဟိုခ်က္တစ္ခု ေဖာ္ေဆာင္ရန္ အေရးႀကီးပါတယ္။

စီမံကိန္း လ်ာထားတဲ့ ဂရိတ္နီကိုဘာကြၽန္း ေရျပင္တစ္ဝိုက္ဟာ ေသာင္တူးစရာ မလိုပဲ ေရစူးမ်ားတဲ့ သေဘၤာ ႀကီးမ်ား ဝင္ထြက္ႏိုင္ေလာက္ေအာင္ နက္ရႈိင္းပါတယ္။ အခ်က္အခ်ာက်တဲ့အတြက္ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ တို႔လို ႏိုင္ငံမ်ားမွ ကြန္တိန္နာလႊဲေျပာင္းတင္ေဆာင္ရာမွာ သေဘၤာကုမၸဏီမ်ားအတြက္ ကုန္က်စရိတ္သက္သာ ေစၿပီး ခရီးအကြာအေဝးကို ပိုမိုတိုေတာင္းေစျခင္းက စကၤာပူနဲ႔ ယွဥ္ၿပိဳင္ႏိုင္ပါတယ္။

(Swarajya., 7 September 2024,” Explained: Why India Is Building A Transshipment Port In Andaman And Nicobar's Galathea Bay” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏုတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.