လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး

 337

Pika (NP News) - စက်တင်ဘာ ၂၁

အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ တောတောင်တွေထဲမှာ လှုပ်ရှားနေတဲ့ Maoist သူပုန်အဖွဲ့အနေနဲ့ လက်နက်ချတာမျိုး မလုပ်ဆောင်ပါက အပြီး သတ်ချေမှုန်းမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ(၂၀)ရက်နေ့မှာ သတိပေးပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာ Maoist သူပုန်အဖွဲ့ရဲ့ ဆယ်စုနှစ်ကျော်ကြာသောင်းကျန်းမှုတွေအတွင်း လူပေါင်း(၁)သောင်းကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူပုန်အဖွဲ့ရဲ့ သောင်းကျန်းမှုတွေဟာ သိသိသာသာကျဆင်းသွားခဲ့ပြီး အိန္ဒိယစစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် ယခုနှစ်ပထမ(၆)လအတွင်း သူပုန်အနည်းဆုံး(၁၆ဝ)ကျော် သေဆုံးခဲ့တယ်လို့ အစိုးရရဲ့ဒေတာအချက်အလက်တွေအရသိရပါတယ်။

ပြည်ထဲရေးဝန်ကြီးအက်မစ်ရှာက "အခြားအဖွဲ့တွေလည်း ငြိမ်းချမ်းရေးလမ်းကြောင်းကို ဝင်ခဲ့ကြပြီးပါပြီ။ Maoist သူပုန်အဖွဲ့အနေနဲ့လည်း အဲဒီလိုပဲလုပ်သင့်ပါတယ်။ လက်နက်ချ အညံ့ခံကြပါ။ လက်နက်ချအညံ့မခံဘူးဆိုရင် အပြီးသတ်ချေမှုန်းမှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရှင်းလင်းရေးစစ်ဆင်ရေးတွေကို ၂ဝ၂၆ ခုနှစ် အစောပိုင်းမှာ လုပ်ဆောင်ဖို့ မျှော်မှန်းထားတယ်လို့ အက်မစ်ရှာက ပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်း နဲ့ အရှေ့ပိုင်းပြည်နယ်တို့ကို ပိုမိုပျံ့နှံ့လာတဲ့ Maoist သူပုန်တွေကို တိုက်ခိုက်ဖို့အတွက် ထောင်နဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အိန္ဒိယအစိုးရက ဖြန့်ကျက်ချထားခဲ့တယ်လို့လည်း သိရပါတယ်။

Naxalites လို့ လူသိများပြီး ကျေးလက်ဆင်းရဲသားတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ Maoist သူပုန်တွေဟာ ၁၉၆၇ ခုနှစ်ကတည်းက ပြောက်ကျားတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
လက္နက္ခ်အညံ့ခံဖို႔ Maoist သူပုန္အဖြဲ႕ကို အိႏၵိယအစိုးရသတိေပး
Pika (NP News) - စက္တင္ဘာ ၂၁

အိႏၵိယႏိုင္ငံအလယ္ပိုင္းမွာရွိတဲ့ ေတာေတာင္ေတြထဲမွာ လႈပ္ရွားေနတဲ့ Maoist သူပုန္အဖြဲ႕အေနနဲ႔ လက္နက္ခ်တာမ်ိဳး မလုပ္ေဆာင္ပါက အၿပီး သတ္ေခ်မႈန္းမႈေတြနဲ႔ ရင္ဆိုင္ရမယ္လို႔ အိႏၵိယျပည္ထဲေရးဝန္ႀကီးက စက္တင္ဘာလ(၂၀)ရက္ေန႔မွာ သတိေပးေျပာဆိုခဲ့ပါတယ္။

အိႏၵိယႏိုင္ငံအလယ္ပိုင္းမွာ Maoist သူပုန္အဖြဲ႕ရဲ႕ ဆယ္စုႏွစ္ေက်ာ္ၾကာေသာင္းက်န္းမႈေတြအတြင္း လူေပါင္း(၁)ေသာင္းေက်ာ္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း သူပုန္အဖြဲ႕ရဲ႕ ေသာင္းက်န္းမႈေတြဟာ သိသိသာသာက်ဆင္းသြားခဲ့ၿပီး အိႏၵိယစစ္တပ္ရဲ႕ ၿဖိဳခြင္းမႈေတြေၾကာင့္ ယခုႏွစ္ပထမ(၆)လအတြင္း သူပုန္အနည္းဆုံး(၁၆ဝ)ေက်ာ္ ေသဆုံးခဲ့တယ္လို႔ အစိုးရရဲ႕ေဒတာအခ်က္အလက္ေတြအရသိရပါတယ္။

ျပည္ထဲေရးဝန္ႀကီးအက္မစ္ရွာက "အျခားအဖြဲ႕ေတြလည္း ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကို ဝင္ခဲ့ၾကၿပီးပါၿပီ။ Maoist သူပုန္အဖြဲ႕အေနနဲ႔လည္း အဲဒီလိုပဲလုပ္သင့္ပါတယ္။ လက္နက္ခ် အညံ့ခံၾကပါ။ လက္နက္ခ်အညံ့မခံဘူးဆိုရင္ အၿပီးသတ္ေခ်မႈန္းမႈေတြနဲ႔ ရင္ဆိုင္ရပါလိမ့္မယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ရွင္းလင္းေရးစစ္ဆင္ေရးေတြကို ၂ဝ၂၆ ခုႏွစ္ အေစာပိုင္းမွာ လုပ္ေဆာင္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ အက္မစ္ရွာက ေျပာၾကားခဲ့ပါတယ္။အိႏၵိယႏိုင္ငံ အလယ္ပိုင္း၊ ေတာင္ပိုင္း နဲ႔ အေရွ႕ပိုင္းျပည္နယ္တို႔ကို ပိုမိုပ်ံ႕ႏွံ႔လာတဲ့ Maoist သူပုန္ေတြကို တိုက္ခိုက္ဖို႔အတြက္ ေထာင္နဲ႔ခ်ီတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို အိႏၵိယအစိုးရက ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔လည္း သိရပါတယ္။

Naxalites လို႔ လူသိမ်ားၿပီး ေက်းလက္ဆင္းရဲသားေတြအတြက္ တိုက္ပြဲဝင္ေနၾကတဲ့ Maoist သူပုန္ေတြဟာ ၁၉၆၇ ခုႏွစ္ကတည္းက ေျပာက္က်ားတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.