ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို

 235

ယွန်း (NP News) - စက်တင်ဘာ ၁၉

ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူရန် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေကြောင်း MAI မှ စက်တင်ဘာ(၁၈)ရက်နေ့က အသိ ပေးထုတ်ပြန်ထားသည်။

Myanmar Airways International (MAI) အနေဖြင့် ပြီးခဲ့သည့် စက်တင် ဘာ(၁၃)ရက်မှစ၍ လက်ရှိအချိန်အထိ ပြည်တွင်းပြည်ပအသီးသီးမှ မြန်မာ နိုင်ငံရှိ ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသည့် ကယ်ဆယ်ရေး၊ ပြန် လည်ထူထောင်ရေး နှင့် ထောက်ပံ့ရေးပစ္စည်းများကို အခမဲ့ကူညီသယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရသည်။

သံရုံးများ၊ အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီအဖွဲ့အစည်းများအပြင် ပြည်ပရောက်မြန်မာနိုင်ငံသားများမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် ပစ္စည်းများကို ရန်ကုန်သို့လည်းကောင်း ထိုမှတဆင့် ရေကြီးရေလျှံမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို အများဆုံးခံစားရသည့် နေပြည်တော်၊ မန္တလေး၊ တာချီလိတ်၊ ဟဲဟိုး နှင့် ကျိုင်းတုံမြို့များသို့ ပုံမှန်ပြေးဆွဲနေသည့် Flight များဖြင့် သယ်ယူပို့ဆောင်နေကြောင်း MAI က ဆိုထားသည်။

ထို့ပြင် အ‌ရေးပေါ်ရောက်ရှိရန်လိုအပ်နေသည့် ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရန်အတွက် Freighter Flight များကိုပါ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သီးသန့်စီစဥ်ပြေးဆွဲ၍ သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

MAI အနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြုံတွေ့နေရသည့် ကာလတွင်လည်း ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ လှူဒါန်းသည့်ပစ္စည်းများကို မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အခမဲ့သယ်ယူ ပို့‌ဆောင်ပေးခဲ့သည့်အပြင် ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်သည့်အချိန်တွင်လည်း အရေးပေါ်ပစ္စည်းများကို အခမဲ့သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေရေဘးသင့္ေဒသမ်ားသို႔ အေရးေပၚေရာက္ရွိရန္လိုအပ္သည့္ပစၥည္းမ်ားကို ပိုမိုသယ္ယူႏိုင္ေရးအတြက္ Freighter Flight မ်ားကိုပါ ဘန္ေကာက္ၿမိဳ႕သို႔ သီးသန႔္ေျပးဆြဲ သယ္ယူပို႔ေဆာင္ေနဟု MAI ဆို

ယြန္း (NP News) - စက္တင္ဘာ ၁၉

ေရေဘးသင့္ေဒသမ်ားသို႔ အေရးေပၚေရာက္ရွိရန္လိုအပ္သည့္ပစၥည္းမ်ားကို ပိုမိုသယ္ယူရန္ Freighter Flight မ်ားကိုပါ ဘန္ေကာက္ၿမိဳ႕သို႔ သီးသန႔္ေျပးဆြဲ သယ္ယူပို႔ေဆာင္ေနေၾကာင္း MAI မွ စက္တင္ဘာ(၁၈)ရက္ေန႔က အသိ ေပးထုတ္ျပန္ထားသည္။

Myanmar Airways International (MAI) အေနျဖင့္ ၿပီးခဲ့သည့္ စက္တင္ ဘာ(၁၃)ရက္မွစ၍ လက္ရွိအခ်ိန္အထိ ျပည္တြင္းျပည္ပအသီးသီးမွ ျမန္မာ ႏိုင္ငံရွိ ေရေဘးသင့္ျပည္သူမ်ားထံသို႔ လႉဒါန္းသည့္ ကယ္ဆယ္ေရး၊ ျပန္ လည္ထူေထာင္ေရး ႏွင့္ ေထာက္ပံ့ေရးပစၥည္းမ်ားကို အခမဲ့ကူညီသယ္ယူပို႔ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

သံ႐ုံးမ်ား၊ အစိုးရမဟုတ္သည့္ NGO အဖြဲ႕အစည္းမ်ား၊ ပုဂၢလိကကုမၸဏီအဖြဲ႕အစည္းမ်ားအျပင္ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားမွ ေရေဘးသင့္ျပည္သူမ်ားအတြက္ လႉဒါန္းသည့္ ပစၥည္းမ်ားကို ရန္ကုန္သို႔လည္းေကာင္း ထိုမွတဆင့္ ေရႀကီးေရလွ်ံမႈႏွင့္ ပ်က္စီးဆုံးရႈံးမႈမ်ားကို အမ်ားဆုံးခံစားရသည့္ ေနျပည္ေတာ္၊ မႏၲေလး၊ တာခ်ီလိတ္၊ ဟဲဟိုး ႏွင့္ က်ိဳင္းတုံၿမိဳ႕မ်ားသို႔ ပုံမွန္ေျပးဆြဲေနသည့္ Flight မ်ားျဖင့္ သယ္ယူပို႔ေဆာင္ေနေၾကာင္း MAI က ဆိုထားသည္။

ထို႔ျပင္ အ‌ေရးေပၚေရာက္ရွိရန္လိုအပ္ေနသည့္ ပစၥည္းမ်ားကို ပိုမိုသယ္ယူႏိုင္ရန္အတြက္ Freighter Flight မ်ားကိုပါ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ သီးသန႔္စီစဥ္ေျပးဆြဲ၍ သယ္ယူပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

MAI အေနျဖင့္ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကပ္ေရာဂါႀကဳံေတြ႕ေနရသည့္ ကာလတြင္လည္း ျပည္တြင္းျပည္ပအဖြဲ႕အစည္းမ်ားမွ လႉဒါန္းသည့္ပစၥည္းမ်ားကို ျမန္မာႏိုင္ငံတစ္ဝန္းလုံးသို႔ အခမဲ့သယ္ယူ ပို႔‌ေဆာင္ေပးခဲ့သည့္အျပင္ ရခိုင္ျပည္နယ္သို႔ ဆိုင္ကလုန္းမုန္တိုင္း မိုခါဝင္ေရာက္သည့္အခ်ိန္တြင္လည္း အေရးေပၚပစၥည္းမ်ားကို အခမဲ့သယ္ယူပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.