အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ

 332

Pika (NP News) - စက်တင်ဘာ ၁၉

ရုရှားသမ္မတပူတင်ဟာ အီရန်နိုင်ငံနဲ့မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဆိုပြုချက်ကို လက်ခံခဲ့တယ်လို့ နိုင်ငံပိုင်ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးတာဟာ သင့်လျော်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပေမယ့်လည်း ဘယ်အချိန်မှာ လက်မှတ်ရေးထိုးမယ်ဆိုတဲ့အချက်ကိုတော့ ဖော်ပြထားတာမျိုးမရှိဘူးလို့ သိရပါတယ်။

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် စစ်လက်နက်ပစ္စည်းတွေကို အီရန်က ရုရှားကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အီရန်နဲ့ ရုရှားတို့ကြား ပူးပေါင်း ဆောင်ရွက်မှုဟာ အလယ်အလတ်အဆင့်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ ရုရှားဟာ အီရန်ဆီကနေ ပဲ့ထိန်း ဒုံးကျည်တွေကို လက်ခံရရှိပြီး လာမယ့်သီတင်းပတ်တွေအတွင်း ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုနိုင်ဖွယ် ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က စက်တင်ဘာလ(၁၇)ရက်မှာ ထုတ်ပြန်ပြော ခဲ့ပါတယ်။

ဒါ့ပြင် ရုရှားနဲ့ အီရန်ကြားပူးပေါင်းဆောင်ရွက်မှုဟာ ဥရောပလုံခြုံရေးကို ကျယ်ကျယ်ပြန့်ပြန့်ခြိမ်းခြောက်နေတယ် လို့ အန်တိုနီဘလင်ကန်က ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ(၁၇)ရက်မှာ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန် နဲ့ ပြင်သစ်တို့ဟာ အီရန်အမျိုးသားလေကြောင်းလိုင်း Iran Air ကို ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေကို ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အီရန်အစိုးရဟာ ရုရှားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့ခဲ့တာမျိုးမရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က စက်တင်ဘာလ(၁၈)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အီရန်အပေါ် အမေရိကန်နဲ့ အခြားဥရောပသုံးနိုင်ငံက ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေဟာ အဖြေမဟုတ်ဘူးလို့လည်း Abbas Araqchi က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အီရန္နဲ႔ မဟာဗ်ဴဟာေျမာက္မိတ္ဖက္သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးဖို႔ ႐ုရွားသမၼတပူတင္ သေဘာတူ
Pika (NP News) - စက္တင္ဘာ ၁၉

႐ုရွားသမၼတပူတင္ဟာ အီရန္ႏိုင္ငံနဲ႔မဟာဗ်ဴဟာေျမာက္မိတ္ဖက္သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးဖို႔ ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕အဆိုျပဳခ်က္ကို လက္ခံခဲ့တယ္လို႔ ႏိုင္ငံပိုင္ဝက္ဘ္ဆိုက္မွာ ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြအရ သိရပါတယ္။
အဲဒီသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးတာဟာ သင့္ေလ်ာ္တဲ့လုပ္ရပ္တစ္ခုျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားေပမယ့္လည္း ဘယ္အခ်ိန္မွာ လက္မွတ္ေရးထိုးမယ္ဆိုတဲ့အခ်က္ကိုေတာ့ ေဖာ္ျပထားတာမ်ိဳးမရွိဘူးလို႔ သိရပါတယ္။

ယူကရိန္းစစ္ပြဲမွာ အသုံးျပဳဖို႔အတြက္ စစ္လက္နက္ပစၥည္းေတြကို အီရန္က ႐ုရွားကို ေထာက္ပံ့ေပးေနတယ္ဆိုတဲ့ အစီရင္ခံစာေတြ ထြက္ေပၚလာၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း အီရန္နဲ႔ ႐ုရွားတို႔ၾကား ပူးေပါင္း ေဆာင္႐ြက္မႈဟာ အလယ္အလတ္အဆင့္ကို ေရာက္ရွိလာခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားဟာ အီရန္ဆီကေန ပဲ့ထိန္း ဒုံးက်ည္ေတြကို လက္ခံရရွိၿပီး လာမယ့္သီတင္းပတ္ေတြအတြင္း ယူကရိန္းကို တိုက္ခိုက္ရာမွာ အသုံးျပဳႏိုင္ဖြယ္ ရွိေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္က စက္တင္ဘာလ(၁၇)ရက္မွာ ထုတ္ျပန္ေျပာ ခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွားနဲ႔ အီရန္ၾကားပူးေပါင္းေဆာင္႐ြက္မႈဟာ ဥေရာပလုံၿခဳံေရးကို က်ယ္က်ယ္ျပန႔္ျပန႔္ၿခိမ္းေျခာက္ေနတယ္ လို႔ အန္တိုနီဘလင္ကန္က ေျပာၾကားခဲ့ပါတယ္။ စက္တင္ဘာလ(၁၇)ရက္မွာ အေမရိကန္၊ ဂ်ာမနီ၊ ၿဗိတိန္ နဲ႔ ျပင္သစ္တို႔ဟာ အီရန္အမ်ိဳးသားေလေၾကာင္းလိုင္း Iran Air ကို ပိတ္ဆို႔အေရးယူမႈေတြ အပါအဝင္ အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈအသစ္ေတြကို ခ်မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

အီရန္အစိုးရဟာ ႐ုရွားႏိုင္ငံကို ပဲ့ထိန္းဒုံးက်ည္ေတြ ေပးပို႔ခဲ့တာမ်ိဳးမရွိဘူးလို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Abbas Araqchi က စက္တင္ဘာလ(၁၈)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အီရန္အေပၚ အေမရိကန္နဲ႔ အျခားဥေရာပသုံးႏိုင္ငံက ခ်မွတ္ထားတဲ့ပိတ္ဆို႔အေရးယူမႈေတြဟာ အေျဖမဟုတ္ဘူးလို႔လည္း Abbas Araqchi က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.