ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု

 4614

ရောင်နီ(NP News) - စက်တင်ဘာ ၁၈

ဇင်ဘာဘွေနိုင်ငံမှာ ဆယ်စုနှစ်ရဲ့ အဆိုးရွားဆုံး မိုးခေါင်မှု ဒဏ်ကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးနေတဲ့ နိုင်ငံသားတွေကို အစာကျွေးဖို့အတွက် ဆင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ခွင့်ပြုထားပါတယ်။

နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဒါကိုဖြေရှင်းဖို့ ဆင်အကောင်ရေ ၂၀၀ ကို သတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့ ဇင်ဘာဘွေ ပန်းခြံနဲ့ တောရိုင်းတိရစ္ဆာန် အာဏာပိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ တီနာရှာဖာရာဝူက တနင်္လာ နေ့ (စက်တင်ဘာ ၁၆ ရက်)မှာ ပြောကြားခဲ့ပါတယ်။ ရက်ရှည် မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာမလုံလောက်မှုကို လျှော့ချဖို့ နမီးဘီးယားနိုင်ငံမှာ ဆင်တွေနဲ့ အခြားတောရိုင်းတိရိစ္ဆာန်တွေကို သုတ်သင်ဖို့ ဆုံးဖြတ်ချက်ချခဲ့သလိုပဲ အဲဒီလမ်းစဉ်အတိုင်း ဇင်ဘာဘွေက လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

အဆိုပါ သတ်ဖြတ်မှုတွေကို တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ပတ် ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက အပြင်းအထန် ဝေဖန်နေပါတယ်။ ဇင်ဘာဘွေဟာ ဆင်ကောင်ရေ ၈၄,၀၀၀ ကျော်ရှိတဲ့နေရာဖြစ်ပြီး ဆင်ကောင်ရေတွေ လိုအပ်တာထက် ပိုများပြားနေတယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး စီသန်ဘီဆိုညိုနီက ပြောကြားပါတယ်။

နမီးဘီးယားနိုင်ငံမှာလည်း ငတ်မွတ်ခေါင်းပါးမှုကြောင့် ဆင်တွေ အပါအဝင် တောရိုင်းတိရိစ္ဆာန် (၇၀၀)ကို ပြီးခဲ့တဲ့လက သတ်ဖြတ်ဖို့ ခွင့်ပြုခဲ့ပြီး ၎င်းတို့ရဲ့အသားတွေကို စားနပ်ရိက္ခာချို့တဲ့သူတွေဆီ ဝေငှဖို့ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

zawgyi version
ဇင္ဘာေဘြႏိုင္ငံမွာ ငတ္မြတ္ေနတဲ့ ျပည္သူေတြကို အစားအစာ ေကြၽးေမြးႏိုင္ဖို႔ ဆင္ေကာင္ေရ (၂၀၀)ကို သတ္ျဖတ္ခြင့္ျပဳ
ေရာင္နီ(NP News) - စက္တင္ဘာ ၁၈

ဇင္ဘာေဘြႏိုင္ငံမွာ ဆယ္စုႏွစ္ရဲ႕ အဆိုး႐ြားဆုံး မိုးေခါင္မႈ ဒဏ္ေၾကာင့္ အစာေရစာ ငတ္မြတ္ေခါင္းပါးေနတဲ့ ႏိုင္ငံသားေတြကို အစာေကြၽးဖို႔အတြက္ ဆင္ေတြကို အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ဖို႔ ခြင့္ျပဳထားပါတယ္။

ႏိုင္ငံလူဦးေရရဲ႕ ထက္ဝက္နီးပါးဟာ ျပင္းထန္တဲ့ ငတ္မြတ္ေခါင္းပါးမႈ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ဒါကိုေျဖရွင္းဖို႔ ဆင္အေကာင္ေရ ၂၀၀ ကို သတ္ပစ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဇင္ဘာေဘြ ပန္းၿခံနဲ႔ ေတာ႐ိုင္းတိရစာၦန္ အာဏာပိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ တီနာရွာဖာရာဝူက တနလၤာ ေန႔ (စက္တင္ဘာ ၁၆ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။ ရက္ရွည္ မိုးေခါင္မႈေၾကာင့္ စားနပ္ရိကၡာမလုံေလာက္မႈကို ေလွ်ာ့ခ်ဖို႔ နမီးဘီးယားႏိုင္ငံမွာ ဆင္ေတြနဲ႔ အျခားေတာ႐ိုင္းတိရိစာၦန္ေတြကို သုတ္သင္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့သလိုပဲ အဲဒီလမ္းစဥ္အတိုင္း ဇင္ဘာေဘြက လုပ္ေဆာင္ေနျခင္း ျဖစ္ပါတယ္။

အဆိုပါ သတ္ျဖတ္မႈေတြကို တိရစာၦန္အခြင့္အေရး လႈပ္ရွားသူေတြနဲ႔ ပတ္ ဝန္းက်င္ ထိန္းသိမ္းေရးသမားေတြက အျပင္းအထန္ ေဝဖန္ေနပါတယ္။ ဇင္ဘာေဘြဟာ ဆင္ေကာင္ေရ ၈၄,၀၀၀ ေက်ာ္ရွိတဲ့ေနရာျဖစ္ၿပီး ဆင္ေကာင္ေရေတြ လိုအပ္တာထက္ ပိုမ်ားျပားေနတယ္လို႔ သဘာဝပတ္ဝန္းက်င္ဝန္ႀကီး စီသန္ဘီဆိုညိဳနီက ေျပာၾကားပါတယ္။

နမီးဘီးယားႏိုင္ငံမွာလည္း ငတ္မြတ္ေခါင္းပါးမႈေၾကာင့္ ဆင္ေတြ အပါအဝင္ ေတာ႐ိုင္းတိရိစာၦန္ (၇၀၀)ကို ၿပီးခဲ့တဲ့လက သတ္ျဖတ္ဖို႔ ခြင့္ျပဳခဲ့ၿပီး ၎တို႔ရဲ႕အသားေတြကို စားနပ္ရိကၡာခ်ိဳ႕တဲ့သူေတြဆီ ေဝငွဖို႔ ခြင့္ျပဳခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.