ရန်ကုန်တွင် စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်

 1343

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၂၀

ရန်ကုန်တွင် စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း (၃ဝ)ထုတ်ရောင်းမည်ဟု ယနေ့ (စက်တင်ဘာ ၂ဝ ရက်)တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ဩဂုတ်လကလည်း စက်သုံးဆီပြတ်လပ်မှု ဆိုးဝါးစွာဖြစ်ပေါ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း စက်သုံးဆီအရောင်းဆိုင်အများစု ပိတ်ထားကြောင်း အငှားယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။

"မနေ့ကတော့ ဝယ်လို့ရသေးတယ်။ အရင်ရက်တွေထဲက ဒီဇယ်ကတော့ ဝယ်မရဘူး။ ဒီနေ့ကျတော့ ဆိုင်တော်တော်များများက ပိတ်ထားတယ်။ ပြီးတော့ တန်းစီရတယ်။ အရင်တစ်ခေါက်ကလိုပဲ ကားတန်းရှည်ကြီး တန်းစီရတယ်"ဟု ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ၂ဝ၂၃ ခုနှစ်အထိ အဆိုးရွားဆုံးစက်သုံးဆီရှားပါးပြတ်လပ်ခြင်း နှင့် စျေးမြင့်တက်သည့်ပြဿနာ အနည်းဆုံးအကြိမ် (၂ဝ)နီးပါးဖြစ်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ စက် သုံးဆီတင်သွင်းမှုများကို သွင်းကုန်လိုင်စင်အသစ် နှင့် ပို့ကုန်ရငွေ (Export Earning) ပူးတွဲတင်ပြမှသာ တင်သွင်းခွင့်ပြုမည်ဟု သတ်မှတ်ထားရာ လတ်တလောတွင် စက်သုံးဆီပြန်လည် ပြတ်လပ်လာခြင်းဖြစ်သည်။

၂ဝ၂၄ ခုနှစ်တွင်လည်း စက်သုံးဆီပြတ်လပ်မှု နှင့် စျေးနှုန်းကြီးမြင့်မှုသည် ယခုတစ်ကြိမ်အပါအဝင် (၄)ကြိမ်ထက်မနည်းရှိလာပြီဖြစ်ကြောင်း၊ ထို့ပြင် နှစ်လလျှင်တစ်ကြိမ်နီးပါး တစ်ကြော့ပြန်ဖြစ်လာသည့် စက်ဆုံးဆီပြတ် လပ်မှုသည် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုဆိုးရွားလာကြောင်း သိရသည်။

zawgyi version
ရန္ကုန္တြင္ စက္သုံးဆီ ျပတ္လပ္မႈ ထပ္မံျဖစ္ေပၚေနၿပီး ဗဟိုဘဏ္က ေဒၚလာသန္း (၃ဝ) ေရာင္းေပးမည္
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၂၀

ရန္ကုန္တြင္ စက္သုံးဆီျပတ္လပ္မႈ ထပ္မံျဖစ္ေပၚေနၿပီး ဗဟိုဘဏ္က စက္သုံးဆီလုပ္ငန္းရွင္မ်ားအတြက္ ေဒၚလာသန္း (၃ဝ)ထုတ္ေရာင္းမည္ဟု ယေန႔ (စက္တင္ဘာ ၂ဝ ရက္)တြင္ ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ဩဂုတ္လကလည္း စက္သုံးဆီျပတ္လပ္မႈ ဆိုးဝါးစြာျဖစ္ေပၚခဲ့ၿပီး ယခုတစ္ႀကိမ္တြင္လည္း စက္သုံးဆီအေရာင္းဆိုင္အမ်ားစု ပိတ္ထားေၾကာင္း အငွားယာဥ္ေမာင္းမ်ားထံမွ စုံစမ္းသိရွိရသည္။

"မေန႔ကေတာ့ ဝယ္လို႔ရေသးတယ္။ အရင္ရက္ေတြထဲက ဒီဇယ္ကေတာ့ ဝယ္မရဘူး။ ဒီေန႔က်ေတာ့ ဆိုင္ေတာ္ေတာ္မ်ားမ်ားက ပိတ္ထားတယ္။ ၿပီးေတာ့ တန္းစီရတယ္။ အရင္တစ္ေခါက္ကလိုပဲ ကားတန္းရွည္ႀကီး တန္းစီရတယ္"ဟု ရန္ကုန္ၿမိဳ႕ရွိ အငွားယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ၿပီးေနာက္ပိုင္း ၂ဝ၂၃ ခုႏွစ္အထိ အဆိုး႐ြားဆုံးစက္သုံးဆီရွားပါးျပတ္လပ္ျခင္း ႏွင့္ ေစ်းျမင့္တက္သည့္ျပႆနာ အနည္းဆုံးအႀကိမ္ (၂ဝ)နီးပါးျဖစ္ခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။ စက္ သုံးဆီတင္သြင္းမႈမ်ားကို သြင္းကုန္လိုင္စင္အသစ္ ႏွင့္ ပို႔ကုန္ရေငြ (Export Earning) ပူးတြဲတင္ျပမွသာ တင္သြင္းခြင့္ျပဳမည္ဟု သတ္မွတ္ထားရာ လတ္တေလာတြင္ စက္သုံးဆီျပန္လည္ ျပတ္လပ္လာျခင္းျဖစ္သည္။

၂ဝ၂၄ ခုႏွစ္တြင္လည္း စက္သုံးဆီျပတ္လပ္မႈ ႏွင့္ ေစ်းႏႈန္းႀကီးျမင့္မႈသည္ ယခုတစ္ႀကိမ္အပါအဝင္ (၄)ႀကိမ္ထက္မနည္းရွိလာၿပီျဖစ္ေၾကာင္း၊ ထို႔ျပင္ ႏွစ္လလွ်င္တစ္ႀကိမ္နီးပါး တစ္ေၾကာ့ျပန္ျဖစ္လာသည့္ စက္ဆုံးဆီျပတ္ လပ္မႈသည္ တစ္ႀကိမ္ထက္တစ္ႀကိမ္ ပိုမိုဆိုး႐ြားလာေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.