တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်

 206

သုတကျော် (NP News) - စက်တင်ဘာ ၁၉

တောင်ကိုရီးယားနိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင် လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည် မဟုတ်ကြောင်းကို မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားမည်ဖြစ်ကြောင်း နိုင်ငံ တကာငြိမ်းချမ်းရေးသံ တမန် IBEC ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

နိုင်ငံတကာငြိမ်းချမ်းရေးသံတမန်ဖြစ်သည့် IBEC ဆရာတော်အား တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် Private Public Diplomatic Organization-Korea World Peace Committe (WPC) မှ 4th World Peace Conference (WPC) ဖြစ်သည့် လေးကြိမ်မြောက် နိုင်ငံတကာငြိမ်း ချမ်းရေးညီလာခံတွင် မိန့်ခွန်းပြောကြားရန် အထူးဖိတ်ကြားခဲ့ကြောင်းသိရသည်။

ထို့ကြောင့် အောက်တိုဘာလ (၂၁) ရက်မှ (၂၅)ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ The Stay Songdo Hotel တွင်ကျင်းပမည့် ညီလာခံတွင် ဆရာတော်က မြန်မာ့အရေးနှင့်ပတ်သက်၍ ထည့်သွင်းမိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

‘မြန်မာနိုင်ငံ ပကတိမြေပြင်မှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ အဲဒီ လက် နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူ၊ ပြည်သားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ က လေးတွေ၊ လူငယ်တွေ၊ တိုင်းသူပြည်သားတွေရဲ့ ကြေမွတဲ့ အစိတ်အပိုင်းတွေ။ ဒါတွေဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ အတ္တကြီးတဲ့လူတန်းစားတွေကြောင့်မို့လို့ ပြည်သူ့မျက်နှာကိုမငဲ့ဘဲ ဖြစ်ပေါ်လာ တယ်ဆိုတဲ့အကြောင်း ပြောမှာပေါ့။ အဲဒီတော့ ဒီလက်နက်ကိုင်ပဋိပက္ခနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ဘယ်လိုမှမရနိုင် သလို၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်လည်း ဖြစ်ပေါ်လာမှာ မဟုတ်ဘူးဆိုတာကို ငါပြောဖို့ စိတ်ကူးထားပါတယ်’ဟု IBEC ဆရာတော် ဦးသောဘိတကမိန့်ကြားသည်။

နိုင်ငံတကာက မြန်မာ့အရေးနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်ရခြင်းအကြောင်းမှာ ‘တပ်မတော် ကြောင့်ချည်းပဲ လည်းမဟုတ်၊ NLD ကြောင့် ချည်းပဲလည်း မဟုတ်၊ NUG ကြောင့်ချည်းပဲလည်း မဟုတ်၊ တိုင်းရင်းသားလက်နက်ကိုင် တွေကြောင့် ချည်းပဲလည်းမဟုတ်ဘဲ လူများ၏အတ္တနှင့် ပညာဥာဏ်နည်းခြင်းကြောင့်ဖြစ်ပေါ်ရသည်’ ဟု ကမ္ဘာကြီးက သိထားကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။

‘အဲဒီတော့ အတ္တကြီးတဲ့၊ ပညာဥာဏ်နည်းတဲ့ လူ့အဖွဲ့အစည်းကို ကမ္ဘာကြီးကလူတွေ ပိုသိသထက် သိအောင် တို့ကတော့ လက်တွေ့၊ ပကတိမြေပြင်မှာ ဖြစ်နေတဲ့အကြောင်းကို ဘက်မလိုက်ဘဲ တင်ပြတဲ့ သဘောလောက်ပါ’ ဟု ဆရာတော်က မိန့်သည်။

zawgyi version
ေတာင္ကိုရီးယားတြင္ ျပဳလုပ္မည့္ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးညီလာခံတြင္လက္နက္ကိုင္ပဋိပကၡျဖင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ျဖစ္လာမည္မဟုတ္ေၾကာင္း IBEC ဆရာေတာ္ မိန႔္ခြန္းေျပာမည္
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၉

ေတာင္ကိုရီးယားႏိုင္ငံတြင္ျပဳလုပ္မည့္ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးညီလာခံတြင္ လက္နက္ကိုင္ပဋိပကၡျဖင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ျဖစ္လာမည္ မဟုတ္ေၾကာင္းကို မိန႔္ခြန္းအတြင္း ထည့္သြင္းေျပာၾကားမည္ျဖစ္ေၾကာင္း ႏိုင္ငံ တကာၿငိမ္းခ်မ္းေရးသံ တမန္ IBEC ဆရာေတာ္ ဦးေသာဘိတက မိန႔္ၾကားသည္။

