ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်

 288

ယွန်း (NP News) - စက်တင်ဘာ ၂ဝ

ပုဂံတွင်မိုးများသည့်အတွက် ထိခိုက်ခဲ့သော ရှေးဟောင်းအဆောက်အအုံ (၁၁)ခုရှိပြီး တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၁၁)ရက်နှင့် (၁၂)ရက်တွင် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရှေးဟောင်းအ ဆောက်အအုံ(၁၁)ခုတွင် ထိခိုက်မှုများ ရှိခဲ့သည်။ ထိခိုက်မှုများအနက် ရွှေစည်းခုံဘုရား အပါအဝင် ရှေးဟောင်းအဆောက်အအုံ (၁ဝ)ခုမှာ ပျက်စီးမှုအနည်းငယ်သာ ရှိခဲ့သော်လည်း (၁၃)ရာစုလက်ရာဖြစ်သည့် ဘုရားအမှတ်- ၁ဝ၄၂ ဆင်က အုတ်တိုက်တွင် (၇ဝ) ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

"မိုးရေချိန်များတော့ ရှေးဟောင်းအဆောက်အအုံ(၁၁)ဆူမှာ ထိခိုက်တာတွေ ရှိခဲ့တယ်။ ပုံမှန်အားဖြင့် ရှေးဟောင်းအဆောက်အအုံရဲ့ အုတ်လေးတွေပဲ့ကျတာရှိတယ်။ ပျက်စီးမှု ရာခိုင်နှုန်းကတော့ နည်းပါတယ်။ ဒါပေမဲ့ ၁၃ ရာစုလက်ရာဖြစ်တဲ့ "ဆင်ကအုတ်တိုက်" ကတော့ ၂ဝ၁၆ တုန်းကလည်း ငလျင်ဒဏ်ကို ခံခဲ့ရတယ်။ ကြံ့ခိုင်မှုအတွက်လည်း ထိန်းသိမ်းမှုတွေ လုပ်တယ်။ ပုဂံခေတ်ထဲက (၁၃)ရာစုလက်ရာဆိုတော့ နှစ်ပေါင်း(၈ဝဝ)နဲ့အထက်ဖြစ်နေတော့ နှစ်ကြာတော့ အုတ်တွေဆွေးမြေ့တာရှိတယ်။ သက်တမ်းလွန်ကာလဖြစ်တော့ သူရဲ့ကြံ့ခိုင်မှု အားနည်းတာပေါ့။ အဲဒီအတွက် (၇ဝ) ရာခိုင်နှုန်းလောက်ထိခိုက်ခဲ့တယ်။ လက်ရှိမှာတော့ အစိုဓာတ်ကလည်းရှိနေတော့ ပြိုကျတဲ့အုတ်တွေကို ချက်ချင်းဖယ်ရှားလို့မရသေးဘူး"ဟု ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညီမွန်းက NP News ကိုပြောသည်။

လက်ရှိတွင် ထိခိုက်မှုအနည်းငယ်သာရှိသည့် ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ရေးများဆောင်ရွက်ရန်ပြင်ဆင်နေပြီး "ဆင်ကအုတ်တိုက်" အား မူလပုံစံအတိုင်း ပြန်လည်ပြုပြင်နိုင်ရေးအတွက် အချိန် (၃)လခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။

"ရာသီဥတုလေးကောင်းပြီး နည်းနည်းလေးခြောက်သွေ့လာရင်တော့ ပြုပြင်ရေးတွေကို ဆောင်ရွက်မယ်။ ရှေးဟောင်းရဲ့အခြေခံစံနှုန်းအတိုင်း မူလပုံစံအဆောက်အအုံရအောင် စနစ်တကျထိန်းသိမ်းပြုပြင် ဆောင်ရွက်သွားမှာပါ။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း အမြန်ဆုံးလုပ်မယ်။ တစ်ချို့ နည်းနည်းပါးပါးပဲဖြစ်တာကျတော့ တစ်ပတ်၊ နှစ်ပတ်အတွင်းလည်း ပြီးနိုင်တာလည်းရှိတယ်။ "ဆင်ကအုတ်တိုက်" ကတော့ (၃)လဝန်းကျင်လောက်အချိန်ယူပြီးတော့ စနစ်တကျနဲ့ သူ့ရဲ့နည်းစနစ်အတိုင်း အမြန်ဆုံးဆောင် ရွက်မှာပါ။ အခုလည်းတစ်ချို့အဆောက်အအုံတွေကို ပြင်ဆင်ဖို့တွေလုပ်နေပါပြီ"ဟု ဦးညီမွန်းက ဆိုသည်။

