သမ္မတရွေးကောက်ပွဲရှုံးနိမ့်မှုက အမေရိကန်ရောက် ဂျူးလူမျိုးများ နှင့် အများကြီးသက်ဆိုင်ဖွယ်ရှိနေဟု ဒေါ်နယ်ထရမ့်ပြော

 966

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

နိုဝင်ဘာလ ၅ ရက်တွင်ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့မည်ဆိုလျှင် ရှုံးနိမ့်မှုက ဂျူးလူမျိုးများနှင့်အများကြီး သက်ဆိုင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲနီးလာချိန်တွင် အမေရိကန်-ဂျူးလူမျိုးများသည် ဒေါ်နယ်ထရမ့်ကို မဲမပေးရန် တောင်းဆိုသံများမြင့်တက်နေချိန်တွင် ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲတွင် အနိုင်မရခဲ့ဘူးဆိုလျှင် ဂျူးလူမျိုးများလည်း အများကြီးဆုံးရှုံးသွားမည်ဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံ အပေါ်ထားရှိသည့် ၎င်း၏ မူဝါဒများကြောင့် ဂျူးလူများအနက်မှ မဲပေးခွင့်ရှိသော ဂျူးလူမျိုးများ၏ ထောက်ခံမဲ ၁၀၀ ရာခိုင်နှုန်းကို ရသင့်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။

ဒီမိုကရက်တစ်ပါတီသည် အမေရိကန်နိုင်ငံရှိဂျုးလူမျိုးများအပေါ် ရက်စက်သော လုပ်ဆောင်ခြင်းများ ပြုလုပ်ဖွယ် ရှိနေကြောင်း အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ပြောသည်။ ဂျူးလူမျိုးများသည် အမေရိကန်နိုင်ငံတွင် လွတ်လပ်မှု နှင့် ဒီမိုကရေစီအရေး ပိုမိုဖြစ်ထွန်းစေရန် အဓိကအရေးပါသော လူမျိုးများဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့် က ပြောသည်။

ဂျူးလူမျိုးများသည် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီသမ္မတလောင်းကို မဲပေးရွေးချယ်ခဲ့မည်ဆိုလျှင် ရှုံးနိမ့် မှုများအတွက် ဂျူးလူမျိုးများကို အပြစ်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဒေါ်နယ်ထရမ့်က "ကျွန်တော် ဟာ ရွေးကောက်ပွဲမှာ ရှံးနိမ့်ခဲ့မယ်ဆိုရင် အဲဒီရှုံးနိမ့်မှုတွေဟာ ဂျူးတွေနဲ့ သက်ဆိုင်ဖွယ်ရှိနေပါတယ်။ ဂျူးတွေဟာ ရန်သူတွေကို မဲပေးခဲ့မယ်ဆိုရင် အစ္စရေးနိုင်ငံဟာ ၂ နှစ်အတွင်း တည်ရှိနိုင်မှ မဟုတ်ဘူး" ဟု ပြောသည်။

ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်သောစစ်တမ်းများထဲတွင် ဒေါ်နယ်ထရမ့်သည် မဲပေးခွင့်ရှိသော ဂျူးလူမျိုးများ၏ ၂၄ ရာခိုင်နှုန်းထောက်ခံမဲရဖွယ်ရှိနေကြောင်း ဖော်ပြထားသည်။ ဒေါ်နယ်ထရမ့်သည် လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းဖြစ်သလို အမေရိကန်ဒုတိယသမ္မတ ကာမာလာဟာရစ်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေပြီး မကြာသေးမီက ပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲတွင် ကာမာလာဟာရစ်ကို ရှုံးနိမ့်ခဲ့ကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

Zawgyi Version;
သမၼတေ႐ြးေကာက္ပြဲရႈံးနိမ့္မႈက အေမရိကန္ေရာက္ ဂ်ဴးလူမ်ိဳးမ်ား ႏွင့္ အမ်ားႀကီးသက္ဆိုင္ဖြယ္ရွိေနဟု ေဒၚနယ္ထရမ့္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ

ႏိုဝင္ဘာလ ၅ ရက္တြင္က်င္းပမည့္ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့မည္ဆိုလွ်င္ ရႈံးနိမ့္မႈက ဂ်ဴးလူမ်ိဳးမ်ားႏွင့္အမ်ားႀကီး သက္ဆိုင္မည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေလာင္းေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။