ႏိုင္ငံတကာၿငိမ္းခ်မ္းေရးသံတမန္ျဖစ္သည့္ IBEC ဆရာေတာ္အား ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕အေျခစိုက္ Private Public Diplomatic Organization-Korea World Peace Committe (WPC) မွ 4th World Peace Conference (WPC) ျဖစ္သည့္ ေလးႀကိမ္ေျမာက္ ႏိုင္ငံတကာၿငိမ္း ခ်မ္းေရးညီလာခံတြင္ မိန႔္ခြန္းေျပာၾကားရန္ အထူးဖိတ္ၾကားခဲ့ေၾကာင္းသိရသည္။

ထို႔ေၾကာင့္ ေအာက္တိုဘာလ (၂၁) ရက္မွ (၂၅)ရက္ေန႔အထိ ေတာင္ကိုရီးယားႏိုင္ငံ အင္ခြၽန္းၿမိဳ႕ရွိ The Stay Songdo Hotel တြင္က်င္းပမည့္ ညီလာခံတြင္ ဆရာေတာ္က ျမန္မာ့အေရးႏွင့္ပတ္သက္၍ ထည့္သြင္းမိန႔္ခြန္း ေျပာၾကားမည္ျဖစ္သည္။

‘ျမန္မာႏိုင္ငံ ပကတိေျမျပင္မွာျဖစ္ေနတဲ့ လက္နက္ကိုင္ပဋိပကၡ၊ အဲဒီ လက္ နက္ကိုင္ပဋိပကၡေၾကာင့္ ျပည္သူ၊ ျပည္သားေတြ၊ ႏိုင္ငံ့ဝန္ထမ္းေတြ၊ က ေလးေတြ၊ လူငယ္ေတြ၊ တိုင္းသူျပည္သားေတြရဲ႕ ေၾကမြတဲ့ အစိတ္အပိုင္းေတြ။ ဒါေတြဟာ လက္နက္ကိုင္ပဋိပကၡနဲ႔ အတၱႀကီးတဲ့လူတန္းစားေတြေၾကာင့္မို႔လို႔ ျပည္သူ႔မ်က္ႏွာကိုမငဲ့ဘဲ ျဖစ္ေပၚလာ တယ္ဆိုတဲ့အေၾကာင္း ေျပာမွာေပါ့။ အဲဒီေတာ့ ဒီလက္နက္ကိုင္ပဋိပကၡနဲ႔ တိုင္းျပည္ရဲ႕ ၿငိမ္းခ်မ္းေရး ဘယ္လိုမွမရႏိုင္ သလို၊ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္လည္း ျဖစ္ေပၚလာမွာ မဟုတ္ဘူးဆိုတာကို ငါေျပာဖို႔ စိတ္ကူးထားပါတယ္’ဟု IBEC ဆရာေတာ္ ဦးေသာဘိတကမိန႔္ၾကားသည္။

ႏိုင္ငံတကာက ျမန္မာ့အေရးႏွင့္ပတ္သက္၍ ပဋိပကၡျဖစ္ေပၚရျခင္းအေၾကာင္းမွာ ‘တပ္မေတာ္ ေၾကာင့္ခ်ည္းပဲ လည္းမဟုတ္၊ NLD ေၾကာင့္ ခ်ည္းပဲလည္း မဟုတ္၊ NUG ေၾကာင့္ခ်ည္းပဲလည္း မဟုတ္၊ တိုင္းရင္းသားလက္နက္ကိုင္ ေတြေၾကာင့္ ခ်ည္းပဲလည္းမဟုတ္ဘဲ လူမ်ား၏အတၱႏွင့္ ပညာဥာဏ္နည္းျခင္းေၾကာင့္ျဖစ္ေပၚရသည္’ ဟု ကမာၻႀကီးက သိထားေၾကာင္းလည္း ဆရာေတာ္က မိန႔္ၾကားသည္။

‘အဲဒီေတာ့ အတၱႀကီးတဲ့၊ ပညာဥာဏ္နည္းတဲ့ လူ႔အဖြဲ႕အစည္းကို ကမာၻႀကီးကလူေတြ ပိုသိသထက္ သိေအာင္ တို႔ကေတာ့ လက္ေတြ႕၊ ပကတိေျမျပင္မွာ ျဖစ္ေနတဲ့အေၾကာင္းကို ဘက္မလိုက္ဘဲ တင္ျပတဲ့ သေဘာေလာက္ပါ’ ဟု ဆရာေတာ္က မိန႔္သည္။

Related news

© 2021. All rights reserved.