ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဘာသာရေးသဟဇာတဖြစ်မှုကို ထိခိုက်စေရန် မည်သူမျှလုပ်ဆောင်ခွင့်မရှိဟု ယာယီအစိုးရအဖွဲ့ခေါင်းဆောင်ပြော
495
ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄
ဘင်္ဂလားဒေရှ့်ယာယီအစိုးရက နိုင်ငံအတွင်း ဘာသာရေး သဟဇာတဖြစ်မှုများကို ထိခိုက်နစ်စေရန် မည့်သူမျှလုပ်ဆောင်ခွင့်မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စလာမ်ဘာသာဝင်အများဆုံးရှိနေသည့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံတွင် လူနည်းစု နှင့် အခြားဟိန္ဒူဘာသာဝင်များအပေါ် အကြမ်းဖက်မှုများရှိနေရာ အိန္ဒိယနိုင်ငံ နှင့် တင်းမာမှုများဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ရာထူးမှနုတ်ထွက်ကာ အိန္ဒိယနိုင်ငံသို့ထွက်ပြေးခဲ့ပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်ဦးဆောင်သော ယာယီအစိုးရအဖွဲ့က တာဝန်ယူထားကြောင်း သိရသည်။
ယူနွတ် က "ဘယ်သူမှ ဥပဒေကို ကိုယ်ထင်သလိုမျိုးလုပ်လို့ မရဘူး။ တစ်စုံတစ်ဦးဟာ လူအဖွဲ့အစည်းအတွင်း မငြိမ်မသက်ဖြစ်စေမယ်ဆိုရင် အဲဒီသူကို ပြစ်ဒဏ်ပေးရမှာဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်အတွက် ဘင်္ဂလားဒေရှ့်အစိုးရဟာ ဒီမိုကရက်တစ် ဘင်္ဂလားဒေရှ့်နိုင်ငံ ဆက်လက်တည်ဆောက်မှာပါ" ဟု ပြောသည်။
ယူနွတ် သည် သြဂုတ်လ ၈ ရက်တွင် ဘင်္ဂလားဒေရှ့်ယာယီအစိုးရအဖွဲ့၏ အကြံပေးအဖွဲ့အကြီးအကဲအဖြစ်တာဝန်ယူနေကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဇွန်လ နှင့် ဇူလိုင်လအတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ပြည်ပထွက်ပြေးခဲ့ရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဇွန်လနှင့် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကြောင့် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာခဲ့ရာ အနည်းဆုံးလူပေါင်း ၆ဝဝ ကျော် သေဆုံးခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဟိန္ဒူ အပါအဝင် အခြားလူနည်းစုများ တိုက်ခိုက်ခံနေရသည်ဆိုသောသတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် စိုးရိမ်မှုများဖြစ်ရကြောင်း လူအခွင့်အရေးအဖွဲ့များက ပြောသည်။ အိန္ဒိယအစိုးရကလည်း ဟိန္ဒူလူမျိုးများ တိုက်ခိုက်ခံနေရသည်ဆိုသော ဘင်္ဂလားဒေရှ့်နိုင်ငံ၏အခြေအနေကို စောင့်ကြည့်ရန် အထူးအဖွဲ့တစ်ရပ်ဖွဲ့စည်းထားကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းရှိ ဟိန္ဒလူမျိုးများ ဘေးကင်းလုံခြုံမှုရှိစေရန် လုပ်ဆောင်ရန်အတွက် ယူနွတ် ဦးဆောင်သောအစိုးအဖွဲ့ကို တောင်းဆိုထားကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဟိန္ဒလူမျိုးများ ၉ ရာခိုင်နှုန်းသာရှိနေပြီး အစ္စလာမ်ဘာသာဝင်အများစုရှိနေကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်ယာယီအစိုးရက ဟိန္ဒူလူအဖွဲ့အစည်းများအနေဖြင့် ဟိန္ဒူဘာသာရေးပွဲတော်နှင့်ပတ်သက်သောလှုပ်ရှားမှုများ ရပ်တန့်ထားရန် ယခုသီတင်းပတ်အစောပိုင်းတွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
Zawgyi Version;
ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ဘာသာေရးသဟဇာတျဖစ္မႈကို ထိခိုက္ေစရန္ မည္သူမွ်လုပ္ေဆာင္ခြင့္မရွိဟု ယာယီအစိုးရအဖြဲ႕ေခါင္းေဆာင္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄
ဘဂၤလားေဒရွ႕္ယာယီအစိုးရက ႏိုင္ငံအတြင္း ဘာသာေရး သဟဇာတျဖစ္မႈမ်ားကို ထိခိုက္နစ္ေစရန္ မည့္သူမွ်လုပ္ေဆာင္ခြင့္မရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အစၥလာမ္ဘာသာဝင္အမ်ားဆုံးရွိေနသည့္ ဘဂၤလားေဒ့ရွ႕္ႏိုင္ငံတြင္ လူနည္းစု ႏွင့္ အျခားဟိႏၵဴဘာသာဝင္မ်ားအေပၚ အၾကမ္းဖက္မႈမ်ားရွိေနရာ အိႏၵိယႏိုင္ငံ ႏွင့္ တင္းမာမႈမ်ားျဖစ္ပြားေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ ရာထူးမွႏုတ္ထြက္ကာ အိႏၵိယႏိုင္ငံသို႔ထြက္ေျပးခဲ့ၿပီးေနာက္ ဘဂၤလားေဒရွ႕္ႏိုင္ငံကို ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ယူႏြတ္ဦးေဆာင္ေသာ ယာယီအစိုးရအဖြဲ႕က တာဝန္ယူထားေၾကာင္း သိရသည္။
ယူႏြတ္ က "ဘယ္သူမွ ဥပေဒကို ကိုယ္ထင္သလိုမ်ိဳးလုပ္လို႔ မရဘူး။ တစ္စုံတစ္ဦးဟာ လူအဖြဲ႕အစည္းအတြင္း မၿငိမ္မသက္ျဖစ္ေစမယ္ဆိုရင္ အဲဒီသူကို ျပစ္ဒဏ္ေပးရမွာျဖစ္ပါတယ္။ အနာဂတ္မ်ိဳးဆက္အတြက္ ဘဂၤလားေဒရွ႕္အစိုးရဟာ ဒီမိုကရက္တစ္ ဘဂၤလားေဒရွ႕္ႏိုင္ငံ ဆက္လက္တည္ေဆာက္မွာပါ" ဟု ေျပာသည္။
ယူႏြတ္ သည္ ၾသဂုတ္လ ၈ ရက္တြင္ ဘဂၤလားေဒရွ႕္ယာယီအစိုးရအဖြဲ႕၏ အႀကံေပးအဖြဲ႕အႀကီးအကဲအျဖစ္တာဝန္ယူေနေၾကာင္း သိရသည္။
ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ဇြန္လ ႏွင့္ ဇူလိုင္လအတြင္း အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ ျပည္ပထြက္ေျပးခဲ့ရသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ဇြန္လႏွင့္ ဇူလိုင္လအတြင္း ျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲမ်ားေၾကာင့္ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားျဖစ္လာခဲ့ရာ အနည္းဆုံးလူေပါင္း ၆ဝဝ ေက်ာ္ ေသဆုံးခဲ့ေၾကာင္းသိရသည္။
ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ဟိႏၵဴ အပါအဝင္ အျခားလူနည္းစုမ်ား တိုက္ခိုက္ခံေနရသည္ဆိုေသာသတင္းမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ စိုးရိမ္မႈမ်ားျဖစ္ရေၾကာင္း လူအခြင့္အေရးအဖြဲ႕မ်ားက ေျပာသည္။ အိႏၵိယအစိုးရကလည္း ဟိႏၵဴလူမ်ိဳးမ်ား တိုက္ခိုက္ခံေနရသည္ဆိုေသာ ဘဂၤလားေဒရွ႕္ႏိုင္ငံ၏အေျခအေနကို ေစာင့္ၾကည့္ရန္ အထူးအဖြဲ႕တစ္ရပ္ဖြဲ႕စည္းထားေၾကာင္း သိရသည္။
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ဘဂၤလားေဒရွ႕္ႏိုင္ငံအတြင္းရွိ ဟိႏၵလူမ်ိဳးမ်ား ေဘးကင္းလုံၿခဳံမႈရွိေစရန္ လုပ္ေဆာင္ရန္အတြက္ ယူႏြတ္ ဦးေဆာင္ေသာအစိုးအဖြဲ႕ကို ေတာင္းဆိုထားေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ဟိႏၵလူမ်ိဳးမ်ား ၉ ရာခိုင္ႏႈန္းသာရွိေနၿပီး အစၥလာမ္ဘာသာဝင္အမ်ားစုရွိေနေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္ယာယီအစိုးရက ဟိႏၵဴလူအဖြဲ႕အစည္းမ်ားအေနျဖင့္ ဟိႏၵဴဘာသာေရးပြဲေတာ္ႏွင့္ပတ္သက္ေသာလႈပ္ရွားမႈမ်ား ရပ္တန႔္ထားရန္ ယခုသီတင္းပတ္အေစာပိုင္းတြင္ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။