ဈာပနအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ ကိုမိုရို့စ်သမ္မတ ဓါးနဲ့တိုက်ခိုက်ခံရ

 533

Pika (NP News) - စက်တင်ဘာ ၁၄

ကိုမိုရို့စ်သမ္မတ Azali Assoumani ဟာ စက်တင်ဘာလ(၁၃)ရက်က ဓါးနဲ့တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ကိုမိုရို့စ်သမ္မတ Azali Assoumani ကို ဓါးနဲ့တိုက်ခိုက်ခဲ့တဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ မိုရိုနီမြို့မြောက်ဘက် Salimani Itsandra မြို့မှာ စက်တင်ဘာလ(၁၃)ရက် နေ့လည်(၂)နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက "သမ္မတ Azali Assoumani ဟာ နိုင်ငံအတွက် အရေးပါတဲ့လူတစ်ဦးရဲ့ ဈာပနအခမ်း အနားကို တက်ရောက်နေချိန်အတွင်း ဓါးနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။

Azali Assoumani ဟာ ဓါးနဲ့တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပေမယ့် အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူး။ လက်ရှိမှာတော့ သမ္မတ Azali Assoumani ကို နေအိမ်ကိုပြန်လည်ပို့ဆောင်ခဲ့ပြီးပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။
သမ္မတ Azali Assoumani ကို ဘာကြောင့်ဓါးနဲ့တိုက်ခိုက်ရသလဲဆိုတဲ့အချက်ကိုတော့ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် တိုက်ခိုက်သူဟာ အသက်(၂၀)နှစ်အရွယ် ရဲအရာရှိဟောင်းတစ်ဦးဖြစ်တယ်လို့ Salimani Itsandra မြို့က သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ Azali Assoumani ဟာ ပြီးခဲ့တဲ့မေလမှာ ၎င်းရဲ့လေးကြိမ်မြောက်သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမှုတွေ လုပ်ဆောင်ပြီးနောက် လေးလလောက်အကြာမှာ ယခုလိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

Zawgyi Version;
ဈာပနအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့တဲ့ ကိုမို႐ို႕စ္သမၼတ ဓါးနဲ႔တိုက္ခိုက္ခံရ
Pika (NP News) - စက္တင္ဘာ ၁၄

ကိုမို႐ို႕စ္သမၼတ Azali Assoumani ဟာ စက္တင္ဘာလ(၁၃)ရက္က ဓါးနဲ႔တိုက္ခိုက္ခံခဲ့ရၿပီး ထိခိုက္ဒဏ္ရာေတြရရွိသြားခဲ့တယ္လို႔ အစိုးရေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ကိုမို႐ို႕စ္သမၼတ Azali Assoumani ကို ဓါးနဲ႔တိုက္ခိုက္ခဲ့တဲ့သူကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔လည္း သိရပါတယ္။

အဲဒီတိုက္ခိုက္မႈဟာ မို႐ိုနီၿမိဳ႕ေျမာက္ဘက္ Salimani Itsandra ၿမိဳ႕မွာ စက္တင္ဘာလ(၁၃)ရက္ ေန႔လည္(၂)နာရီေလာက္က ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ေဒသတြင္းသတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။ အစိုးရေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "သမၼတ Azali Assoumani ဟာ ႏိုင္ငံအတြက္ အေရးပါတဲ့လူတစ္ဦးရဲ႕ ဈာပနအခမ္း အနားကို တက္ေရာက္ေနခ်ိန္အတြင္း ဓါးနဲ႔တိုက္ခိုက္ခံခဲ့ရပါတယ္။

Azali Assoumani ဟာ ဓါးနဲ႔တိုက္ခိုက္ခံရမႈေၾကာင့္ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့ေပမယ့္ အသက္အႏၲရာယ္ေတာ့မစိုးရိမ္ရပါဘူး။ လက္ရွိမွာေတာ့ သမၼတ Azali Assoumani ကို ေနအိမ္ကိုျပန္လည္ပို႔ေဆာင္ခဲ့ၿပီးပါၿပီ" လို႔ ေျပာဆိုခဲ့ပါတယ္။
သမၼတ Azali Assoumani ကို ဘာေၾကာင့္ဓါးနဲ႔တိုက္ခိုက္ရသလဲဆိုတဲ့အခ်က္ကိုေတာ့ ယခုအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ တိုက္ခိုက္သူဟာ အသက္(၂၀)ႏွစ္အ႐ြယ္ ရဲအရာရွိေဟာင္းတစ္ဦးျဖစ္တယ္လို႔ Salimani Itsandra ၿမိဳ႕က သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။ Azali Assoumani ဟာ ၿပီးခဲ့တဲ့ေမလမွာ ၎ရဲ႕ေလးႀကိမ္ေျမာက္သမၼတသက္တမ္းအတြက္ က်မ္းသစၥာက်ိန္ဆိုမႈေတြ လုပ္ေဆာင္ၿပီးေနာက္ ေလးလေလာက္အၾကာမွာ ယခုလိုတိုက္ခိုက္ခံခဲ့ရတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.