မြန်မာဖက်မှ ကူးကီးစစ်သွေးကြွ ၉၀၀ ခန့် ဝင်ရောက်လာဟု အိန္ဒိယမဏိပူရပြည်နယ်၌ သတိပေး

 419

Htay Oung (NP News) - စက်တင်ဘာ ၂၂

ကူကီးစစ်သွေးကြွ ၉၀၀ ခန့်ဟာ မြန်မာနိုင်ငံဖက်မှ မဏိပူရပြည်နယ်အတွင်း စိမ့်ဝင်ထိုးဖောက်ဝင်ရောက်လာခဲ့ တယ်လို့ အိန္ဒိယထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နယ်စပ်တ လျှောက်ရှိ ရဲတပ်ဖွဲ့အကြီးအကဲများရဲ့တင်ပြချက်များအရ အဲဒီထောက်လှမ်းရေးအစီရင်ခံစာသတင်းဟာ မှန်ကန် ကြောင်း မဏိပူရပြည်နယ် လုံခြုံရေးအကြံပေးပုဂ္ဂိုလ်က အတည်ပြုတယ်လို့ နယူးဒေလီအခြေစိုက် “ဟိန္ဒူ စတန်တိုင်းမ်စ်” ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က ရေးသားပါတယ်။

အဲဒီ ကူကီးဇိုစစ်သွေးကြွတွေဟာ ဒရုန်း-ရှော့တိုက်ဒုံးနှင့် တောတွင်းတိုက်ပွဲအတွက် လေ့ကျင့်ထားသူများဖြစ်တယ် လို့ သိရှိရကြောင်း၊ အဖွဲ့ဝင် ၃၀ ပါ ယူနစ်များဖြင့် ဖွဲ့စည်းထားပြီး နယ်စွန်နယ်ဖျားတစ်ဝိုက် ဖြန့်ကျက် နေရာယူထား ကြကြောင်း၊ ဒေသတွင်း ညှိနှိုင်းတိုက်ခိုက်မှုများ ဖြစ်လာနိုင်ချေရှိတဲ့အတွက် စိုးရိမ်မှုများ မြင့်တက်နေရတယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။
မဏိပူရပြည်နယ်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျား ပြည်နယ် ၇ ခုအနက် တစ်ခုဖြစ်ပြီး ပြည်တွင်း စစ်ကြောင့် လုံခြုံရေးပျက်ပြားနေတဲ့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံ ကရင်ပြည်နယ်ရဲ့ ၇ဝ ရာခိုင်နှုန်းခန့် ကျယ်ဝန်းပြီး နေထိုင်သူ ၃ သန်းနီးပါး ရှိပါ တယ်။ လူဦးရေ ထက်ဝက်ကျော်မှာ မြေပြန့်လွင်ပြင်ဒေသနေ မေထေး (ကသည်း) တို့ဖြစ်ပြီး တောင်တန်းဒေ သနေ ကူကီးဇိုမျိုးနွယ်စု ၁၆ ရာခိုင်နှုန်း၊ နာဂမျိုးနွယ်စု ၂ဝ ရာခိုင်နှုန်းနဲ့ အခြားလူမျိုးစုငယ်များလည်း နေထိုင်ပါတယ်။ ဘာသာ ရေးကိုးကွယ်မှုအရ ၁၉၆၁ ခုနှစ်မှ နှစ်ပေါင်း ၅ဝ အတွင်း ဟိန္ဒူဘာသာဝင်ဦးရေ ၆၂ ရာခိုင်နှုန်း မှ ၄၁ ရာခိုင်နှုန်းဖြစ်သွားပြီး၊ ခရစ်ယာန်ဘာသာဝင် ၁၉ ရာခိုင်နှုန်း မှ ၄၁ ရာခိုင်နှုန်းအထိ တိုးမြင့်လာခြင်းဟာ မှတ်သား စရာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၊ အိန္ဒိယ မီဇိုရမ်ပြည်နယ်ရှိ မီဇိုလူမျိုးတွေဟာ ကူကီးအနွယ် ဝင်များဖြစ်ကြပြီး အိန္ဒိယဘက်မှာတော့ ကူကီးဇိုတို့ကို “သာဒူး ကူကီး” လို့ ခေါ်ဆိုကြပါတယ်။

