အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ် သင့်မှုဖြစ်ပွား

 504

သန့်ဇင် (NP News) - စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် အလှူရှင်များလှူဒါန်းသည့် အစားအသောက်များစားမိ၍ လူ(၁၅၀)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁၈ ရက်)၊ ည ၈နာရီခွဲအချိန်ခန့်က အုတ်တွင်းမြိုန့ယ်၊ ဝက်ဖြူကုန်းကျေးရွာရှိ ရွှေဖြူရတနာကျောင်းတိုက်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ဖြစ်ကြောင်း သိရသည်။

“အလှူရှင်တွေက စေတနာအမှန်နဲ့လှူတာပါ။ အဲဒီဝက်ဖြူကုန်းကျေးရွာကို မနေ့က အလှူရှင်(၂)ဦးရောက်တယ်။ တစ်ဦးက ဘဲဥချဉ်ရည်ဟင်းနှင့် ငပိထောင်း။ တစ်ဦးက ကြာဇံကြော်လှူတယ်။ အဲဒီ(၂)မျိုးကို ရွှေဖြူရတနာကျောင်းတိုက်ထဲက ရေဘေးရှောင်တွေက လူပေါင်း(၄၀၀)လောက်ရှိတယ်။ ဝက်ဖြူကုန်းနဲ့ သာယာကုန်းရွာက လူတွေပေါ့။ အဲဒီဟာစားကြပြီးနောက်မှာ ကလေးတွေကစအန်တယ်။ မူးဝေတယ်။ တချို့က အန်တာများပြီးနုံးလာပြီး မူးလဲတာရှိတယ်ပေါ့”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထိုသို့ အစာအဆိပ်သင့်မှုကြောင့် လူဦးရေ(၁၅၀)ခန့်မှာ မူးဝေအော့အန်ခြင်းများ နှင့် သတိလစ်မေ့မျောခြင်းများဖြစ်ပွားခဲ့သဖြင့် ဒေသတွင်း လူမှုကူညီရေးအသင်းများ နှင့် ရေဘေးကယ်ဆယ်ရေးအဖွဲ့များပူးပေါင်းကာ တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံ နှင့် မဆရ(၃)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“အကြံပြုချင်တာကတော့ ထမင်းဗူးတွေဆိုတာက ပူပူနွေးနွေးကို ချက်ပြုတ်ပြီးယူလာရတော့ ခရီးဝေးတာလည်းပါတာပေါ့နော်။ ပြီးတော့ ဗူးတွေထဲမှာထည့်ပြီး ယူလာရတော့ ထမင်းဟင်းတွေက ချွေးတွေလည်ပြီး သိုးတာတွေလည်းရှိတာဆိုတော့။ အကောင်းဆုံးကတော့ လှူမယ့်နေရာနဲ့ အနီးစပ်ဆုံးနေရာမှာ ချက်ပြုတ်ပြီးလှူတာက အကောင်းဆုံးပါ”ဟု ရေဘေးကူညီကယ် ဆယ်မှုများသွားရောက်လုပ်ဆောင်နေသည့် အခြားပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်းခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် အလှူရှင်များ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များကို ရေဘေးသင့်ပြည်သူများက စားသောက်ပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
အုတ္တြင္းၿမိဳ႕နယ္ရွိ ေရေဘးကယ္ဆယ္ေရးစခန္းတစ္ခုတြင္ လူ(၁၅ဝ)ခန႔္ အစာအဆိပ္သင့္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၉

ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္ရွိ ေရေဘးကယ္ဆယ္ေရးစခန္းတစ္ခုတြင္ အလႉရွင္မ်ားလႉဒါန္းသည့္ အစားအေသာက္မ်ားစားမိ၍ လူ(၁၅၀)ခန႔္ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ေၾကာင္း ရင္ခုန္သံရွင္ေရးကူညီမႈအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာ ၁၈ ရက္)၊ ည ၈နာရီခြဲအခ်ိန္ခန႔္က အုတ္တြင္းၿမိဳန႔ယ္၊ ဝက္ျဖဴကုန္းေက်း႐ြာရွိ ေ႐ႊျဖဴရတနာေက်ာင္းတိုက္အတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ျဖစ္ေၾကာင္း သိရသည္။