လက်ရှိတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) အနေဖြင့် ရှေးဟောင်းအဆောက်အအုံများ မူလပုံစံအတိုင်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေးကို မပြတ်ဆောင်ရွက်နေပြီး သဘာဝဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂ဝ၂၃ မေလတွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရှေးဟောင်းပုဂံယဉ်ကျေးမှုဒေသတွင် ရှေးဟောင်းအဆောက်အအုံ(၆ဝ)ခန့် ထိခိုက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပုဂံရှိ သဗ္ဗညုဘုရားအပါအဝင် ရှေးဟောင်းစေတီပုထိုးပေါင်း (၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့သည်။

zawgyi version
ပုဂံတြင္မိုးမ်ားသည့္အတြက္ ေရွးေဟာင္းအေဆာက္အအုံ(၁၁)ခု ထိခိုက္ခဲ့ရာ တစ္ျခမ္းၿပိဳက်ခဲ့ေသာ "ဆင္ကအုတ္တိုက္"ကို (၃)လအခ်ိန္ယူျပဳျပင္မည္
ယြန္း (NP News) - စက္တင္ဘာ ၂ဝ

ပုဂံတြင္မိုးမ်ားသည့္အတြက္ ထိခိုက္ခဲ့ေသာ ေရွးေဟာင္းအေဆာက္အအုံ (၁၁)ခုရွိၿပီး တစ္ျခမ္းၿပိဳက်ခဲ့ေသာ "ဆင္ကအုတ္တိုက္"ကို (၃)လအခ်ိန္ယူျပဳျပင္မည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံဌာနခြဲ)ထံမွ သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ(၁၁)ရက္ႏွင့္ (၁၂)ရက္တြင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း မိုးသည္းထန္စြာ႐ြာသြန္းခဲ့ရာ ေရွးေဟာင္းအ ေဆာက္အအုံ(၁၁)ခုတြင္ ထိခိုက္မႈမ်ား ရွိခဲ့သည္။ ထိခိုက္မႈမ်ားအနက္ ေ႐ႊစည္းခုံဘုရား အပါအဝင္ ေရွးေဟာင္းအေဆာက္အအုံ (၁ဝ)ခုမွာ ပ်က္စီးမႈအနည္းငယ္သာ ရွိခဲ့ေသာ္လည္း (၁၃)ရာစုလက္ရာျဖစ္သည့္ ဘုရားအမွတ္- ၁ဝ၄၂ ဆင္က အုတ္တိုက္တြင္ (၇ဝ) ရာခိုင္ႏႈန္းခန႔္ ပ်က္စီးခဲ့ေၾကာင္း သိရသည္။

"မိုးေရခ်ိန္မ်ားေတာ့ ေရွးေဟာင္းအေဆာက္အအုံ(၁၁)ဆူမွာ ထိခိုက္တာေတြ ရွိခဲ့တယ္။ ပုံမွန္အားျဖင့္ ေရွးေဟာင္းအေဆာက္အအုံရဲ႕ အုတ္ေလးေတြပဲ့က်တာရွိတယ္။ ပ်က္စီးမႈ ရာခိုင္ႏႈန္းကေတာ့ နည္းပါတယ္။ ဒါေပမဲ့ ၁၃ ရာစုလက္ရာျဖစ္တဲ့ "ဆင္ကအုတ္တိုက္" ကေတာ့ ၂ဝ၁၆ တုန္းကလည္း ငလ်င္ဒဏ္ကို ခံခဲ့ရတယ္။ ႀကံ့ခိုင္မႈအတြက္လည္း ထိန္းသိမ္းမႈေတြ လုပ္တယ္။ ပုဂံေခတ္ထဲက (၁၃)ရာစုလက္ရာဆိုေတာ့ ႏွစ္ေပါင္း(၈ဝဝ)နဲ႔အထက္ျဖစ္ေနေတာ့ ႏွစ္ၾကာေတာ့ အုတ္ေတြေဆြးေျမ့တာရွိတယ္။ သက္တမ္းလြန္ကာလျဖစ္ေတာ့ သူရဲ႕ႀကံ့ခိုင္မႈ အားနည္းတာေပါ့။ အဲဒီအတြက္ (၇ဝ) ရာခိုင္ႏႈန္းေလာက္ထိခိုက္ခဲ့တယ္။ လက္ရွိမွာေတာ့ အစိုဓာတ္ကလည္းရွိေနေတာ့ ၿပိဳက်တဲ့အုတ္ေတြကို ခ်က္ခ်င္းဖယ္ရွားလို႔မရေသးဘူး"ဟု ပုဂံဌာနခြဲမွ ၫႊန္ၾကားေရးမႉး ဦးညီမြန္းက NP News ကိုေျပာသည္။