အေမရိကန္သမၼတေ႐ြးေကာက္ပြဲနီးလာခ်ိန္တြင္ အေမရိကန္-ဂ်ဴးလူမ်ိဳးမ်ားသည္ ေဒၚနယ္ထရမ့္ကို မဲမေပးရန္ ေတာင္းဆိုသံမ်ားျမင့္တက္ေနခ်ိန္တြင္ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္ျခင္းျဖစ္သည္။ ေဒၚနယ္ထရမ့္က ေ႐ြးေကာက္ပြဲတြင္ အႏိုင္မရခဲ့ဘူးဆိုလွ်င္ ဂ်ဴးလူမ်ိဳးမ်ားလည္း အမ်ားႀကီးဆုံးရႈံးသြားမည္ျဖစ္ေၾကာင္း၊ အစၥေရးႏိုင္ငံ အေပၚထားရွိသည့္ ၎၏ မူဝါဒမ်ားေၾကာင့္ ဂ်ဴးလူမ်ားအနက္မွ မဲေပးခြင့္ရွိေသာ ဂ်ဴးလူမ်ိဳးမ်ား၏ ေထာက္ခံမဲ ၁၀၀ ရာခိုင္ႏႈန္းကို ရသင့္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာသည္။

ဒီမိုကရက္တစ္ပါတီသည္ အေမရိကန္ႏိုင္ငံရွိဂ်ဳးလူမ်ိဳးမ်ားအေပၚ ရက္စက္ေသာ လုပ္ေဆာင္ျခင္းမ်ား ျပဳလုပ္ဖြယ္ ရွိေနေၾကာင္း အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ေျပာသည္။ ဂ်ဴးလူမ်ိဳးမ်ားသည္ အေမရိကန္ႏိုင္ငံတြင္ လြတ္လပ္မႈ ႏွင့္ ဒီမိုကေရစီအေရး ပိုမိုျဖစ္ထြန္းေစရန္ အဓိကအေရးပါေသာ လူမ်ိဳးမ်ားျဖစ္ေၾကာင္း၊ ေဒၚနယ္ထရမ့္ က ေျပာသည္။

ဂ်ဴးလူမ်ိဳးမ်ားသည္ ေ႐ြးေကာက္ပြဲတြင္ ဒီမိုကရက္တစ္ပါတီသမၼတေလာင္းကို မဲေပးေ႐ြးခ်ယ္ခဲ့မည္ဆိုလွ်င္ ရႈံးနိမ့္ မႈမ်ားအတြက္ ဂ်ဴးလူမ်ိဳးမ်ားကို အျပစ္တင္ရမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။ ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္ ဟာ ေ႐ြးေကာက္ပြဲမွာ ရွံးနိမ့္ခဲ့မယ္ဆိုရင္ အဲဒီရႈံးနိမ့္မႈေတြဟာ ဂ်ဴးေတြနဲ႔ သက္ဆိုင္ဖြယ္ရွိေနပါတယ္။ ဂ်ဴးေတြဟာ ရန္သူေတြကို မဲေပးခဲ့မယ္ဆိုရင္ အစၥေရးႏိုင္ငံဟာ ၂ ႏွစ္အတြင္း တည္ရွိႏိုင္မွ မဟုတ္ဘူး" ဟု ေျပာသည္။

ေ႐ြးေကာက္ပြဲမတိုင္ခင္ ျပဳလုပ္ေသာစစ္တမ္းမ်ားထဲတြင္ ေဒၚနယ္ထရမ့္သည္ မဲေပးခြင့္ရွိေသာ ဂ်ဴးလူမ်ိဳးမ်ား၏ ၂၄ ရာခိုင္ႏႈန္းေထာက္ခံမဲရဖြယ္ရွိေနေၾကာင္း ေဖာ္ျပထားသည္။ ေဒၚနယ္ထရမ့္သည္ လာမည့္ေ႐ြးေကာက္ပြဲတြင္ ဒီမိုကရက္တစ္ပါတီ၏ သမၼတေလာင္းျဖစ္သလို အေမရိကန္ဒုတိယသမၼတ ကာမာလာဟာရစ္ႏွင့္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရဖြယ္ရွိေနၿပီး မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ စကားစစ္ထိုးပြဲတြင္ ကာမာလာဟာရစ္ကို ရႈံးနိမ့္ခဲ့ေၾကာင္း စစ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.