လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု

 301

သန့်ဇင် (NP News) - စက်တင်ဘာ ၂ဝ

လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေ ဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း NP News ကမေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

တပ်မတော်အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်မှစတင်ကာ လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်ပြုလုပ်လာခဲ့ကြောင်း တွေ့မြင်ရသည်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများကလည်း ၎င်းတို့အဓ္ဓမဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများတွင် တပ်မတော်၏ တန်ပြန် ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အသုံးပြုနေကြောင်း ရှမ်းပြည်မြောက်ပိုင်းတွင်နေထိုင်သူ NP News ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခု လေကြောင်းတိုက်ခိုက်တဲ့နေရာတွေမှာက သူတို့အကြမ်းဖက်တွေကိုယ်တိုင်က ကိုယ်ယောင်ဖျောက်နေတာ။ အဲဒီမှာ ဒေသခံပြည်သူတွေကို ပြန်လာပါဆိုတာက ပြည်သူတွေကို ဒုက္ခတွင်းထဲပို့နေသလိုပေါ့။ နောက်တစ်ချက်က ပြည်သူနဲ့ ရောနှောပြီးတော့ နေထိုင်နေတယ်။ ပြည်သူအသွင်ဆောင်တယ်။ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေ၊ အထပ်မြင့်အဆောက်အအုံတွေမှာဝင်နေပြီးတော့ အလွယ်ပြောရရင် ပြည်သူတွေကို လူသားတံတိုင်းခေါ်တာပေါ့”ဟု ၎င်းက ပြောသည်။

ထို့ပြင် လားရှိုးမြို့ကိုလည်း ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်၊ နံနက်ပိုင်းက တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူထိခိုက်မှု မရှိခဲ့သော် လည်း နောက်လာမည့်လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားထိခိုက်မှုမဖြစ်ပေါ်စေရန် မြို့တွင်းပြန်လည်ဝင်ရောက် နေထိုင်ရန်မသင့်သေးကြောင်း လားရှိုးမြို့မှ စစ်ဘေးရှောင်သူအမျိုးသားတစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

“မဖြစ်မနေနေမှ အဆင်ပြေမယ့်လူတွေက မြို့ထဲပြန်နေလို့ ထိသွားရင်တော့ စိတ်မကောင်းစရာပေါ့ဗျာ။ ဒါပေမဲ့ တပ်အနေနဲ့ကတော့ ပြန်လုပ်စေချင်ပါတယ်။ ဒေသခံတွေ မထိခိုက်အောင်ဆိုရင် လေယာဉ်တစ်ခုတည်းနဲ့မရဘူးပေါ့။ လေယာဉ်နဲ့ကတော့ သူတို့ကစုပြီး နေတာမဟုတ်တော့ အဆောက် အအုံတွေပျက်စီးပြီး ထိခိုက်တာတော့ နည်းမှာပေါ့။ အဲဒါကြောင့် အထိအ ခိုက်အနည်းဆုံး ပုံစံနဲ့လုပ်မှရမယ်။ ကျွန်တော်တို့ကတော့ အခုလားရှိုးမှာသူတို့ အုပ်ချုပ်မှုအောက်မှာမနေနိုင်ဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက် နံနက်ပိုင်းကလည်း ရှမ်းပြည်နယ်၊ နမ့် ခမ်းမြို့တွင် TNLA လက်နက်ကိုင်များ ရောက်ရှိစိမ့်နေသည့် နေရာကို တပ်မ တော်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ သို့ရာတွင် ပြည်ပရောက်မီဒီယာများ၏ ဖော်ပြရေးသားထားချက်များမှာမူ အရပ်သားသေဆုံးမှုများကိုသာ အဓိကထားဖော်ပြ ရေးသားခဲ့ကြောင်းကို တွေ့မြင်ခဲ့ရသည်။