အိန္ဒိယနိုင်ငံအတွင်း အရှည်ကြာဆုံးသော ခွဲထွက်ရေးသောင်းကျန်းမှုနဲ့ အကြမ်းဖက်မှုများ မှတ်တမ်းရှိခဲ့ပြီး အဖွဲ့ အသီးသီးတို့မှာ မတူကွဲပြားတဲ့ ပန်းတိုင်အသီးသီး ရှိနေပါတယ်။ ၁၉၇၇ ခုနှစ်နောက်ပိုင်း မဏိပူရပြည်နယ်အတွင်း ခွဲထွက်ရေး (PREPAK) လက်နက်ကိုင်ဆန့်ကျင်မှုများမှာ ကွန်မြူနစ်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်တို့နဲ့အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က လက်နက်နဲ့လေ့ကျင့်မှုများ ပံ့ပိုးပေးခဲ့တယ်လို့ လူ့အခွင့် အရေးစောင့်ကြည့်သူများက သံသယ ရှိပါတယ်။ ဘဏ်လုယက်ခြင်း၊ ရဲတပ်ဖွဲ့နဲ့ အစိုးရအဆောက်အအုံများကို တိုက်ခိုက်ခြင်းအပါအဝင် ကျူးလွန်မှုများကြောင့် ၂၀၁၆ ခုနှစ်မှာ အိန္ဒိယအစိုးရက အဲဒီ PREPAK ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တားမြစ်ထားပါတယ်။

လုံခြုံရေးမတည်ငြိမ်မှုများကြောင့် အနက်ရောင်နယ်မြေအဖြစ်သတ်မှတ်ပြီး နှစ် ၅၀ ခန့်ကြာတဲ့အထိ စစ်အုပ်ချုပ် ရေးပြဌာန်းခဲ့ရစဉ်အတွင်း နိုင့်ထက်စီးနင်းသတ်ဖြတ်မှု၊ လူမဆန်စွာနှိမ်ချဆက်ဆံမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ဥပဒေမဲ့ လက်စဖျောက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

အဲ့ဒီလို သမိုင်းရှိခဲ့တဲ့ပြည်နယ်မှာ လူမျိုးစုအချင်းချင်းတို့အကြား အကြမ်းဖက်မှုများလည်း ဖြစ်ပွားနေခဲ့ပါတယ်။ အိန္ဒိယပြည်နယ်အစိုးရရဲ့ မျိုးနွယ်စုအဆင့်အတန်းအရ အထူးအခွင့်အရေးခံစားခွင့် သတ်မှတ်ချက်ပြဌာန်းခြင်းဟာ ၂၀၂၃ ခုနှစ် မေလ ပြည်နယ်အတွင်း မေထေး(ကသည်း) တို့နဲ့ ကူးကီးဇိုလူမျိုးစုတို့အကြား လူမျိုးရေး အကြမ်းဖက်မှု များ ဖြစ်ပွားခဲ့ပါတယ်။ အဓိကရုန်းများနဲ့ အပြန်အလှန်အကြမ်းဖက်ခြင်းများဟာ လူမျိုးရေးကြောင့်လို့ ဆိုရပေမယ့် မေထေးကြီးစိုးလွှမ်းမိုးရေးစနစ်၊ ခရစ်ယာန်ဆန့်ကျင်ရေး၊ တရားမဝင် ပြောင်းရွှေ့နေ ထိုင်သူများအပေါ် မုန်းတီးမှုနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်ကူးမှုများကြောင့်လည်း ပါဝင်နေပါ တယ်။

၁ နှစ် ၄ လကျော်ကြာမြင့်တဲ့အကြမ်းဖက်မှုများအတွင်း တရားဝင် စာရင်းများအရ လူပေါင်း ၂၂၁ ဦး သေဆုံးပြီး ဘုရားကျောင်းများ၊ ဘာသာရေးဝတ်ပြုရာနေရာများ အပါအဝင် နေအိမ်အဆောက်အအုံ ၅၀၀၀ ကျော် မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ လူသတ်မှု၊ ရုန့်ရင်းဆန်ခတ်မှု၊ လုယက်မှုနဲ့ မုဒိန်းမှုများဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၃၂ ဦး ရှိခဲ့ရာ အဲ့ဒီကိန်းဂဏန်းများဟာ အဖြစ်မှန်ထက် အများကြီး ပိုမိုနည်းပါးဖွယ် ရှိပါတယ်။

