အမေရိကန်နိုင်ငံမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုက အစားအစာ စုစုပေါင်း(၁၀၃၂)ပေါင်ကို ဖန်တီးခင်းကျင်းပြသခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်

 169

Pika (NP News) - စက်တင်ဘာ ၁၉

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင်ရှိသော ဈေးဝယ်စင်တာတစ်ခုသည် အသားများ၊ ဒိန်ခဲများ နှင့် အခြားအရည်အချင်းပြည့်မှီသောအစားအစာများ စုစုပေါင်း(၁ဝ၃၂)ပေါင်ကို ဖန်တီးခင်းကျင်းပြသကာ ရောင်းချခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဈေးဝယ်စင်တာ၏ နှစ်(၃ဝ)ပြည့်အထိမ်းအမှတ်အဖြစ် အစားအစာ စုစုပေါင်း(၁၀၃၂)ပေါင်ကို ဖန်တီး ခင်းကျင်းပြသခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါဂင်းနစ်စံချိန်နှင့်ပတ်သက်ပြီး ယခင်စံချိန်ကို ဖလော်ရီဒါ အစားအစာပို့ဆောင်ရေးဝန်ဆောင်မှု Boarderie ကုမ္ပဏီက ရယူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Boarderie ကုမ္ပဏီသည် အရည်အချင်းပြည့်မှီသော အစားအစာ စုစုပေါင်း(၇၆၉)ပေါင်ကို ဖန်တီးခင်းကျင်းကာ ပြသခဲ့ပြီး ဂင်းနစ်စံချိန်တင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Boarderie ကုမ္ပဏီသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အရည်အချင်းပြည့်မှီသော အစားအစား စုစုပေါင်း(၇၆၉)ပေါင်နှင့်အတူ ဈေးရောင်းချရာ နေရာတစ်ခုကို ဖန်တီးခင်းကျင်းပြသခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့က စစ်ဆေးမှုများလုပ်ဆောင်ကာ တရားဝင် အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဈေးဝယ်စင်တာက "ကျွန်တော်တို့ စင်တာရဲ့နှစ်(၃၀)ပြည့်အထိမ်းအမှတ်အဖြစ် ဒီလိုဖန်တီးဖို့ စိတ်ကူးရခဲ့တာပါ။ အသားတွေ၊ ဒိန်ခဲတွေ နဲ့ အခြားအရည်အချင်းပြည့်မှီတဲ့အစားအစာတွေ စုစုပေါင်း(၁၀၃၂)ပေါင်နဲ့အတူ ဈေးရောင်းချရာနေရာတစ်ခုကို ဖန်တီးခဲ့ပြီးနောက်မှာ ယခုလိုဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့တာပါ။ ဒီဂင်းနစ်စံချိန်ကို ရရှိခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်" ဟု ဖေ့စ်ဘုတ်တွင် ရေးသားဖော်ပြခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာရွိတဲ့ ေဈးဝယ္စင္တာတစ္ခုက အစားအစာ စုစုေပါင္း(၁၀၃၂)ေပါင္ကို ဖန္တီးခင္းက်င္းျပသခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - စက္တင္ဘာ ၁၉

အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္ ေအာ္စတင္ၿမိဳ႕တြင္ရွိေသာ ေဈးဝယ္စင္တာတစ္ခုသည္ အသားမ်ား၊ ဒိန္ခဲမ်ား ႏွင့္ အျခားအရည္အခ်င္းျပည့္မွီေသာအစားအစာမ်ား စုစုေပါင္း(၁ဝ၃၂)ေပါင္ကို ဖန္တီးခင္းက်င္းျပသကာ ေရာင္းခ်ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါေဈးဝယ္စင္တာ၏ ႏွစ္(၃ဝ)ျပည့္အထိမ္းအမွတ္အျဖစ္ အစားအစာ စုစုေပါင္း(၁၀၃၂)ေပါင္ကို ဖန္တီး ခင္းက်င္းျပသခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါဂင္းနစ္စံခ်ိန္ႏွင့္ပတ္သက္ၿပီး ယခင္စံခ်ိန္ကို ဖေလာ္ရီဒါ အစားအစာပို႔ေဆာင္ေရးဝန္ေဆာင္မႈ Boarderie ကုမၸဏီက ရယူထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Boarderie ကုမၸဏီသည္ အရည္အခ်င္းျပည့္မွီေသာ အစားအစာ စုစုေပါင္း(၇၆၉)ေပါင္ကို ဖန္တီးခင္းက်င္းကာ ျပသခဲ့ၿပီး ဂင္းနစ္စံခ်ိန္တင္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Boarderie ကုမၸဏီသည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလတြင္ အရည္အခ်င္းျပည့္မွီေသာ အစားအစား စုစုေပါင္း(၇၆၉)ေပါင္ႏွင့္အတူ ေဈးေရာင္းခ်ရာ ေနရာတစ္ခုကို ဖန္တီးခင္းက်င္းျပသခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္အဖြဲ႕က စစ္ေဆးမႈမ်ားလုပ္ေဆာင္ကာ တရားဝင္ အသိအမွတ္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဈးဝယ္စင္တာက "ကြၽန္ေတာ္တို႔ စင္တာရဲ႕ႏွစ္(၃၀)ျပည့္အထိမ္းအမွတ္အျဖစ္ ဒီလိုဖန္တီးဖို႔ စိတ္ကူးရခဲ့တာပါ။ အသားေတြ၊ ဒိန္ခဲေတြ နဲ႔ အျခားအရည္အခ်င္းျပည့္မွီတဲ့အစားအစာေတြ စုစုေပါင္း(၁၀၃၂)ေပါင္နဲ႔အတူ ေဈးေရာင္းခ်ရာေနရာတစ္ခုကို ဖန္တီးခဲ့ၿပီးေနာက္မွာ ယခုလိုဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့တာပါ။ ဒီဂင္းနစ္စံခ်ိန္ကို ရရွိခဲ့တဲ့အတြက္ တကယ္ကိုဝမ္းသာမိပါတယ္" ဟု ေဖ့စ္ဘုတ္တြင္ ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.