ရန်သူသိမ်းပိုက်ထားသည့် နယ်မြေများဖြစ်သွားပါက တန်ပြန်တိုက်ပွဲများပြန်လည်ဖော်ဆောင်ရာတွင် ဘေးထွက်ဆိုးကျိုးအနေဖြင့် အရပ်သားသေဆုံးမှုရှိနိုင်ကြောင်းလည်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သုံးသပ်ပြောကြားသည်။ “အဲဒီတော့ ဒီနေရာမှာ ရန်သူသိမ်းပိုက်ထားပြီ။ ဒီနေရာဟာ စစ်အုပ်ချုပ်ရေးကြေညာထားပြီဆိုရင် အဲဒီနေရာမှာ လူတွေကျန်နေခဲ့မယ်ဆိုရင်တောင် အာမခံချက်ပေးဖို့မလွယ်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ စစ်အုပ်ချု်ရေးကြေညာထားပြီးသားလည်းဖြစ်တယ်။ အဲဒီနေရာကို အချိန်မရွေး စစ်ဘက်ဆိုင်ရာ အရေးယူမှုတွေ ကြိုက်သလိုလုပ်နိုင်တယ်ဆိုတဲ့ သဘောတ ရားပဲ။ အဲဒါကိုတော့ ဥပဒေပိုင်းဆိုင်ရာ သဘောပေါက်ဖို့ လိုအပ်တယ်။ အမြဲတမ်း လက်နက်ကိုင်ပဋိအက္ခတွေဖြစ်နေတဲ့ အမြဲတမ်း အချိန်မရွေးထပြီးတော့ တိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်နိုင်တဲ့အနေအထားမျိုးမှာ အထူးသဖြင့် အဲဒီနေရာမှာနေတဲ့လူတိုင်းကတော့ ပိုပြီးတော့ သတိရှိဖို့လိုအပ်ပါတယ်။ လက်နက် ကိုင်အဖွဲအစည်းတွေ အရပ်သားအများစုရှိတဲ့နယ်မြေကိုအခြေခံပြီးတော့ လက်နက်ကိုင်ပုန်ကန်မှုလုပ်နေသ၍ အဲဒီနယ်မြေဟာ အခြေခံ နယ်မြေလို့ သတ်မှတ်ထားသ၍ အရပ်သားထိခိုက်သေဆုံးမှုဆိုတာ ဘယ်လိုမှရှောင်လွဲလို့ရမှာမဟုတ်ပါဘူး”ဟု ၎င်းကပြောထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ရောက်ရှိနေစဉ် အကြမ်းဖက် သောင်းကျန်း သူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သကဲ့သို့ တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင် ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများ အနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း ပြောကြားထားသည်။

zawgyi version
လက္နက္ကိုင္မ်ားသိမ္းပိုက္ထားေသာ နယ္ေျမတြင္ ေနထိုင္သူမ်ားအေန ျဖင့္ သတိရွိရန္လိုအပ္ၿပီး ေရေႏွာေနထိုင္ျခင္းမျပဳသင့္ေၾကာင္း အႀကံျပဳ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂ဝ

လက္နက္ကိုင္မ်ားသိမ္းပိုက္ထားေသာ နယ္ေျမတြင္ ေနထိုင္သူမ်ားအေန ျဖင့္ သတိရွိရန္လိုအပ္ၿပီး ေရာေႏွာေနထိုင္ျခင္းမျပဳသင့္ေၾကာင္း NP News ကေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

