RT သတင်းဌာနကို ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့ဟု အမေရိကန်အစိုးရပြော
469
ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄
ရုရှားအခြေစိုက် RT သတင်းဌာနကို ပိတ်ဆို့မှုအသစ်များထပ်မံချလိုက်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလီကန်က သတင်းထုတ်ပြန်လိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "အဲဒီသတင်းဌာနဟာ ရုရှားထောက်လှမ်းရေးနဲ့ ဆက်နွယ်နေတယ်။ ပူးပေါင်းဆောင်ရွက်နေပြီး အမေရိကန်ဒီမိုကရေစီကို ထိခိုက်အောင်လုပ်ဆောင်နေတယ်" ဟုပြောသည်။
အဆိုပါသတင်းဌာနသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သားများ အသုံးပြုရန်အတွက် စနိုက်ပါများ၊ ဒရုန်းများ၊ အခြားစစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးနိုင်ရန် ငွေကြေးရှာဖွေပေးနေကြောင်း အဆိုပါသတင်းဌာန၏ ဝန်ထမ်းနှစ်ဦးသည် ယခုနှစ်အတွင်းကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်အစိုးရက ဝေဖန်ပြစ်တင်ထားသည်။
အမေရိကန်နိုင်ငံသည် အကောင်းဆုံးသင်ကြားပေးခဲ့သူဖြစ်ပြီး သတင်းဌာန၏ ဝန်ထမ်းများသည် အမေရိကန်နိုင်ငံတွင် လေ့လာသင်ကြားခဲ့ကာ အမေရိကန်အစိုးရအထောက်အပံ့နှင့်ရပ်တည်ခဲ့ကြောင်း RT သတင်းဌာန တာဝန်ခံအယ်ဒီတာက တုံ့ပြန်ထားသည်။
အမေရိကန် နှင့် ရုရှားနိုင်ငံတို့သည် ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဆက်ဆံရေးတင်းမာလာခဲ့ပြီးအပြန်အလှန်ပိတ်ဆို့မှုများချမှတ်ခြင်း၊ သံတမန်များအား နှင်ထုတ်ခြင်းများရှိခဲ့ကြောင်း သိရသည်။
Zawgyi Version;
RT သတင္းဌာနကို ပိတ္ဆို႔မႈအသစ္မ်ား ထပ္မံခ်မွတ္ခဲ့ဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄
႐ုရွားအေျခစိုက္ RT သတင္းဌာနကို ပိတ္ဆို႔မႈအသစ္မ်ားထပ္မံခ်လိုက္ေၾကာင္း အေမရိကန္ႏိုင္ငံျခား ေရးဝန္ႀကီး အန္တိုနီဘလီကန္က သတင္းထုတ္ျပန္လိုက္သည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက "အဲဒီသတင္းဌာနဟာ ႐ုရွားေထာက္လွမ္းေရးနဲ႔ ဆက္ႏြယ္ေနတယ္။ ပူးေပါင္းေဆာင္႐ြက္ေနၿပီး အေမရိကန္ဒီမိုကေရစီကို ထိခိုက္ေအာင္လုပ္ေဆာင္ေနတယ္" ဟုေျပာသည္။
အဆိုပါသတင္းဌာနသည္ ယူကရိန္းစစ္ပြဲအတြင္း ႐ုရွားစစ္သားမ်ား အသုံးျပဳရန္အတြက္ စႏိုက္ပါမ်ား၊ ဒ႐ုန္းမ်ား၊ အျခားစစ္လက္နက္ပစၥည္းမ်ား ဝယ္ယူေပးႏိုင္ရန္ ေငြေၾကးရွာေဖြေပးေနေၾကာင္း အဆိုပါသတင္းဌာန၏ ဝန္ထမ္းႏွစ္ဦးသည္ ယခုႏွစ္အတြင္းက်င္းပမည့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္ရန္ ႀကိဳးပမ္းေနေၾကာင္း အေမရိကန္အစိုးရက ေဝဖန္ျပစ္တင္ထားသည္။
အေမရိကန္ႏိုင္ငံသည္ အေကာင္းဆုံးသင္ၾကားေပးခဲ့သူျဖစ္ၿပီး သတင္းဌာန၏ ဝန္ထမ္းမ်ားသည္ အေမရိကန္ႏိုင္ငံတြင္ ေလ့လာသင္ၾကားခဲ့ကာ အေမရိကန္အစိုးရအေထာက္အပံ့ႏွင့္ရပ္တည္ခဲ့ေၾကာင္း RT သတင္းဌာန တာဝန္ခံအယ္ဒီတာက တုံ႔ျပန္ထားသည္။
အေမရိကန္ ႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ဆက္ဆံေရးတင္းမာလာခဲ့ၿပီးအျပန္အလွန္ပိတ္ဆို႔မႈမ်ားခ်မွတ္ျခင္း၊ သံတမန္မ်ားအား ႏွင္ထုတ္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။