“အလႉရွင္ေတြက ေစတနာအမွန္နဲ႔လႉတာပါ။ အဲဒီဝက္ျဖဴကုန္းေက်း႐ြာကို မေန႔က အလႉရွင္(၂)ဦးေရာက္တယ္။ တစ္ဦးက ဘဲဥခ်ဥ္ရည္ဟင္းႏွင့္ ငပိေထာင္း။ တစ္ဦးက ၾကာဇံေၾကာ္လႉတယ္။ အဲဒီ(၂)မ်ိဳးကို ေ႐ႊျဖဴရတနာေက်ာင္းတိုက္ထဲက ေရေဘးေရွာင္ေတြက လူေပါင္း(၄၀၀)ေလာက္ရွိတယ္။ ဝက္ျဖဴကုန္းနဲ႔ သာယာကုန္း႐ြာက လူေတြေပါ့။ အဲဒီဟာစားၾကၿပီးေနာက္မွာ ကေလးေတြကစအန္တယ္။ မူးေဝတယ္။ တခ်ိဳ႕က အန္တာမ်ားၿပီးႏုံးလာၿပီး မူးလဲတာရွိတယ္ေပါ့”ဟု ရင္ခုန္သံရွင္ေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔ အစာအဆိပ္သင့္မႈေၾကာင့္ လူဦးေရ(၁၅၀)ခန႔္မွာ မူးေဝေအာ့အန္ျခင္းမ်ား ႏွင့္ သတိလစ္ေမ့ေမ်ာျခင္းမ်ားျဖစ္ပြားခဲ့သျဖင့္ ေဒသတြင္း လူမႈကူညီေရးအသင္းမ်ား ႏွင့္ ေရေဘးကယ္ဆယ္ေရးအဖြဲ႕မ်ားပူးေပါင္းကာ ေတာင္ငူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ ႏွင့္ မဆရ(၃)ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

“အႀကံျပဳခ်င္တာကေတာ့ ထမင္းဗူးေတြဆိုတာက ပူပူေႏြးေႏြးကို ခ်က္ျပဳတ္ၿပီးယူလာရေတာ့ ခရီးေဝးတာလည္းပါတာေပါ့ေနာ္။ ၿပီးေတာ့ ဗူးေတြထဲမွာထည့္ၿပီး ယူလာရေတာ့ ထမင္းဟင္းေတြက ေခြၽးေတြလည္ၿပီး သိုးတာေတြလည္းရွိတာဆိုေတာ့။ အေကာင္းဆုံးကေတာ့ လႉမယ့္ေနရာနဲ႔ အနီးစပ္ဆုံးေနရာမွာ ခ်က္ျပဳတ္ၿပီးလႉတာက အေကာင္းဆုံးပါ”ဟု ေရေဘးကူညီကယ္ ဆယ္မႈမ်ားသြားေရာက္လုပ္ေဆာင္ေနသည့္ အျခားပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက အႀကံျပဳေျပာထားသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁၇ ရက္ကလည္း ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္၊ ၾကက္သြန္းခင္းေက်း႐ြာအုပ္စု၊ ေခ်ာင္းျခားေက်း႐ြာတြင္ အလႉရွင္မ်ား လာေရာက္လႉဒါန္းေသာ ဒံေပါက္၊ ၾကက္သားအာလူးဟင္း၊ ဘဲဥခရမ္းခ်ဥ္သီးခ်က္မ်ားကို ေရေဘးသင့္ျပည္သူမ်ားက စားေသာက္ၿပီးေနာက္ လူေပါင္း(၁၀၀)ေက်ာ္ အစာအဆိပ္သင့္မႈ ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.