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ “ဘာရတ်တီယာဂျာနာတာပါတီ” BJP က အုပ်ချုပ်လျှက်ရှိတဲ့ အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဖျား မဏိပူရပြည်နယ်မှာ စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာ တယ်လို့ နယူးဒေလီအခြေစိုက် “တိုင်းမ်အော့ဖ်အင်ဒီးယား” ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ရေးသားပါ တယ်။
(Hindustan Times., 21 September 2024,” Manipur On Alert As 900 Militants Trained In Drone Bomb, Missile, Jungle War Enter From Myanmar” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ျမန္မာဖက္မွ ကူးကီးစစ္ေသြးႂကြ ၉၀၀ ခန႔္ ဝင္ေရာက္လာဟု အိႏၵိယမဏိပူရျပည္နယ္၌ သတိေပး
Htay Oung (NP News) - စက္တင္ဘာ ၂၂

ကူကီးစစ္ေသြးႂကြ ၉၀၀ ခန႔္ဟာ ျမန္မာႏိုင္ငံဖက္မွ မဏိပူရျပည္နယ္အတြင္း စိမ့္ဝင္ထိုးေဖာက္ဝင္ေရာက္လာခဲ့ တယ္လို႔ အိႏၵိယေထာက္လွမ္းေရး အစီရင္ခံစာမွာ ေဖာ္ျပထားေၾကာင္း၊ ျမန္မာႏိုင္ငံနဲ႔ထိစပ္ေနတဲ့နယ္စပ္တ ေလွ်ာက္ရွိ ရဲတပ္ဖြဲ႕အႀကီးအကဲမ်ားရဲ႕တင္ျပခ်က္မ်ားအရ အဲဒီေထာက္လွမ္းေရးအစီရင္ခံစာသတင္းဟာ မွန္ကန္ ေၾကာင္း မဏိပူရျပည္နယ္ လုံၿခဳံေရးအႀကံေပးပုဂၢိဳလ္က အတည္ျပဳတယ္လို႔ နယူးေဒလီအေျခစိုက္ “ဟိႏၵဴ စတန္တိုင္းမ္စ္” ၂ဝ၂၄ ခုႏွစ္ စက္တင္ဘာလ ၂၁ ရက္က ေရးသားပါတယ္။

