ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်က ရုရှားနဲ့စစ်ပွဲဖြစ်ပွားလိုနေတာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့် စွပ်စွဲပြောဆို

 538

Pika (NP News) - စက်တင်ဘာ ၁၅

လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်အနိုင်ရရှိခဲ့မယ်ဆို ရင် အမေရိကန်ဟာ ရုရှားနဲ့တိုက်ရိုက်စစ်ပွဲဖြစ်ပွားလာနိုင်ပြီး အစုလိုက်အပြုံလိုက်သေဆုံးစေမယ့် နျူကလီးယား စစ်ပွဲကို ဖြစ်ပွားလာစေလိမ့်မယ်လို့ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလ(၁၃)ရက်က နီဗားပြည်နယ် လတ်စ်ဗီးဂတ်စ်မြို့မှာ ပြုလုပ်တဲ့ ကမ်းပိန်းတစ်ခုအတွင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်မှာရှိတဲ့ အရည်အချင်းမရှိတဲ့လူတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ နျူကလီးယားစစ်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ၎င်းကသာ ကမ္ဘာလုံး ဆိုင်ရာစစ်ပွဲကို တားဆီးနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသောသူဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် က "အားလုံးက တတိယကမ္ဘာစစ်မှာ အဆုံးသတ်သွားပါလိမ့်မယ်။ ဂရုမစိုက်ကြဖူးဆိုရင် အစုလိုက် အပြုံလိုက်သေဆုံးစေမယ့် နျူကလီးယားစစ်ပွဲက ဖြစ်ပွားလာပါလိမ့်မယ်။ အမေရိကန်ကခေါင်းဆောင်ပိုင်းတွေက သူတို့ဘာလုပ်နေတယ်ဆိုတာတောင် မသိကြပါဘူး" လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ကို တတိယကမ္ဘာစစ်ကနေ လွတ်မြောက်စေဖို့ လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို ကျွန်တော် အဆုံးသတ်နိုင်ပါတယ်။ ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုလည်း ကျွန်တော်အဆုံးသတ်နိုင်ပါတယ်။ အမေရိကန် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရမယ်ဆိုရင် အရာအားလုံးကို ကျွန်တော်ဖြေရှင်းပေးနိုင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ကို မဲပေးတာဟာ အမေရိကန်ကို ရုရှားနဲ့တိုက်ရိုက်စစ်ပွဲဖြစ်ပွား လာစေဖို့ မဲပေးတာမျိုးဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ၎င်းသာ အမေရိကန်သမ္မတအဖြစ် ဆက်လက်ရှိနေခဲ့မယ်ဆိုရင် ယူကရိန်းပဋိပက္ခကဖြစ်ပွားလာမှာမဟုတ်ဘူးလို့လည်း ဒေါ်နယ်ထရမ့်က ပြောခဲ့ဖူးပါ တယ်။ ဒါ့ပြင် လာမယ့်ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရမယ်ဆိုရင် ယူကရိန်းပဋိပက္ခကို အချိန်(၂၄)နာရီအတွင်း ပြီးဆုံးသွားအောင် ဖြေရှင်းပေးနိုင်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ယခင်က ပြောခဲ့ဖူးပါတယ်။

Zawgyi Version
ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္က ႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားလိုေနတာျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္ စြပ္စြဲေျပာဆို
Pika (NP News) - စက္တင္ဘာ ၁၅

လာမယ့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္အႏိုင္ရရွိခဲ့မယ္ဆို ရင္ အေမရိကန္ဟာ ႐ုရွားနဲ႔တိုက္႐ိုက္စစ္ပြဲျဖစ္ပြားလာႏိုင္ၿပီး အစုလိုက္အၿပဳံလိုက္ေသဆုံးေစမယ့္ န်ဴကလီးယား စစ္ပြဲကို ျဖစ္ပြားလာေစလိမ့္မယ္လို႔ ရီပတ္ဘလစ္ကန္သမၼတေလာင္းေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။

စက္တင္ဘာလ(၁၃)ရက္က နီဗားျပည္နယ္ လတ္စ္ဗီးဂတ္စ္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ကမ္းပိန္းတစ္ခုအတြင္း ေဒၚနယ္ထရမ့္ဟာ အေမရိကန္မွာရွိတဲ့ အရည္အခ်င္းမရွိတဲ့လူေတြေၾကာင့္ျဖစ္ေပၚလာႏိုင္တဲ့ န်ဴကလီးယားစစ္ပြဲနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၎ကသာ ကမာၻလုံး ဆိုင္ရာစစ္ပြဲကို တားဆီးႏိုင္စြမ္းရွိတဲ့ တစ္ဦးတည္းေသာသူျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ က "အားလုံးက တတိယကမာၻစစ္မွာ အဆုံးသတ္သြားပါလိမ့္မယ္။ ဂ႐ုမစိုက္ၾကဖူးဆိုရင္ အစုလိုက္ အၿပဳံလိုက္ေသဆုံးေစမယ့္ န်ဴကလီးယားစစ္ပြဲက ျဖစ္ပြားလာပါလိမ့္မယ္။ အေမရိကန္ကေခါင္းေဆာင္ပိုင္းေတြက သူတို႔ဘာလုပ္ေနတယ္ဆိုတာေတာင္ မသိၾကပါဘူး" လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ကို တတိယကမာၻစစ္ကေန လြတ္ေျမာက္ေစဖို႔ လုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ကတိျပဳခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က "အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲကို ကြၽန္ေတာ္ အဆုံးသတ္ႏိုင္ပါတယ္။ ယူကရိန္းမွာျဖစ္ပြားေနတဲ့စစ္ပြဲကိုလည္း ကြၽန္ေတာ္အဆုံးသတ္ႏိုင္ပါတယ္။ အေမရိကန္ သမၼတအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရမယ္ဆိုရင္ အရာအားလုံးကို ကြၽန္ေတာ္ေျဖရွင္းေပးႏိုင္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္ကို မဲေပးတာဟာ အေမရိကန္ကို ႐ုရွားနဲ႔တိုက္႐ိုက္စစ္ပြဲျဖစ္ပြား လာေစဖို႔ မဲေပးတာမ်ိဳးျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာခဲ့ပါတယ္။ ၎သာ အေမရိကန္သမၼတအျဖစ္ ဆက္လက္ရွိေနခဲ့မယ္ဆိုရင္ ယူကရိန္းပဋိပကၡကျဖစ္ပြားလာမွာမဟုတ္ဘူးလို႔လည္း ေဒၚနယ္ထရမ့္က ေျပာခဲ့ဖူးပါ တယ္။ ဒါ့ျပင္ လာမယ့္ေ႐ြးေကာက္ပြဲမွာ အေမရိကန္သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရမယ္ဆိုရင္ ယူကရိန္းပဋိပကၡကို အခ်ိန္(၂၄)နာရီအတြင္း ၿပီးဆုံးသြားေအာင္ ေျဖရွင္းေပးႏိုင္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ယခင္က ေျပာခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.