ယီမင်နိုင်ငံအနီးမှာ အမေရိကန်ဒေါ်လာသန်း(၃ဝ)တန်ဖိုးရှိ MQ-9 ဒရုန်းတစ်စင်းပျက်ကျခဲ့တယ်လို့ အမေရိကန် စစ်တပ်အတည်ပြု

 710

Pika (NP News) - စက်တင်ဘာ ၁၉

အမေရိကန်ဒေါ်လာသန်း(၃၀)တန်ဖိုးရှိ MQ-9 ဒရုန်းတစ်စင်းဟာ ယခုသီတင်းပတ်အစောပိုင်းမှာ ယီမင်နိုင်ငံ အနီးမှာ ပျက်ကျခဲ့တယ်လို့ အမေရိကန်စစ်တပ်က အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်ထုတ် MQ-9 ဒရုန်းသုံးစင်းအနက် တစ်စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့တယ်လို့ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက်ပိုင်း အမေရိကန်စစ်တပ်ရဲ့အတည်ပြု ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်အရာရှိ ပက်ရိုက်ဒါက "ပြီးခဲ့တဲ့စက်တင်ဘာလ(၁၆)ရက်က MQ-9 ဒရုန်းတစ်စင်း ဟာ ယီမင်နိုင်ငံအနီးတစ်ဝိုက်မှာပျက်ကျခဲ့တာကို ကျွန်တော်တို့အတည်ပြုနိုင်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပေမယ့် နောက်ထပ်အသေးစိတ်အချက်အလက်တွေတော့ ကျွန်တော့်ဆီမှာ မရှိပါဘူး" လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်ထုတ် MQ-9 ဒရုန်းသုံးစင်းအနက်တစ်စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့က စက်တင်ဘာလ(၁၆)ရက်မှာ ထုတ်ပြန်ပြောခဲ့ပါတယ်။ ဒါ့ပြင် အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားတဲ့အချိန်ကစတင်ပြီး ယခုအချိန်အထိ MQ-9 ဒရုန်း အနည်းဆုံး(၁၀)စင်းကို ပစ်ချနိုင်ခဲ့တယ် လို့လည်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။

အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ပက်ရိုက်ဒါက စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ လုံခြုံရေး အကြောင်းပြချက်တွေကြောင့် အရေအတွက်တွေကို အတိအကျထုတ်ဖော်မပြောဆိုနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ပက်ရိုက်ဒါက "ကျွန်တော်ပြောနိုင်တာကတော့ အဲဒီအရေအတွက်တွေက တိကျမှုမရှိဘူးဆိုတာပါပဲ။ MQ-9 ဒရုန်း(၁ဝ)စင်းဆိုတာက အရမ်းများတဲ့ အရေအတွက်တစ်ခုပဲ ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဟူသီလက်နက်ကိုင် အဖွဲ့ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ကိုထောက်ခံတဲ့အနေနဲ့ ပင်လယ်နီအတွင်းမှာသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေနဲ့ စစ်ဘက်ဆိုင်ရာသင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အမေရိကန် ဒါမှမဟုတ် အစ္စရေးတို့နဲ့ ဆက်နွယ်နေတဲ့သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ နိုင်ငံပေါင်းများစွာပါဝင်တဲ့ နိုင်ငံတကာရေတပ် ညွန့်ပေါင်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ယီမင္ႏိုင္ငံအနီးမွာ အေမရိကန္ေဒၚလာသန္း(၃ဝ)တန္ဖိုးရွိ MQ-9 ဒ႐ုန္းတစ္စင္းပ်က္က်ခဲ့တယ္လို႔ အေမရိကန္ စစ္တပ္အတည္ျပဳ
Pika (NP News) - စက္တင္ဘာ ၁၉

အေမရိကန္ေဒၚလာသန္း(၃၀)တန္ဖိုးရွိ MQ-9 ဒ႐ုန္းတစ္စင္းဟာ ယခုသီတင္းပတ္အေစာပိုင္းမွာ ယီမင္ႏိုင္ငံ အနီးမွာ ပ်က္က်ခဲ့တယ္လို႔ အေမရိကန္စစ္တပ္က အတည္ျပဳခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အေမရိကန္ထုတ္ MQ-9 ဒ႐ုန္းသုံးစင္းအနက္ တစ္စင္းကို ေအာင္ျမင္စြာ ပစ္ခ်ႏိုင္ခဲ့တယ္လို႔ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ပိုင္း အေမရိကန္စစ္တပ္ရဲ႕အတည္ျပဳ ခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။

အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္အရာရွိ ပက္႐ိုက္ဒါက "ၿပီးခဲ့တဲ့စက္တင္ဘာလ(၁၆)ရက္က MQ-9 ဒ႐ုန္းတစ္စင္း ဟာ ယီမင္ႏိုင္ငံအနီးတစ္ဝိုက္မွာပ်က္က်ခဲ့တာကို ကြၽန္ေတာ္တို႔အတည္ျပဳႏိုင္ပါတယ္။ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနေပမယ့္ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြေတာ့ ကြၽန္ေတာ့္ဆီမွာ မရွိပါဘူး" လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အေမရိကန္ထုတ္ MQ-9 ဒ႐ုန္းသုံးစင္းအနက္တစ္စင္းကို ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့ တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕က စက္တင္ဘာလ(၁၆)ရက္မွာ ထုတ္ျပန္ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အစၥေရး-ဟားမက္စစ္ပြဲျဖစ္ပြားတဲ့အခ်ိန္ကစတင္ၿပီး ယခုအခ်ိန္အထိ MQ-9 ဒ႐ုန္း အနည္းဆုံး(၁၀)စင္းကို ပစ္ခ်ႏိုင္ခဲ့တယ္ လို႔လည္း ဟူသီလက္နက္ကိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

အဲဒီေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းရာမွာ ပက္႐ိုက္ဒါက စစ္ဆင္ေရးနဲ႔ပတ္သက္တဲ့ လုံၿခဳံေရး အေၾကာင္းျပခ်က္ေတြေၾကာင့္ အေရအတြက္ေတြကို အတိအက်ထုတ္ေဖာ္မေျပာဆိုႏိုင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ ပက္႐ိုက္ဒါက "ကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ အဲဒီအေရအတြက္ေတြက တိက်မႈမရွိဘူးဆိုတာပါပဲ။ MQ-9 ဒ႐ုန္း(၁ဝ)စင္းဆိုတာက အရမ္းမ်ားတဲ့ အေရအတြက္တစ္ခုပဲ ျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလ(၇)ရက္မွာ အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ဟူသီလက္နက္ကိုင္ အဖြဲ႕ဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ကိုေထာက္ခံတဲ့အေနနဲ႔ ပင္လယ္နီအတြင္းမွာသြားလာေနတဲ့ ကုန္တင္သေဘၤာေတြနဲ႔ စစ္ဘက္ဆိုင္ရာသေဘၤာေတြကို ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြ နဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အေမရိကန္ ဒါမွမဟုတ္ အစၥေရးတို႔နဲ႔ ဆက္ႏြယ္ေနတဲ့သေဘၤာေတြကို ပစ္ခတ္တိုက္ခိုက္မႈေတြ အႀကိမ္ေပါင္းမ်ားစြာလုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္ဟာ ႏိုင္ငံေပါင္းမ်ားစြာပါဝင္တဲ့ ႏိုင္ငံတကာေရတပ္ ၫြန႔္ေပါင္းတပ္ဖြဲ႕ကို ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.