ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား

 292

ယွန်း(NP News) - စက်တင်ဘာ ၂၁

ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့် နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထားကြောင်း ပို့‌ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးသည့် အတွက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ဒေသများရှိပြည်သူများ ဆက်သွယ်ရေးလွယ်ကူစေရန် အခမဲ့ဖုန်းပြောဆိုခွင့် နှင့် အခမဲ့စာတိုပေးပို့အသုံးပြုခွင့်ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်မှစတင်၍ တစ်ပတ်အသုံးပြုခွင့်ကို ဆက်သွယ်ရေးအော်ပရေတာများက ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ယခုအခါထပ်မံ၍ ရေဘေးသင့်ဒေသများမှ ဒေသခံပြည်သူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၇ဝဝ)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင်(၇ဝဝ) တို့အား စက်တင် ဘာ ၂ဝ ရက်မှ ၂၆ ရက်အထိ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အက်တမ်မြန်မာလီမိတက် (ATOM) မှ မိုဘိုင်းဖုန်း အချင်းချင်းအခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၃ဝဝ)နှင့် အခမဲ့စာတိုပေးပို့ခွင့်အစောင်(၃ဝဝ)တို့အား စက်တင်ဘာ ၂ဝ ရက်မှ ၂၂ ရက်အထိ၊ အူရီဒူးမြန်မာလီမိတက် (Ooredoo)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်အကန့်အသတ်မဲ့နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့တို့အား စက်တင်ဘာ ၂ဝ ရက်မှ ၂၆ ရက်အထိ ထပ်မံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီလီမိတက် (MYTEL)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် (၁၀၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၁၀၀၀) တို့အား စက်တင်ဘာ ၂၁ ရက်မှ ၃၀ ရက်အထိ အသုံးပြုခွင့်ကို ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ေရေဘးသင့္ေဒသရွိ ျပည္သူမ်ားအတြက္ ေအာ္ပေရတာ(၄)ခုမွ ဖုန္းေျပာဆိုခြင့္ႏွင့္ စာတိုေပးပို႔ခြင့္မ်ား ထပ္မံတိုးခ်ဲ႕ေပးထား

ယြန္း(NP News) - စက္တင္ဘာ ၂၁

ေရေဘးသင့္ေဒသရွိ ျပည္သူမ်ားအတြက္ ေအာ္ပေရတာ(၄)ခုမွ ဖုန္းေျပာဆိုခြင့္ ႏွင့္ စာတိုေပးပို႔ခြင့္မ်ား ထပ္မံတိုးခ်ဲ႕ေပးထားေၾကာင္း ပို႔‌ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနက အသိေပးထားသည္။

ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ျမစ္ေရႀကီးသည့္ အတြက္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့သျဖင့္ ေရေဘးသင့္ေဒသမ်ားရွိျပည္သူမ်ား ဆက္သြယ္ေရးလြယ္ကူေစရန္ အခမဲ့ဖုန္းေျပာဆိုခြင့္ ႏွင့္ အခမဲ့စာတိုေပးပို႔အသုံးျပဳခြင့္ကို ၿပီးခဲ့သည့္ စက္တင္ဘာ ၁၃ ရက္မွစတင္၍ တစ္ပတ္အသုံးျပဳခြင့္ကို ဆက္သြယ္ေရးေအာ္ပေရတာမ်ားက ေဆာင္႐ြက္ေပးခဲ့ၿပီးျဖစ္သည္။

ယခုအခါထပ္မံ၍ ေရေဘးသင့္ေဒသမ်ားမွ ေဒသခံျပည္သူမ်ားအတြက္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း(MPT)မွ မိုဘိုင္းဖုန္းအခ်င္းခ်င္း အခမဲ့ဖုန္းေျပာဆိုခြင့္ မိနစ္(၇ဝဝ)ႏွင့္ အခမဲ့စာတိုေပးပို႔ခြင့္ အေစာင္(၇ဝဝ) တို႔အား စက္တင္ ဘာ ၂ဝ ရက္မွ ၂၆ ရက္အထိ အသုံးျပဳခြင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အက္တမ္ျမန္မာလီမိတက္ (ATOM) မွ မိုဘိုင္းဖုန္း အခ်င္းခ်င္းအခမဲ့ဖုန္းေျပာဆိုခြင့္ မိနစ္(၃ဝဝ)ႏွင့္ အခမဲ့စာတိုေပးပို႔ခြင့္အေစာင္(၃ဝဝ)တို႔အား စက္တင္ဘာ ၂ဝ ရက္မွ ၂၂ ရက္အထိ၊ အူရီဒူးျမန္မာလီမိတက္ (Ooredoo)မွ မိုဘိုင္းဖုန္းအခ်င္းခ်င္း အခမဲ့ဖုန္းေျပာဆိုခြင့္အကန႔္အသတ္မဲ့ႏွင့္ အခမဲ့စာတိုေပးပို႔ခြင့္ အကန႔္အသတ္မဲ့တို႔အား စက္တင္ဘာ ၂ဝ ရက္မွ ၂၆ ရက္အထိ ထပ္မံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ တယ္လီကြန္းအင္တာေနရွင္နယ္ ျမန္မာကုမၸဏီလီမိတက္ (MYTEL)မွ မိုဘိုင္းဖုန္းအခ်င္းခ်င္း အခမဲ့ဖုန္းေျပာဆိုခြင့္ မိနစ္ (၁၀၀၀) ႏွင့္ အခမဲ့စာတိုေပးပို႔ခြင့္ အေစာင္ (၁၀၀၀) တို႔အား စက္တင္ဘာ ၂၁ ရက္မွ ၃၀ ရက္အထိ အသုံးျပဳခြင့္ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.