တပ္မေတာ္အေနျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာလ (၅) ရက္မွစတင္ကာ ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို အရွိန္ျမႇင့္ျပဳလုပ္လာခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။ လက္နက္ကိုင္အၾကမ္းဖက္ေသာင္းက်န္းသူမ်ားကလည္း ၎တို႔အဓၶမဝင္ေရာက္ေနထိုင္ေနသည့္ ၿမိဳ႕၊ ႐ြာမ်ားတြင္ တပ္မေတာ္၏ တန္ျပန္ ထိုးစစ္ဆင္မႈမ်ားကို ကာကြယ္ရန္အတြက္ ေဒသခံျပည္သူမ်ားကို လူသားတံတိုင္းအျဖစ္ အသုံးျပဳေနေၾကာင္း ရွမ္းျပည္ေျမာက္ပိုင္းတြင္ေနထိုင္သူ NP News ၏ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“အခု ေလေၾကာင္းတိုက္ခိုက္တဲ့ေနရာေတြမွာက သူတို႔အၾကမ္းဖက္ေတြကိုယ္တိုင္က ကိုယ္ေယာင္ေဖ်ာက္ေနတာ။ အဲဒီမွာ ေဒသခံျပည္သူေတြကို ျပန္လာပါဆိုတာက ျပည္သူေတြကို ဒုကၡတြင္းထဲပို႔ေနသလိုေပါ့။ ေနာက္တစ္ခ်က္က ျပည္သူနဲ႔ ေရာေႏွာၿပီးေတာ့ ေနထိုင္ေနတယ္။ ျပည္သူအသြင္ေဆာင္တယ္။ စာသင္ေက်ာင္းေတြ ဘုန္းႀကီးေက်ာင္းေတြ၊ အထပ္ျမင့္အေဆာက္အအုံေတြမွာဝင္ေနၿပီးေတာ့ အလြယ္ေျပာရရင္ ျပည္သူေတြကို လူသားတံတိုင္းေခၚတာေပါ့”ဟု ၎က ေျပာသည္။

ထို႔ျပင္ လားရႈိးၿမိဳ႕ကိုလည္း ၿပီးခဲ့သည့္ စက္တင္ဘာ ၈ ရက္၊ နံနက္ပိုင္းက တပ္မေတာ္မွ ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ခဲ့ရာ လူထိခိုက္မႈ မရွိခဲ့ေသာ္ လည္း ေနာက္လာမည့္ေလေၾကာင္းတိုက္ခိုက္မႈမ်ားတြင္ အရပ္သားထိခိုက္မႈမျဖစ္ေပၚေစရန္ ၿမိဳ႕တြင္းျပန္လည္ဝင္ေရာက္ ေနထိုင္ရန္မသင့္ေသးေၾကာင္း လားရႈိးၿမိဳ႕မွ စစ္ေဘးေရွာင္သူအမ်ိဳးသားတစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

“မျဖစ္မေနေနမွ အဆင္ေျပမယ့္လူေတြက ၿမိဳ႕ထဲျပန္ေနလို႔ ထိသြားရင္ေတာ့ စိတ္မေကာင္းစရာေပါ့ဗ်ာ။ ဒါေပမဲ့ တပ္အေနနဲ႔ကေတာ့ ျပန္လုပ္ေစခ်င္ပါတယ္။ ေဒသခံေတြ မထိခိုက္ေအာင္ဆိုရင္ ေလယာဥ္တစ္ခုတည္းနဲ႔မရဘူးေပါ့။ ေလယာဥ္နဲ႔ကေတာ့ သူတို႔ကစုၿပီး ေနတာမဟုတ္ေတာ့ အေဆာက္ အအုံေတြပ်က္စီးၿပီး ထိခိုက္တာေတာ့ နည္းမွာေပါ့။ အဲဒါေၾကာင့္ အထိအ ခိုက္အနည္းဆုံး ပုံစံနဲ႔လုပ္မွရမယ္။ ကြၽန္ေတာ္တို႔ကေတာ့ အခုလားရႈိးမွာသူတို႔ အုပ္ခ်ဳပ္မႈေအာက္မွာမေနႏိုင္ဘူး”ဟု ၎ကဆိုသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ(၆)ရက္ နံနက္ပိုင္းကလည္း ရွမ္းျပည္နယ္၊ နမ့္ ခမ္းၿမိဳ႕တြင္ TNLA လက္နက္ကိုင္မ်ား ေရာက္ရွိစိမ့္ေနသည့္ ေနရာကို တပ္မ ေတာ္က ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ခဲ့ရာတြင္ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ သို႔ရာတြင္ ျပည္ပေရာက္မီဒီယာမ်ား၏ ေဖာ္ျပေရးသားထားခ်က္မ်ားမွာမူ အရပ္သားေသဆုံးမႈမ်ားကိုသာ အဓိကထားေဖာ္ျပ ေရးသားခဲ့ေၾကာင္းကို ေတြ႕ျမင္ခဲ့ရသည္။