အဲဒီ ကူကီးဇိုစစ္ေသြးႂကြေတြဟာ ဒ႐ုန္း-ေရွာ့တိုက္ဒုံးႏွင့္ ေတာတြင္းတိုက္ပြဲအတြက္ ေလ့က်င့္ထားသူမ်ားျဖစ္တယ္ လို႔ သိရွိရေၾကာင္း၊ အဖြဲ႕ဝင္ ၃၀ ပါ ယူနစ္မ်ားျဖင့္ ဖြဲ႕စည္းထားၿပီး နယ္စြန္နယ္ဖ်ားတစ္ဝိုက္ ျဖန႔္က်က္ ေနရာယူထား ၾကေၾကာင္း၊ ေဒသတြင္း ညႇိႏႈိင္းတိုက္ခိုက္မႈမ်ား ျဖစ္လာႏိုင္ေခ်ရွိတဲ့အတြက္ စိုးရိမ္မႈမ်ား ျမင့္တက္ေနရတယ္လို႔ သတင္းမွာ ဆက္လက္ေဖာ္ျပပါတယ္။
မဏိပူရျပည္နယ္မွာ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ေဝးလံေခါင္ဖ်ား ျပည္နယ္ ၇ ခုအနက္ တစ္ခုျဖစ္ၿပီး ျပည္တြင္း စစ္ေၾကာင့္ လုံၿခဳံေရးပ်က္ျပားေနတဲ့ ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္တို႔နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ ျမန္မာႏိုင္ငံ ကရင္ျပည္နယ္ရဲ႕ ၇ဝ ရာခိုင္ႏႈန္းခန႔္ က်ယ္ဝန္းၿပီး ေနထိုင္သူ ၃ သန္းနီးပါး ရွိပါ တယ္။ လူဦးေရ ထက္ဝက္ေက်ာ္မွာ ေျမျပန႔္လြင္ျပင္ေဒသေန ေမေထး (ကသည္း) တို႔ျဖစ္ၿပီး ေတာင္တန္းေဒ သေန ကူကီးဇိုမ်ိဳးႏြယ္စု ၁၆ ရာခိုင္ႏႈန္း၊ နာဂမ်ိဳးႏြယ္စု ၂ဝ ရာခိုင္ႏႈန္းနဲ႔ အျခားလူမ်ိဳးစုငယ္မ်ားလည္း ေနထိုင္ပါတယ္။ ဘာသာ ေရးကိုးကြယ္မႈအရ ၁၉၆၁ ခုႏွစ္မွ ႏွစ္ေပါင္း ၅ဝ အတြင္း ဟိႏၵဴဘာသာဝင္ဦးေရ ၆၂ ရာခိုင္ႏႈန္း မွ ၄၁ ရာခိုင္ႏႈန္းျဖစ္သြားၿပီး၊ ခရစ္ယာန္ဘာသာဝင္ ၁၉ ရာခိုင္ႏႈန္း မွ ၄၁ ရာခိုင္ႏႈန္းအထိ တိုးျမင့္လာျခင္းဟာ မွတ္သား စရာတစ္ခုျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရွိ ခ်င္းလူမ်ိဳးမ်ား၊ အိႏၵိယ မီဇိုရမ္ျပည္နယ္ရွိ မီဇိုလူမ်ိဳးေတြဟာ ကူကီးအႏြယ္ ဝင္မ်ားျဖစ္ၾကၿပီး အိႏၵိယဘက္မွာေတာ့ ကူကီးဇိုတို႔ကို “သာဒူး ကူကီး” လို႔ ေခၚဆိုၾကပါတယ္။

အိႏၵိယႏိုင္ငံအတြင္း အရွည္ၾကာဆုံးေသာ ခြဲထြက္ေရးေသာင္းက်န္းမႈနဲ႔ အၾကမ္းဖက္မႈမ်ား မွတ္တမ္းရွိခဲ့ၿပီး အဖြဲ႕ အသီးသီးတို႔မွာ မတူကြဲျပားတဲ့ ပန္းတိုင္အသီးသီး ရွိေနပါတယ္။ ၁၉၇၇ ခုႏွစ္ေနာက္ပိုင္း မဏိပူရျပည္နယ္အတြင္း ခြဲထြက္ေရး (PREPAK) လက္နက္ကိုင္ဆန႔္က်င္မႈမ်ားမွာ ကြန္ျမဴနစ္ဝါဒ၊ ေမာ္စီတုန္းအေတြးအေခၚတို႔နဲ႔အတူ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ PLA က လက္နက္နဲ႔ေလ့က်င့္မႈမ်ား ပံ့ပိုးေပးခဲ့တယ္လို႔ လူ႔အခြင့္ အေရးေစာင့္ၾကည့္သူမ်ားက သံသယ ရွိပါတယ္။ ဘဏ္လုယက္ျခင္း၊ ရဲတပ္ဖြဲ႕နဲ႔ အစိုးရအေဆာက္အအုံမ်ားကို တိုက္ခိုက္ျခင္းအပါအဝင္ က်ဴးလြန္မႈမ်ားေၾကာင့္ ၂၀၁၆ ခုႏွစ္မွာ အိႏၵိယအစိုးရက အဲဒီ PREPAK ကို အၾကမ္းဖက္ အဖြဲ႕အစည္းအျဖစ္ တားျမစ္ထားပါတယ္။

