လူ့ခန္ဓာကိုယ်မှာ အစားအစာကို ထုပ်ပိုးတဲ့ဓာတုပစ္စည်း ၃၆၀၀ ကျော်ထိ တွေ့ရှိလာရတယ်လို့ လေ့လာသူတွေပြော

 358

ရောင်နီ (NP News) - စက်တင်ဘာ ၁၈

အစားအစာထုပ်ပိုးမှု (သို့မဟုတ်) ပြင်ဆင်မှုတွေမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း ၃၆၀၀ ကျော်ကို လူ့ခန္ဓာကိုယ်မှာ တွေ့ရှိလာရတယ်လို့ စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်တဲ့ ဆွီဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Food Packaging Forum Foundation မှ ဦးဆောင်တဲ့လေ့လာမှုတစ်ခုက ပြောကြားပါတယ်။

အဲဒီဓာတုပစ္စည်းတွေထဲက အမျိုးအစား ၁၀၀ ခန့်ဟာ ကျန်းမာရေးအတွက် အလွန်စိုးရိမ်စရာဖြစ်တယ်လို့ လေ့လာမှုကို ဦးဆောင်တဲ့ စာရေးဆရာ ဘာဂစ်ဂီယူကီ က ပြောကြားပါတယ်။ အဲဒီထဲကမှ တချို့ကတော့ PFAS
နဲ့ bisphenol A လို ဓာတုအမျိုးအစားတွေကို တွေ့ရှိလာရတယ်လို့ ဆိုပါတယ်။ အဲဒီဓာတုပစ္စည်းတွေဟာ အစားအစာထုပ်ပိုးမှုတွေမှတဆင့် ပါဝင်လာတာဖြစ်ပြီး အစားအစာနဲ့အတူ ၎င်းတို့ကိုလည်း မြိုချမိသလို ဖြစ်ကာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။

အဆိုပါပစ္စည်းတွေရဲ့ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုတွေကိုတော့ မသိရသေးတာကြောင့် ထပ်ပြီးလေ့လာဖို့ လိုအပ်တယ်လို့ ဒေါက်တာ ဂီယူကဲ က ပြောကြားပါတယ်။ PFAS ကို ထာဝရဓာတုပစ္စည်းလို့ သိကြပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက PFAS နဲ့ ဆက်စပ်ပြီး ကျန်းမာရေးပြဿနာတွေ တွေ့လာရတယ်လို့ ဆိုပါတယ်။ Bisphenol A ကတော့ ပလတ်စတစ်တွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်အဖြစ် သိကြပြီး နိုင်ငံတော်တော်များများက ကလေးပစ္စည်းတွေမှာ တားမြစ်ထားတဲ့ ဓာတုတစ်မျိုးဖြစ်ပါတယ်။

ဒီသုတေသနကို သုတေသီတွေက ပလတ်စတစ်၊ စက္ကူ၊ ဖန်၊ သတ္တု သို့မဟုတ် အခြားပစ္စည်းတွေနဲ့ ထုပ်ပိုးထားတဲ့ အစားအစာ ၁၄,၀၀၀ ခန့်ကို လေ့လာပြီး ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi Version;
လူ႔ခႏၶာကိုယ္မွာ အစားအစာကို ထုပ္ပိုးတဲ့ဓာတုပစၥည္း ၃၆၀၀ ေက်ာ္ထိ ေတြ႕ရွိလာရတယ္လို႔ ေလ့လာသူေတြေျပာ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၈

အစားအစာထုပ္ပိုးမႈ (သို႔မဟုတ္) ျပင္ဆင္မႈေတြမွာ အသုံးျပဳတဲ့ ဓာတုပစၥည္း ၃၆၀၀ ေက်ာ္ကို လူ႔ခႏၶာကိုယ္မွာ ေတြ႕ရွိလာရတယ္လို႔ စက္တင္ဘာ ၁၇ ရက္က ထုတ္ျပန္တဲ့ ဆြီဇာလန္ႏိုင္ငံ၊ ဇူးရစ္ၿမိဳ႕ အေျခစိုက္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Food Packaging Forum Foundation မွ ဦးေဆာင္တဲ့ေလ့လာမႈတစ္ခုက ေျပာၾကားပါတယ္။

အဲဒီဓာတုပစၥည္းေတြထဲက အမ်ိဳးအစား ၁၀၀ ခန႔္ဟာ က်န္းမာေရးအတြက္ အလြန္စိုးရိမ္စရာျဖစ္တယ္လို႔ ေလ့လာမႈကို ဦးေဆာင္တဲ့ စာေရးဆရာ ဘာဂစ္ဂီယူကီ က ေျပာၾကားပါတယ္။ အဲဒီထဲကမွ တခ်ိဳ႕ကေတာ့ PFAS
နဲ႔ bisphenol A လို ဓာတုအမ်ိဳးအစားေတြကို ေတြ႕ရွိလာရတယ္လို႔ ဆိုပါတယ္။ အဲဒီဓာတုပစၥည္းေတြဟာ အစားအစာထုပ္ပိုးမႈေတြမွတဆင့္ ပါဝင္လာတာျဖစ္ၿပီး အစားအစာနဲ႔အတူ ၎တို႔ကိုလည္း ၿမိဳခ်မိသလို ျဖစ္ကာ ခႏၶာကိုယ္ထဲ ဝင္ေရာက္လာတာျဖစ္ပါတယ္။

အဆိုပါပစၥည္းေတြရဲ႕က်န္းမာေရးဆိုင္ရာအက်ိဳးသက္ေရာက္မႈေတြကိုေတာ့ မသိရေသးတာေၾကာင့္ ထပ္ၿပီးေလ့လာဖို႔ လိုအပ္တယ္လို႔ ေဒါက္တာ ဂီယူကဲ က ေျပာၾကားပါတယ္။ PFAS ကို ထာဝရဓာတုပစၥည္းလို႔ သိၾကၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက PFAS နဲ႔ ဆက္စပ္ၿပီး က်န္းမာေရးျပႆနာေတြ ေတြ႕လာရတယ္လို႔ ဆိုပါတယ္။ Bisphenol A ကေတာ့ ပလတ္စတစ္ေတြ ျပဳလုပ္ရာမွာ အသုံးျပဳတဲ့ ဓာတုပစၥည္အျဖစ္ သိၾကၿပီး ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ကေလးပစၥည္းေတြမွာ တားျမစ္ထားတဲ့ ဓာတုတစ္မ်ိဳးျဖစ္ပါတယ္။

ဒီသုေတသနကို သုေတသီေတြက ပလတ္စတစ္၊ စကၠဴ၊ ဖန္၊ သတၱဳ သို႔မဟုတ္ အျခားပစၥည္းေတြနဲ႔ ထုပ္ပိုးထားတဲ့ အစားအစာ ၁၄,၀၀၀ ခန႔္ကို ေလ့လာၿပီး ေဖာ္ထုတ္ခဲ့ျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.