ရန္သူသိမ္းပိုက္ထားသည့္ နယ္ေျမမ်ားျဖစ္သြားပါက တန္ျပန္တိုက္ပြဲမ်ားျပန္လည္ေဖာ္ေဆာင္ရာတြင္ ေဘးထြက္ဆိုးက်ိဳးအေနျဖင့္ အရပ္သားေသဆုံးမႈရွိႏိုင္ေၾကာင္းလည္း ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက သုံးသပ္ေျပာၾကားသည္။ “အဲဒီေတာ့ ဒီေနရာမွာ ရန္သူသိမ္းပိုက္ထားၿပီ။ ဒီေနရာဟာ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားၿပီဆိုရင္ အဲဒီေနရာမွာ လူေတြက်န္ေနခဲ့မယ္ဆိုရင္ေတာင္ အာမခံခ်က္ေပးဖို႔မလြယ္ေတာ့ဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ စစ္အုပ္ခ်ဳ္ေရးေၾကညာထားၿပီးသားလည္းျဖစ္တယ္။ အဲဒီေနရာကို အခ်ိန္မေ႐ြး စစ္ဘက္ဆိုင္ရာ အေရးယူမႈေတြ ႀကိဳက္သလိုလုပ္ႏိုင္တယ္ဆိုတဲ့ သေဘာတ ရားပဲ။ အဲဒါကိုေတာ့ ဥပေဒပိုင္းဆိုင္ရာ သေဘာေပါက္ဖို႔ လိုအပ္တယ္။ အၿမဲတမ္း လက္နက္ကိုင္ပဋိအကၡေတြျဖစ္ေနတဲ့ အၿမဲတမ္း အခ်ိန္မေ႐ြးထၿပီးေတာ့ တိုက္ပြဲေတြ စစ္ပြဲေတြ ျဖစ္ႏိုင္တဲ့အေနအထားမ်ိဳးမွာ အထူးသျဖင့္ အဲဒီေနရာမွာေနတဲ့လူတိုင္းကေတာ့ ပိုၿပီးေတာ့ သတိရွိဖို႔လိုအပ္ပါတယ္။ လက္နက္ ကိုင္အဖြဲအစည္းေတြ အရပ္သားအမ်ားစုရွိတဲ့နယ္ေျမကိုအေျခခံၿပီးေတာ့ လက္နက္ကိုင္ပုန္ကန္မႈလုပ္ေနသ၍ အဲဒီနယ္ေျမဟာ အေျခခံ နယ္ေျမလို႔ သတ္မွတ္ထားသ၍ အရပ္သားထိခိုက္ေသဆုံးမႈဆိုတာ ဘယ္လိုမွေရွာင္လြဲလို႔ရမွာမဟုတ္ပါဘူး”ဟု ၎ကေျပာထားသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကလည္း ၿပီးခဲ့သည့္ စက္တင္ဘာ ၃ ရက္တြင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕သို႔ေရာက္ရွိေနစဥ္ အၾကမ္းဖက္ ေသာင္းက်န္း သူမ်ား၏ သတင္းရရွိမႈႏွင့္ အေျခအေနအရပ္ရပ္အေပၚမူတည္၍ လိုအပ္သကဲ့သို႔ တုံ႔ျပန္ေဆာင္႐ြက္သြားမည္ျဖစ္သျဖင့္ ၎တို႔အဓမၼဝင္ ေရာက္ေနထိုင္လ်က္ရွိသည့္ ၿမိဳ႕၊ ႐ြာမ်ားရွိ ျပည္သူမ်ား အေနျဖင့္ ၎တို႔၏အသုံးခ်မႈ မခံရေစေရးႏွင့္ ေဘးကင္းလုံၿခဳံမႈရွိေစေရးတို႔အတြက္ သတိျပဳၾကရန္ လိုအပ္ေၾကာင္း ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.