ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်

 165

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၁၉

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများ နှင့် ရေဘေးသင့်ဒေ သများ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုရန် သွပ်အချပ်ရေသုံးသောင်း ကို ကာလပေါက်ဈေးအောက် (၄ဝ)ရာခိုင်နှုန်း လျှော့ဈေးဖြင့်ရောင်းချပေးသွာမည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"အချပ်ရေကန့်သတ်ချက်မရှိပါဘူး။ လျှောက်လွှာ တင်လိုက်ရင်ရပါတယ်။ လျှော့ဈေးနဲ့ ရောင်းပေးတယ်ဆိုတာက လက်ရှိမြေပြင်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ အလှူရှင်တွေရော၊ အိမ်(၁ဝ)လုံးပဲနိုင်နိုင်၊ (၅) လုံးပဲနိုင်နိုင်လှူလို့ရှိရင် ကျွန်တော်တို့က လက်ရှိပေါက်ဈေးထက် (၄ဝ)ရာခိုင်နှုန်းလျှော့ချပြီး များများလှူလို့ရအောင်လျှော့ပေးတာပါ။ ကျွန်တော်တို့ဘက်က အလှူသ ဘောသက်ရောက်သွားအောင်လို့ပါ"ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေဘေးသင့်ဒေသများတွင် အိမ်ယာများ ပြန်လည်ထူထောင်ရန် အမိုးသွပ် 0.348 mm ရှိ 4 Angle Roofing Sheets အချပ်ရေ သုံးသောင်းအား (၄ဝ) ရာခိုင်နှုန်းလျှော့ဈေး (၁ ပေလျှင် ၂၅၀၀ ကျပ်) ဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။ ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အလှူရှင်များ၊ အဖွဲ့အစည်းများသည် လှူဒါန်းလိုသည့် မြို့နယ်၊ သွပ်ပြားအရေအတွက် မည်မျှလှူဒါန်းမည်ဆိုသည်ကိုဖော်ပြကာ လျှောက်ထား ဝယ်ယူသွားနိုင်ကြောင်း သိရသည်။

“ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်း လိုအပ်တာမဟုတ်ဘူး။ တခြားဆုံးရှုံးသွားတဲ့ အသက်မွေးဝမ်းကြောင်းတွေကိုလည်း အကူအညီပေးစေချင်တယ်” ဟု နာမည်ကျော်ပရဟိတ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတစ်ဦးကပြော သည်။

ရေးဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးအတွက်လည်း သက်ဆိုင်ရာ ပရဟိတ အသင်းအဖွဲ့များအပြင် အနုပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ သက်ဆိုင်ရာဒေသ အာဏာပိုင်းများကလည်း ဆောင်ရွက်‌ပေးလျက်ရှိသည်။

zawgyi version
ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းက ေရေဘးသင့္ေဒသမ်ားအတြက္ သြပ္ခ်ပ္ေရ သုံးေသာင္းကို သက္သာေသာႏႈန္းျဖင့္ ေရာင္းခ်ေပးမည္
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၁၉

ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းမွ ေရေဘးသင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရးအတြက္ သြပ္ခ်ပ္ေရ သုံးေသာင္းကို သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးသြားမည္ဟု သိရသည္။

ျမန္မာႏိုင္ငံတစ္ဝန္းျဖစ္ပြားခဲ့သည့္ ေရႀကီးေရလွ်ံမႈမ်ား ႏွင့္ ေရေဘးသင့္ေဒ သမ်ား ျပန္လည္ထူေထာင္ေရးတြင္ အသုံးျပဳရန္ သြပ္အခ်ပ္ေရသုံးေသာင္း ကို ကာလေပါက္ေဈးေအာက္ (၄ဝ)ရာခိုင္ႏႈန္း ေလွ်ာ့ေဈးျဖင့္ေရာင္းခ်ေပးသြာမည္ဟု ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းမွ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

"အခ်ပ္ေရကန႔္သတ္ခ်က္မရွိပါဘူး။ ေလွ်ာက္လႊာ တင္လိုက္ရင္ရပါတယ္။ ေလွ်ာ့ေဈးနဲ႔ ေရာင္းေပးတယ္ဆိုတာက လက္ရွိေျမျပင္မွာ ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြ၊ အလႉရွင္ေတြေရာ၊ အိမ္(၁ဝ)လုံးပဲႏိုင္ႏိုင္၊ (၅) လုံးပဲႏိုင္ႏိုင္လႉလို႔ရွိရင္ ကြၽန္ေတာ္တို႔က လက္ရွိေပါက္ေဈးထက္ (၄ဝ)ရာခိုင္ႏႈန္းေလွ်ာ့ခ်ၿပီး မ်ားမ်ားလႉလို႔ရေအာင္ေလွ်ာ့ေပးတာပါ။ ကြၽန္ေတာ္တို႔ဘက္က အလႉသ ေဘာသက္ေရာက္သြားေအာင္လို႔ပါ"ဟု ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ ငန္းရွင္မ်ားအသင္းခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေရေဘးသင့္ေဒသမ်ားတြင္ အိမ္ယာမ်ား ျပန္လည္ထူေထာင္ရန္ အမိုးသြပ္ 0.348 mm ရွိ 4 Angle Roofing Sheets အခ်ပ္ေရ သုံးေသာင္းအား (၄ဝ) ရာခိုင္ႏႈန္းေလွ်ာ့ေဈး (၁ ေပလွ်င္ ၂၅၀၀ က်ပ္) ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ ေၾကာင္း သိရသည္။ ေရေဘးသင့္ေဒသ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ အလႉရွင္မ်ား၊ အဖြဲ႕အစည္းမ်ားသည္ လႉဒါန္းလိုသည့္ ၿမိဳ႕နယ္၊ သြပ္ျပားအေရအတြက္ မည္မွ်လႉဒါန္းမည္ဆိုသည္ကိုေဖာ္ျပကာ ေလွ်ာက္ထား ဝယ္ယူသြားႏိုင္ေၾကာင္း သိရသည္။

“ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခုတည္း လိုအပ္တာမဟုတ္ဘူး။ တျခားဆုံးရႈံးသြားတဲ့ အသက္ေမြးဝမ္းေၾကာင္းေတြကိုလည္း အကူအညီေပးေစခ်င္တယ္” ဟု နာမည္ေက်ာ္ပရဟိတ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသမီးတစ္ဦးကေျပာ သည္။

ေရးေဘးသင့္ေဒသမ်ား ကူညီကယ္ဆယ္ေရးအတြက္လည္း သက္ဆိုင္ရာ ပရဟိတ အသင္းအဖြဲ႕မ်ားအျပင္ အႏုပညာရွင္မ်ား၊ လုပ္ငန္းရွင္မ်ား၊ ပုဂၢလိက အသင္းအဖြဲ႕မ်ား၊ သက္ဆိုင္ရာေဒသ အာဏာပိုင္းမ်ားကလည္း ေဆာင္႐ြက္‌ေပးလ်က္ရွိသည္။

Related news

© 2021. All rights reserved.