ထိုင်းနိုင်ငံရဲ့အွန်လိုင်းစတား ရေမြင်းလေးမူးတင်ရဲ့ပုံရိပ်တွေပါတဲ့ အမှတ်တရပစ္စည်းများ တိရိစ္ဆာန်ရုံက ရောင်းချမည်

 172

ရောင်နီ (NP News) - စက်တင်ဘာ ၂၁

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ Khao Kheow Open Zoo တိရစ္ဆာန်ရုံမှာ ရေမြင်းပေါက်လေး မူးတင် ဆိုရှယ် မီဒီယာမှာ နာမည်ကြီး ရေပန်းစားလာတာနဲ့အတူ သူတို့ရဲ့အွန်လိုင်း စတားလေးဖြစ်တဲ့ မူးတင်ရဲ့ပုံရိပ်လေးတွေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

ထိုင်းလို “ခုန်ပေါက်နေတဲ့ ဝက်ကလေး" လို့ အဓိပ္ပာယ်ရတဲ့ ရေမြင်းပေါက်လေး မူးတင်ဟာ ချစ်စရာကောင်းပြီး စွာတတ်ပုံလေးတွေကြောင့် ဆိုရှယ်မီဒီယာမှာ ပြည်တွင်းရော နိုင်ငံတကာ ပရိသတ်တွေကိုပါ စွဲဆောင်စေခဲ့ပါ တယ်။ သူ့ကြောင့် သီတင်းပတ်ကုန်တိုင်း လူအယောက် ၁၀,၀၀၀ ကျော်ထိ တိရစ္ဆာန်ရုံကို လာရောက်ခဲ့သလို Kha Moo (Pig Leg) & the Gang ဆိုတဲ့ တိရစ္ဆာန်ရုံ page ကလည်း ဖော်လိုဝါ ၉၁၀,၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပါတယ်။ တိရစ္ဆာန်ရုံ ဒါရိုက်တာ မစ္စတာနာရွန်ဝစ်ချိုချိုင်က Khao Kheow Open Zoo ကို လာရောက်လည်ပတ်သူ ဧည့်သည်တွေဟာ အိမ်ပြန်လက်ဆောင်အနေနဲ့ မူးတင် နဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေကို မေးမြန်းရှာဖွေ ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တိရစ္ဆာန်ရုံက မူးတင်ရဲ့ပုံရိပ်တွေပါတဲ့ အမှတ်တံဆိပ် ထုတ်ကုန်တွေအတွက် အမှတ်တံဆိပ်နဲ့ မူပိုင်ခွင့်ကို မှတ်ပုံတင်ထားတယ်လို့ ၎င်းက ပြောပါတယ်။ လက်ရှိတော့ မူးတင်ပါရှိတဲ့ တီရှပ် အင်္ကျီတွေကို လာမည့်သီတင်းပတ်အတွင်း စတင်ရောင်းချနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နောက်ထပ် လည်း မူးတင် ပါဝင်တဲ့ ဟာဝိုင်ရီရှပ်အင်္ကျီနဲ့ ဘောင်းဘီလို နောက်ထပ်ထုတ်ကုန်တွေကိုလည်း ထုတ်လုပ်ရောင်းချ သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လိုင်းစတစ်ကာ၊ တံဆိပ်ခေါင်းနဲ့ သောက်ရေသန့်တွေလို အခြားပစ္စည်းတွေ ထုတ်လုပ်ဖို့ စိတ်ပါဝင်စားသူ တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတယ်လို့ မစ္စတာနာရွန်ဝစ် က ပြောကြားချက်အရ သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံရဲ႕အြန္လိုင္းစတား ေရျမင္းေလးမူးတင္ရဲ႕ပုံရိပ္ေတြပါတဲ့ အမွတ္တရပစၥည္းမ်ား တိရိစာၦန္႐ုံက ေရာင္းခ် မည္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁

ထိုင္းႏိုင္ငံ၊ ခြၽန္ဘူရီျပည္နယ္၊ Khao Kheow Open Zoo တိရစာၦန္႐ုံမွာ ေရျမင္းေပါက္ေလး မူးတင္ ဆိုရွယ္ မီဒီယာမွာ နာမည္ႀကီး ေရပန္းစားလာတာနဲ႔အတူ သူတို႔ရဲ႕အြန္လိုင္း စတားေလးျဖစ္တဲ့ မူးတင္ရဲ႕ပုံရိပ္ေလးေတြနဲ႔ အမွတ္တရလက္ေဆာင္ပစၥည္းေတြ ထုတ္လုပ္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

ထိုင္းလို “ခုန္ေပါက္ေနတဲ့ ဝက္ကေလး" လို႔ အဓိပၸာယ္ရတဲ့ ေရျမင္းေပါက္ေလး မူးတင္ဟာ ခ်စ္စရာေကာင္းၿပီး စြာတတ္ပုံေလးေတြေၾကာင့္ ဆိုရွယ္မီဒီယာမွာ ျပည္တြင္းေရာ ႏိုင္ငံတကာ ပရိသတ္ေတြကိုပါ စြဲေဆာင္ေစခဲ့ပါ တယ္။ သူ႔ေၾကာင့္ သီတင္းပတ္ကုန္တိုင္း လူအေယာက္ ၁၀,၀၀၀ ေက်ာ္ထိ တိရစာၦန္႐ုံကို လာေရာက္ခဲ့သလို Kha Moo (Pig Leg) & the Gang ဆိုတဲ့ တိရစာၦန္႐ုံ page ကလည္း ေဖာ္လိုဝါ ၉၁၀,၀၀၀ ေက်ာ္ထိ ေရာက္ရွိခဲ့ပါတယ္။ တိရစာၦန္႐ုံ ဒါ႐ိုက္တာ မစၥတာနာ႐ြန္ဝစ္ခ်ိဳခ်ိဳင္က Khao Kheow Open Zoo ကို လာေရာက္လည္ပတ္သူ ဧည့္သည္ေတြဟာ အိမ္ျပန္လက္ေဆာင္အေနနဲ႔ မူးတင္ နဲ႔ပတ္သက္တဲ့ အမွတ္တရပစၥည္းေတြကို ေမးျမန္းရွာေဖြ ၾကတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ တိရစာၦန္႐ုံက မူးတင္ရဲ႕ပုံရိပ္ေတြပါတဲ့ အမွတ္တံဆိပ္ ထုတ္ကုန္ေတြအတြက္ အမွတ္တံဆိပ္နဲ႔ မူပိုင္ခြင့္ကို မွတ္ပုံတင္ထားတယ္လို႔ ၎က ေျပာပါတယ္။ လက္ရွိေတာ့ မူးတင္ပါရွိတဲ့ တီရွပ္ အက်ႌေတြကို လာမည့္သီတင္းပတ္အတြင္း စတင္ေရာင္းခ်ႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ေနာက္ထပ္ လည္း မူးတင္ ပါဝင္တဲ့ ဟာဝိုင္ရီရွပ္အက်ႌနဲ႔ ေဘာင္းဘီလို ေနာက္ထပ္ထုတ္ကုန္ေတြကိုလည္း ထုတ္လုပ္ေရာင္းခ် သြားမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ လိုင္းစတစ္ကာ၊ တံဆိပ္ေခါင္းနဲ႔ ေသာက္ေရသန႔္ေတြလို အျခားပစၥည္းေတြ ထုတ္လုပ္ဖို႔ စိတ္ပါဝင္စားသူ ေတြနဲ႔လည္း ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔ မစၥတာနာ႐ြန္ဝစ္ က ေျပာၾကားခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.