တရုတ်နိုင်ငံရှန်ဟိုင်းမြို့ အင်အားပြင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ပြီး လူပေါင်းသိန်းချီ ဘေးဒုက္ခရောက်ရှိနေ

 1150

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ မုန်တိုင်းဟာ တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်းသိန်းချီ အခက်ခဲများစွာရင်ဆိုင်နေရကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် တစ်နာရီလေတိုက်နှုန်း ၁၅ဝ ကီလိုမီတာနှုန်းနဲ့တိုက်ခတ်ပြီး ရှန်ဟိုင်းမြို့အရှေ့ဘက်ကမ်းရိုးတန်းကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ရှန်ဟိုင်းမြို့ရှိ လူစည်းကားရာ ပန်းခြံများကို ပိတ်ထားသလို အဓိက လေဆိပ်နှစ်ခုကို ပိတ်ထားခဲ့ပြီး ခရီးသည်တင်ရထားဝန်ဆောင်မှုပေါင်း ၅၇ဝ ကို ဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မုန်တိုင်းကြောင့် ရှန်ဟိုင်းမြို့အတွင်း ကြီးမားတဲ့ထိခိုက်ပျက်စီးမှုများစွာဖြစ်ပွားခဲ့ပြီး သစ်ပင်အရေအတွက်ပေါင်း ၁၈ဝဝ ကျော် ပျက်စီးလဲကျခဲ့သလို အိမ်ထောင်စုပေါင်း သုံးသောင်းကျော် လျှပ်စစ်မီး မရဘဲရှိနေကြောင်း၊ လူပေါင်း လေးသိန်းကျော်ကို ဘေးလွှတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးထားပြီး အရေးပေါ်ကယ်ဆယ်ရေးထောင်ချီကို စေလွှတ်ပေးထားကြောင်း သိရပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အင်အားပြင်း စူပါတိုက်ဖွန်းမုန်တိုင်း ယာဂီတိုက်ခတ်ခံရပြီးနောက် ရက်အနည်းငယ်အကြာမှာပဲနောက်ထပ် မုန်တိုင်းတစ်ခုကို ရင်ဆိုင်ရတာဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၂၅ သန်းကျော်ရှိတဲ့ ရှန်ဟိုင်းမြို့အတွင်းမှာ လူများကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။ အဆိုပါမုန်တိုင်းဟာ ရှန်ဟိုင်းမြို့ကို တိုက်ခတ်ခဲ့တဲ့မုန်တိုင်းများအနက် နှစ်ပေါင်း ၇ဝ အတွင်း အားအပြင်းဆုံးဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရွန္ဟိုင္းၿမိဳ႕ အင္အားျပင္းမုန္တိုင္းတစ္ခု ဝင္ေရာက္တိုက္ခတ္ၿပီး လူေပါင္းသိန္းခ်ီ ေဘးဒုကၡေရာက္ ရွိေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

တိုင္ဖြန္းမုန္တိုင္း ဘီဘင္ကာ မုန္တိုင္းဟာ တ႐ုတ္ႏိုင္ငံရွန္ဟိုင္းၿမိဳ႕ကို စက္တင္ဘာ ၁၆ ရက္ နံနက္ပိုင္းက ဝင္ေရာက္တိုက္ခတ္ခဲ့ရာ လူေပါင္းသိန္းခ်ီ အခက္ခဲမ်ားစြာရင္ဆိုင္ေနရေၾကာင္း သိရပါတယ္။ မုန္တိုင္းေၾကာင့္ တစ္နာရီေလတိုက္ႏႈန္း ၁၅ဝ ကီလိုမီတာႏႈန္းနဲ႔တိုက္ခတ္ၿပီး ရွန္ဟိုင္းၿမိဳ႕အေရွ႕ဘက္ကမ္း႐ိုးတန္းကို စက္တင္ဘာ ၁၆ ရက္ နံနက္ပိုင္းမွာ ဝင္ေရာက္တိုက္ခတ္ခဲ့တာျဖစ္ပါတယ္။

မုန္တိုင္းေၾကာင့္ ရွန္ဟိုင္းၿမိဳ႕ရွိ လူစည္းကားရာ ပန္းၿခံမ်ားကို ပိတ္ထားသလို အဓိက ေလဆိပ္ႏွစ္ခုကို ပိတ္ထားခဲ့ၿပီး ခရီးသည္တင္ရထားဝန္ေဆာင္မႈေပါင္း ၅၇ဝ ကို ဆိုင္းငံ့လိုက္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။
မုန္တိုင္းေၾကာင့္ ရွန္ဟိုင္းၿမိဳ႕အတြင္း ႀကီးမားတဲ့ထိခိုက္ပ်က္စီးမႈမ်ားစြာျဖစ္ပြားခဲ့ၿပီး သစ္ပင္အေရအတြက္ေပါင္း ၁၈ဝဝ ေက်ာ္ ပ်က္စီးလဲက်ခဲ့သလို အိမ္ေထာင္စုေပါင္း သုံးေသာင္းေက်ာ္ လွ်ပ္စစ္မီး မရဘဲရွိေနေၾကာင္း၊ လူေပါင္း ေလးသိန္းေက်ာ္ကို ေဘးလႊတ္ရာေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းေပးထားၿပီး အေရးေပၚကယ္ဆယ္ေရးေထာင္ခ်ီကို ေစလႊတ္ေပးထားေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အင္အားျပင္း စူပါတိုက္ဖြန္းမုန္တိုင္း ယာဂီတိုက္ခတ္ခံရၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာပဲေနာက္ထပ္ မုန္တိုင္းတစ္ခုကို ရင္ဆိုင္ရတာျဖစ္ပါတယ္။ မုန္တိုင္းေၾကာင့္ လူေပါင္း ၂၅ သန္းေက်ာ္ရွိတဲ့ ရွန္ဟိုင္းၿမိဳ႕အတြင္းမွာ လူမ်ားကို ေဘးလႊတ္ရာကို ေ႐ႊ႕ေျပာင္းဖို႔ တိုက္တြန္းထားေၾကာင္း သိရပါတယ္။ အဆိုပါမုန္တိုင္းဟာ ရွန္ဟိုင္းၿမိဳ႕ကို တိုက္ခတ္ခဲ့တဲ့မုန္တိုင္းမ်ားအနက္ ႏွစ္ေပါင္း ၇ဝ အတြင္း အားအျပင္းဆုံးျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.