Bank OF China နှင့် ပူးပေါင်း၍ ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာတွင် ဆောင်းဦးလယ်လမုန့်ပွဲတော် ကဗျာစာဆိုပြိုင်ပွဲ ကျင်းပ

 963

ယွန်း၊ ချယ်ရီ (NP News) - စက်တင်ဘာ ၁၅

Bank OF China နှင့်ပူးပေါင်း၍ ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာတွင် ဆောင်းဦးလယ်လမုန့်ပွဲတော် ကဗျာစာဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာတွင် စက်တင်ဘာ(၁၄)ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

တရုတ်ယဥ်ကျေးမှုအရ ဆောင်းဦးလယ်လမုန့်ပွဲတော်သည် ငြိမ်းချမ်းခြင်း၊ ဆုံစည်းခြင်း၊ သာယာကောင်းမွန်ခြင်းဆိုသည့် အနက်အဓိပ္ပာယ်ကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို Bank OF China နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Bank OF China အနေဖြင့် ငွေအားဖြင့် ပံ့ပိုးအားဖြည့်ထားကြောင်း Bank OF China ရန်ကုန်ဘဏ်ခွဲမှ Chief Executive Officer Mr.Liu Ying က ပြောသည်။

"ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား ဆောင်းဦးလယ်လမုန့်ပွဲတော်က ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာနဲ့ Bank OF China တို့အတူ ပူးပေါင်းကျင်းပတာဖြစ်ပြီး တရုတ်- မြန်မာယဥ်ကျေးမှုဖလှယ်ရေးအတွက် Bank OF China က ဒီပွဲမှာ ငွေအားနဲ့ ပံ့ပိုး အားဖြည့်ထားပါတယ်" ဟု Mr.Liu Ying က ပြောသည်။

အဆိုပါ ဆောင်းဦးလယ်လမုန့်ပွဲတော် ကဗျာဆိုပွဲသည် "One Belt One Road" စီမံကိန်း၏ "ပြည်သူများအကြား အပြန်အလှန်နားလည်မှုတို့ တိုးမြှင့်လို့၊ နှလုံးသားချင်း နီးကပ်စေနိုင်ရန်" ဟူသော အဆိုပြုချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူး Mr.Li Qianguo၊ ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာ တာဝန်ခံ Mr.Xiang Jianbo နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်း အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Zawgyi Version
Bank OF China ႏွင့္ ပူးေပါင္း၍ ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာတြင္ ေဆာင္းဦးလယ္လမုန႔္ပြဲေတာ္ ကဗ်ာစာဆိုၿပိဳင္ပြဲ က်င္းပ
ယြန္း၊ ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၅

Bank OF China ႏွင့္ပူးေပါင္း၍ ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာတြင္ ေဆာင္းဦးလယ္လမုန႔္ပြဲေတာ္ ကဗ်ာစာဆိုၿပိဳင္ပြဲက်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားကို အလုံၿမိဳ႕နယ္၊ မင္းရဲေက်ာ္စြာလမ္းရွိ ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာတြင္ စက္တင္ဘာ(၁၄)ရက္က က်င္းပခဲ့ျခင္းျဖစ္သည္။

တ႐ုတ္ယဥ္ေက်းမႈအရ ေဆာင္းဦးလယ္လမုန႔္ပြဲေတာ္သည္ ၿငိမ္းခ်မ္းျခင္း၊ ဆုံစည္းျခင္း၊ သာယာေကာင္းမြန္ျခင္းဆိုသည့္ အနက္အဓိပၸာယ္ကို ေဖာ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

အခမ္းအနားကို Bank OF China ႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး Bank OF China အေနျဖင့္ ေငြအားျဖင့္ ပံ့ပိုးအားျဖည့္ထားေၾကာင္း Bank OF China ရန္ကုန္ဘဏ္ခြဲမွ Chief Executive Officer Mr.Liu Ying က ေျပာသည္။

"ၿပိဳင္တူခံစား ဤကမာၻတစ္လႊား ေဆာင္းဦးလယ္လမုန႔္ပြဲေတာ္က ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာနဲ႔ Bank OF China တို႔အတူ ပူးေပါင္းက်င္းပတာျဖစ္ၿပီး တ႐ုတ္- ျမန္မာယဥ္ေက်းမႈဖလွယ္ေရးအတြက္ Bank OF China က ဒီပြဲမွာ ေငြအားနဲ႔ ပံ့ပိုး အားျဖည့္ထားပါတယ္" ဟု Mr.Liu Ying က ေျပာသည္။

အဆိုပါ ေဆာင္းဦးလယ္လမုန႔္ပြဲေတာ္ ကဗ်ာဆိုပြဲသည္ "One Belt One Road" စီမံကိန္း၏ "ျပည္သူမ်ားအၾကား အျပန္အလွန္နားလည္မႈတို႔ တိုးျမႇင့္လို႔၊ ႏွလုံးသားခ်င္း နီးကပ္ေစႏိုင္ရန္" ဟူေသာ အဆိုျပဳခ်က္အတိုင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး သံမႉး Mr.Li Qianguo၊ ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာ တာဝန္ခံ Mr.Xiang Jianbo ႏွင့္ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာ တင္ေမာင္ထြန္း အပါအဝင္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

Related news

© 2021. All rights reserved.