ရုရှားက တရုတ်ရဲ့စက်ပစ္စည်းတွေကို အသုံးပြုပြီး အသေခံဒရုန်းအသစ်တွေကို ထုတ်လုပ်ခဲ့ဟုဆို

 1988

Pika (NP News) - စက်တင်ဘာ ၁၄

ရုရှားအစိုးရဟာ တရုတ်နိုင်ငံက အင်ဂျင်တွေနဲ့ စက်ပစ္စည်းတွေကိုအသုံးပြုပြီး Garpiya-A1 လို့ခေါ်တဲ့ တာဝေးတိုက်ခိုက်ရေးဒရုန်းအသစ်ကို ပြီးခဲ့တဲ့နှစ်မှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ ဥရောပထောက်လှမ်းရေးအေဂျင်စီတစ်ခုရဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံပိုင်စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီ Almaz-Antey ရဲ့ လက်အောက်ခံကုမ္ပဏီ IEMZ Kupol ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လကနေ ၂ဝ၂၄ ခုနှစ် ဇူလိုင်လအတွင်း Garpiya-A1 ဒရုန်းအစီးရေ (၂၅၀၀) ကျော်ကို ထုတ်လုပ်ခဲ့တယ်လို့ ဥရောပထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း တရုတ်နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ ရုရှားဒရုန်းအသစ်တွေရှိနေတာကို အရင်ကတည်းက သတင်းထုတ်ပြန်တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုတာတွေကို IEMZ Kupol နဲ့ Almaz-Antey ကုမ္ပဏီတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။ ရုရှားစစ်တပ်က အသုံးပြုနေတဲ့ Garpiya-A1 ဒရုန်းတွေဟာ အရပ်ဘက်အခြေခံအဆောက်အဦးတွေကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေပြီး အရပ်ဘက်နဲ့စစ်ဘက်ဆိုင်ရာအသေအပျောက်တွေကိုလည်း ဖြစ်ပေါ်စေတယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီသတင်းရင်းမြစ်နှစ်ခုဟာ အသေးစိတ်အချက်အလက်တွေကို ဖော်ပြတာမျိုးမရှိဘဲ ယူကရိန်းမှာတွေ့ရှိခဲ့တဲ့ Garpiya-A1 ဒရုန်းတွေရဲ့အပျက်အစီးဓါတ်ပုံတွေကို ရိုက်တာသတင်းဌာနနဲ့ မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ပေမယ့်လည်း ဓါတ်ပုံတွေကိုတော့ အတည်ပြုနိုင်တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
႐ုရွားက တ႐ုတ္ရဲ႕စက္ပစၥည္းေတြကို အသုံးျပဳၿပီး အေသခံဒ႐ုန္းအသစ္ေတြကို ထုတ္လုပ္ခဲ့ဟုဆို
Pika (NP News) - စက္တင္ဘာ ၁၄

႐ုရွားအစိုးရဟာ တ႐ုတ္ႏိုင္ငံက အင္ဂ်င္ေတြနဲ႔ စက္ပစၥည္းေတြကိုအသုံးျပဳၿပီး Garpiya-A1 လို႔ေခၚတဲ့ တာေဝးတိုက္ခိုက္ေရးဒ႐ုန္းအသစ္ကို ၿပီးခဲ့တဲ့ႏွစ္မွာ စတင္ထုတ္လုပ္ခဲ့တယ္လို႔ ဥေရာပေထာက္လွမ္းေရးေအဂ်င္စီတစ္ခုရဲ႕ သတင္းရင္းျမစ္ႏွစ္ခုက ေျပာၾကားခဲ့ပါတယ္။

႐ုရွားႏိုင္ငံပိုင္စစ္လက္နက္ပစၥည္းထုတ္လုပ္တဲ့ကုမၸဏီ Almaz-Antey ရဲ႕ လက္ေအာက္ခံကုမၸဏီ IEMZ Kupol ဟာ ၂၀၂၃ ခုႏွစ္ ဇူလိုင္လကေန ၂ဝ၂၄ ခုႏွစ္ ဇူလိုင္လအတြင္း Garpiya-A1 ဒ႐ုန္းအစီးေရ (၂၅၀၀) ေက်ာ္ကို ထုတ္လုပ္ခဲ့တယ္လို႔ ဥေရာပေထာက္လွမ္းေရးေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္နည္းပညာနဲ႔ေပါင္းစပ္ထားတဲ့ ႐ုရွားဒ႐ုန္းအသစ္ေတြရွိေနတာကို အရင္ကတည္းက သတင္းထုတ္ျပန္တာမ်ိဳးေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။

အဲဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုတာေတြကို IEMZ Kupol နဲ႔ Almaz-Antey ကုမၸဏီတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔ သိရပါတယ္။ ႐ုရွားစစ္တပ္က အသုံးျပဳေနတဲ့ Garpiya-A1 ဒ႐ုန္းေတြဟာ အရပ္ဘက္အေျခခံအေဆာက္အဦးေတြကို ဆိုးဆိုး႐ြား႐ြားထိခိုက္ပ်က္စီးေစၿပီး အရပ္ဘက္နဲ႔စစ္ဘက္ဆိုင္ရာအေသအေပ်ာက္ေတြကိုလည္း ျဖစ္ေပၚေစတယ္လို႔ သတင္းရင္းျမစ္ႏွစ္ခုက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီသတင္းရင္းျမစ္ႏွစ္ခုဟာ အေသးစိတ္အခ်က္အလက္ေတြကို ေဖာ္ျပတာမ်ိဳးမရွိဘဲ ယူကရိန္းမွာေတြ႕ရွိခဲ့တဲ့ Garpiya-A1 ဒ႐ုန္းေတြရဲ႕အပ်က္အစီးဓါတ္ပုံေတြကို ႐ိုက္တာသတင္းဌာနနဲ႔ မွ်ေဝခဲ့တယ္လို႔လည္း သိရပါတယ္။

အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အခ်က္အလက္ေတြကို ႐ိုက္တာသတင္းဌာနက အတည္ျပဳႏိုင္ခဲ့ေပမယ့္လည္း ဓါတ္ပုံေတြကိုေတာ့ အတည္ျပဳႏိုင္တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.