လက္ရွိတြင္ ထိခိုက္မႈအနည္းငယ္သာရွိသည့္ ေရွးေဟာင္းအေဆာက္အအုံမ်ားကို ျပဳျပင္ေရးမ်ားေဆာင္႐ြက္ရန္ျပင္ဆင္ေနၿပီး "ဆင္ကအုတ္တိုက္" အား မူလပုံစံအတိုင္း ျပန္လည္ျပဳျပင္ႏိုင္ေရးအတြက္ အခ်ိန္ (၃)လခန႔္ ၾကာျမင့္ႏိုင္ေၾကာင္း သိရသည္။

"ရာသီဥတုေလးေကာင္းၿပီး နည္းနည္းေလးေျခာက္ေသြ႕လာရင္ေတာ့ ျပဳျပင္ေရးေတြကို ေဆာင္႐ြက္မယ္။ ေရွးေဟာင္းရဲ႕အေျခခံစံႏႈန္းအတိုင္း မူလပုံစံအေဆာက္အအုံရေအာင္ စနစ္တက်ထိန္းသိမ္းျပဳျပင္ ေဆာင္႐ြက္သြားမွာပါ။ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းေတြကိုလည္း အျမန္ဆုံးလုပ္မယ္။ တစ္ခ်ိဳ႕ နည္းနည္းပါးပါးပဲျဖစ္တာက်ေတာ့ တစ္ပတ္၊ ႏွစ္ပတ္အတြင္းလည္း ၿပီးႏိုင္တာလည္းရွိတယ္။ "ဆင္ကအုတ္တိုက္" ကေတာ့ (၃)လဝန္းက်င္ေလာက္အခ်ိန္ယူၿပီးေတာ့ စနစ္တက်နဲ႔ သူ႔ရဲ႕နည္းစနစ္အတိုင္း အျမန္ဆုံးေဆာင္ ႐ြက္မွာပါ။ အခုလည္းတစ္ခ်ိဳ႕အေဆာက္အအုံေတြကို ျပင္ဆင္ဖို႔ေတြလုပ္ေနပါၿပီ"ဟု ဦးညီမြန္းက ဆိုသည္။

လက္ရွိတြင္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံဌာနခြဲ) အေနျဖင့္ ေရွးေဟာင္းအေဆာက္အအုံမ်ား မူလပုံစံအတိုင္း ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ေရးကို မျပတ္ေဆာင္႐ြက္ေနၿပီး သဘာဝေဘးအႏၲရာယ္ႀကိဳ တင္ကာကြယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ၂ဝ၂၃ ေမလတြင္ ျဖစ္ပြားခဲ့သည့္ မိုခါမုန္တိုင္းေၾကာင့္ ေရွးေဟာင္းပုဂံယဥ္ေက်းမႈေဒသတြင္ ေရွးေဟာင္းအေဆာက္အအုံ(၆ဝ)ခန႔္ ထိခိုက္ခဲ့ၿပီး ၂ဝ၁၆ ခုႏွစ္တြင္ လႈပ္ခတ္ခဲ့သည့္ငလ်င္ေၾကာင့္ ပုဂံရွိ သဗၺညဳဘုရားအပါအဝင္ ေရွးေဟာင္းေစတီပုထိုးေပါင္း (၃၈၉)ဆူ ထိခိုက္ပ်က္စီးခဲ့သည္။

Related news

© 2021. All rights reserved.