ထိုင်ဝမ်ရေလက်ကြားကို ဂျာမနီရေတပ်သင်္ဘောတွေဖြတ်သန်းသွားလာမှုက လုံခြုံရေးအန္တရာယ်တွေကို တိုးမြင့်စေတယ်လို့ တရုတ်အစိုးရ စွပ်စွဲပြောဆို

 832

Pika (NP News) - စက်တင်ဘာ ၁၅

ထိုင်ဝမ်ရေလက်ကြားကို ဂျာမနီရေတပ်သင်္ဘောနှစ်စီးဖြတ်သန်းသွားလာမှုဟာ လုံခြုံရေးအန္တရာယ်တွေကို တိုးမြင့်စေတယ်လို့ တရုတ်အစိုးရက စက်တင်ဘာလ(၁၄)ရက်မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဂျာမနီရေတပ်သင်္ဘောနှစ်စီးဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာပြီးနောက် တစ်ရက်အကြာမှာ တရုတ်အစိုးရက ယခုလိုစွပ်စွဲပြောဆိုခဲ့ တာဖြစ်ပါတယ်။

တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ လီရှီက "ဂျာမနီရေတပ်သင်္ဘောတွေရဲ့ဖြတ်သန်းသွားလာမှုဟာ လုံခြုံရေး အန္တရာယ်တွေကို တိုးမြင့်စေပြီး မှားယွင်းတဲ့အချက်ပြမှုတွေကိုဖြစ်ပေါ်စေပါတယ်" လို့ ပြောခဲ့ပါတယ်။ အဲဒီဒေသမှာရှိတဲ့ တရုတ်တပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်မှုတွေနဲ့ရန်စမှုတွေအားလုံးကို ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း လီရှီ က ပြောကြားခဲ့ပါတယ်။

ဖရီးဂိတ်သင်္ဘော Baden-Wuerttemberg နဲ့ ထောက်ပံ့ရေးသင်္ဘော Frankfurt am Main တို့ရဲ့ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းသွားလာမှုကို ဂျာမနီကာကွယ်ရေးဝန်ကြီးဘိုးရစ်ပစ်စတိုးရီးယက်စ်က စက်တင်ဘာလ (၁၃)ရက်မှာ အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် အမေရိကန်စစ်သင်္ဘောတွေနဲ့ အခြားနိုင်ငံတွေရဲ့သင်္ဘောတွေဟာလည်း ထိုင်ဝမ်ရေလက်ကြားကို မကြာခဏဖြတ်သန်းသွားလာလေ့ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဂျာမနီရေတပ်သင်္ဘောတွေရဲ့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာမှုဟာ နှစ်ပေါင်း(၂၀)ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ်ရှုမြင်ထားပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ယခင်က ထုတ်ပြန်ပြောခဲ့ဖူးပါတယ်။

Zawgyi Version
ထိုင္ဝမ္ေရလက္ၾကားကို ဂ်ာမနီေရတပ္သေဘၤာေတြျဖတ္သန္းသြားလာမႈက လုံၿခဳံေရးအႏၲရာယ္ေတြကို တိုးျမႇင့္ေစ တယ္လို႔ တ႐ုတ္အစိုးရ စြပ္စြဲေျပာဆို
Pika (NP News) - စက္တင္ဘာ ၁၅

ထိုင္ဝမ္ေရလက္ၾကားကို ဂ်ာမနီေရတပ္သေဘၤာႏွစ္စီးျဖတ္သန္းသြားလာမႈဟာ လုံၿခဳံေရးအႏၲရာယ္ေတြကို တိုးျမႇင့္ ေစတယ္လို႔ တ႐ုတ္အစိုးရက စက္တင္ဘာလ(၁၄)ရက္မွာ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဂ်ာမနီေရတပ္သေဘၤာႏွစ္စီးဟာ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းသြားလာၿပီးေနာက္ တစ္ရက္အၾကာမွာ တ႐ုတ္အစိုးရက ယခုလိုစြပ္စြဲေျပာဆိုခဲ့ တာျဖစ္ပါတယ္။

တ႐ုတ္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူ လီရွီက "ဂ်ာမနီေရတပ္သေဘၤာေတြရဲ႕ျဖတ္သန္းသြားလာမႈဟာ လုံၿခဳံေရး အႏၲရာယ္ေတြကို တိုးျမႇင့္ေစၿပီး မွားယြင္းတဲ့အခ်က္ျပမႈေတြကို ျဖစ္ေပၚေစပါတယ္" လို႔ ေျပာခဲ့ပါတယ္။ အဲဒီေဒသ မွာရွိတဲ့ တ႐ုတ္တပ္ဖြဲ႕ဝင္ေတြက ၿခိမ္းေျခာက္မႈေတြနဲ႔ရန္စမႈေတြအားလုံးကို ျပတ္ျပတ္သားသား လက္တုံ႔ျပန္သြား မွာျဖစ္တယ္လို႔လည္း လီရွီ က ေျပာၾကားခဲ့ပါတယ္။

ဖရီးဂိတ္သေဘၤာ Baden-Wuerttemberg နဲ႔ ေထာက္ပံ့ေရးသေဘၤာ Frankfurt am Main တို႔ရဲ႕ ထိုင္ဝမ္ ေရလက္ၾကားကို ျဖတ္သန္းသြားလာမႈကို ဂ်ာမနီကာကြယ္ေရးဝန္ႀကီးဘိုးရစ္ပစ္စတိုးရီးယက္စ္က စက္တင္ဘာလ (၁၃)ရက္မွာ အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ အေမရိကန္စစ္သေဘၤာေတြနဲ႔ အျခားႏိုင္ငံေတြရဲ႕သေဘၤာေတြဟာလည္း ထိုင္ဝမ္ေရလက္ၾကားကို မၾကာခဏျဖတ္သန္းသြားလာေလ့ရွိတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ဂ်ာမနီေရတပ္သေဘၤာေတြရဲ႕ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းသြားလာမႈဟာ ႏွစ္ေပါင္း(၂၀)ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ လည္း သိရပါတယ္။ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းႏိုင္ဖို႔အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ယခင္က ထုတ္ျပန္ေျပာခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.