နော်ဝေနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ လင်းယုန်ငှက် တိုက်ခိုက်ခံရမှုတွေရှိနေ

 2295

ရောင်နီ (NP News) - စက်တင်ဘာ ၁၅

နော်ဝေနိုင်ငံမှာ မိန်းကလေးငယ်တစ်ဦးကို လင်းယုန်ငှက်တစ်ကောင်က သုတ်ချီယူဖို့ ကြိုးစားတဲ့ဖြစ်ရပ် ရှိခဲ့ပါ တယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ပုံမှန်မဟုတ်ဘူးလို့ နော်ဝေးအာဏာပိုင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က နော်ဝေနိုင်ငံအလယ်ပိုင်းရှိ မိသားစု လယ်ယာမြေမှာ ကစားနေတဲ့ လ ၂၀ သား အရွယ် မိန်းကလေးတစ်ဦးဟာ ရွှေရောင်လင်းယုန်ငှက်ရဲ့ကိုက်ချီသုတ်ဖို့ ကြိုးပမ်းခြင်းကို ခံခဲ့ရပါတယ်။ ကလေးရဲ့ မိခင်နဲ့ အိမ်နီးနားချင်းတစ်ဦးတို့က ဒီအဖြစ်အပျက်ကိုမြင်ပြီး လင်းယုန်ကို ခြောက်လှန့်ပြီး သေနတ်နဲ့ ပစ်သတ် လိုက်မှသာ ကလေးဟာ လင်းယုန်ရဲ့လက်ကနေ လွတ်မြောက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင်ကလည်း အလားတူ ကလေးတွေကို လင်းယုန်တိုက်ခိုက်တဲ့ဖြစ်ရပ်မျိုးတွေ ရှိခဲ့သေးတယ်လို့ Norwegian Ornithological Society က ဆိုပါတယ်။ ဒါ့အပြင် ဒီလိုဖြစ်ရပ်မျိုးဟာ လုံးဝ ပုံမှန်မဟုတ်ဘူးလို့လည်း ၎င်းတို့က ဆိုပါတယ်။ နော်ဝေနိုင်ငံမှာ စက်တင်ဘာ တစ်လထဲမှာပဲ လင်းယုန်တိုက်ခိုက်ခံရမှု ၃ မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
၃ ခုစလုံးဟာ ကလေးတွေကို လင်းယုန်ငှက်က သုတ်ချီယူဖို့ကြိုးစားတဲ့ဖြစ်ရပ်တွေပါပဲ။ "နော်ဝေမှာရော နိုင်ငံတကာမှာပါ အလားတူဖြစ်ရပ်မျိုးတွေကို ကျွန်တော်တို့ တွေ့ရလေ့မရှိပါဘူး၊ လင်းယုန်ငှက်ဟာ ပုံမှန် မဟုတ်တဲ့အပြုအမူတွေနဲ့ လူသားတွေအပေါ် ကြောက်ရွံ့မှု ကင်းမဲ့နေကြတယ်” လို့ Norwegian Ornithological Society က ဆိုပါတယ်။ သုတေသီတွေကတော့ ဒါဟာ လင်းယုန်ငှက်တွေ လူသားတွေအပေါ် ပြောင်းလဲ အစာ ရှာလာခြင်းပဲလို့ မှတ်ချက်ပြုကြပါတယ်။

Zawgyi Version
ေနာ္ေဝႏိုင္ငံမွာ ပုံမွန္မဟုတ္တဲ့ လင္းယုန္ငွက္ တိုက္ခိုက္ခံရမႈေတြရွိေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅

ေနာ္ေဝႏိုင္ငံမွာ မိန္းကေလးငယ္တစ္ဦးကို လင္းယုန္ငွက္တစ္ေကာင္က သုတ္ခ်ီယူဖို႔ ႀကိဳးစားတဲ့ျဖစ္ရပ္ ရွိခဲ့ပါ တယ္။ ဒီလိုျဖစ္ရပ္မ်ိဳးဟာ ပုံမွန္မဟုတ္ဘူးလို႔ ေနာ္ေဝးအာဏာပိုင္ေတြက ဆိုပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၇ ရက္က ေနာ္ေဝႏိုင္ငံအလယ္ပိုင္းရွိ မိသားစု လယ္ယာေျမမွာ ကစားေနတဲ့ လ ၂၀ သား အ႐ြယ္ မိန္းကေလးတစ္ဦးဟာ ေ႐ႊေရာင္လင္းယုန္ငွက္ရဲ႕ကိုက္ခ်ီသုတ္ဖို႔ ႀကိဳးပမ္းျခင္းကို ခံခဲ့ရပါတယ္။ ကေလးရဲ႕ မိခင္နဲ႔ အိမ္နီးနားခ်င္းတစ္ဦးတို႔က ဒီအျဖစ္အပ်က္ကိုျမင္ၿပီး လင္းယုန္ကို ေျခာက္လွန႔္ၿပီး ေသနတ္နဲ႔ ပစ္သတ္ လိုက္မွသာ ကေလးဟာ လင္းယုန္ရဲ႕လက္ကေန လြတ္ေျမာက္ခဲ့ပါတယ္။
ဒီျဖစ္ရပ္မတိုင္ခင္ကလည္း အလားတူ ကေလးေတြကို လင္းယုန္တိုက္ခိုက္တဲ့ျဖစ္ရပ္မ်ိဳးေတြ ရွိခဲ့ေသးတယ္လို႔ Norwegian Ornithological Society က ဆိုပါတယ္။ ဒါ့အျပင္ ဒီလိုျဖစ္ရပ္မ်ိဳးဟာ လုံးဝ ပုံမွန္မဟုတ္ဘူးလို႔လည္း ၎တို႔က ဆိုပါတယ္။ ေနာ္ေဝႏိုင္ငံမွာ စက္တင္ဘာ တစ္လထဲမွာပဲ လင္းယုန္တိုက္ခိုက္ခံရမႈ ၃ မႈျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။
၃ ခုစလုံးဟာ ကေလးေတြကို လင္းယုန္ငွက္က သုတ္ခ်ီယူဖို႔ႀကိဳးစားတဲ့ျဖစ္ရပ္ေတြပါပဲ။ "ေနာ္ေဝမွာေရာ ႏိုင္ငံတကာမွာပါ အလားတူျဖစ္ရပ္မ်ိဳးေတြကို ကြၽန္ေတာ္တို႔ ေတြ႕ရေလ့မရွိပါဘူး၊ လင္းယုန္ငွက္ဟာ ပုံမွန္ မဟုတ္တဲ့အျပဳအမူေတြနဲ႔ လူသားေတြအေပၚ ေၾကာက္႐ြံ႕မႈ ကင္းမဲ့ေနၾကတယ္” လို႔ Norwegian Ornithological Society က ဆိုပါတယ္။ သုေတသီေတြကေတာ့ ဒါဟာ လင္းယုန္ငွက္ေတြ လူသားေတြအေပၚ ေျပာင္းလဲ အစာ ရွာလာျခင္းပဲလို႔ မွတ္ခ်က္ျပဳၾကပါတယ္။

Related news

© 2021. All rights reserved.