လုံၿခဳံေရးမတည္ၿငိမ္မႈမ်ားေၾကာင့္ အနက္ေရာင္နယ္ေျမအျဖစ္သတ္မွတ္ၿပီး ႏွစ္ ၅၀ ခန႔္ၾကာတဲ့အထိ စစ္အုပ္ခ်ဳပ္ ေရးျပဌာန္းခဲ့ရစဥ္အတြင္း ႏိုင့္ထက္စီးနင္းသတ္ျဖတ္မႈ၊ လူမဆန္စြာႏွိမ္ခ်ဆက္ဆံမႈ၊ ရက္စက္ၾကမ္းၾကဳတ္မႈ၊ ဥပေဒမဲ့ လက္စေဖ်ာက္မႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားလည္း ျဖစ္ေပၚခဲ့ဖူးပါတယ္။

အဲ့ဒီလို သမိုင္းရွိခဲ့တဲ့ျပည္နယ္မွာ လူမ်ိဳးစုအခ်င္းခ်င္းတို႔အၾကား အၾကမ္းဖက္မႈမ်ားလည္း ျဖစ္ပြားေနခဲ့ပါတယ္။ အိႏၵိယျပည္နယ္အစိုးရရဲ႕ မ်ိဳးႏြယ္စုအဆင့္အတန္းအရ အထူးအခြင့္အေရးခံစားခြင့္ သတ္မွတ္ခ်က္ျပဌာန္းျခင္းဟာ ၂၀၂၃ ခုႏွစ္ ေမလ ျပည္နယ္အတြင္း ေမေထး(ကသည္း) တို႔နဲ႔ ကူးကီးဇိုလူမ်ိဳးစုတို႔အၾကား လူမ်ိဳးေရး အၾကမ္းဖက္မႈ မ်ား ျဖစ္ပြားခဲ့ပါတယ္။ အဓိက႐ုန္းမ်ားနဲ႔ အျပန္အလွန္အၾကမ္းဖက္ျခင္းမ်ားဟာ လူမ်ိဳးေရးေၾကာင့္လို႔ ဆိုရေပမယ့္ ေမေထးႀကီးစိုးလႊမ္းမိုးေရးစနစ္၊ ခရစ္ယာန္ဆန႔္က်င္ေရး၊ တရားမဝင္ ေျပာင္းေ႐ႊ႕ေန ထိုင္သူမ်ားအေပၚ မုန္းတီးမႈနဲ႔ နယ္စပ္ျဖတ္ေက်ာ္ မူးယစ္ေဆးဝါးကုန္ကူးမႈမ်ားေၾကာင့္လည္း ပါဝင္ေနပါ တယ္။

၁ ႏွစ္ ၄ လေက်ာ္ၾကာျမင့္တဲ့အၾကမ္းဖက္မႈမ်ားအတြင္း တရားဝင္ စာရင္းမ်ားအရ လူေပါင္း ၂၂၁ ဦး ေသဆုံးၿပီး ဘုရားေက်ာင္းမ်ား၊ ဘာသာေရးဝတ္ျပဳရာေနရာမ်ား အပါအဝင္ ေနအိမ္အေဆာက္အအုံ ၅၀၀၀ ေက်ာ္ မီးရႈိ႕ ဖ်က္ဆီးျခင္း ခံခဲ့ရပါတယ္။ လူသတ္မႈ၊ ႐ုန႔္ရင္းဆန္ခတ္မႈ၊ လုယက္မႈနဲ႔ မုဒိန္းမႈမ်ားျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိသူ ၁၀၀၀ ေက်ာ္နဲ႔ ေပ်ာက္ဆုံးေနသူ ၃၂ ဦး ရွိခဲ့ရာ အဲ့ဒီကိန္းဂဏန္းမ်ားဟာ အျဖစ္မွန္ထက္ အမ်ားႀကီး ပိုမိုနည္းပါးဖြယ္ ရွိပါတယ္။

ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီရဲ႕ “ဘာရတ္တီယာဂ်ာနာတာပါတီ” BJP က အုပ္ခ်ဳပ္လွ်က္ရွိတဲ့ အိႏၵိယႏိုင္ငံ အေရွ႕ ေျမာက္ဖ်ား မဏိပူရျပည္နယ္မွာ စက္တင္ဘာလဆန္းပိုင္းမွစတင္ၿပီး အၾကမ္းဖက္မႈမ်ား ျပန္လည္ျဖစ္ပြားလာ တယ္လို႔ နယူးေဒလီအေျခစိုက္ “တိုင္းမ္ေအာ့ဖ္အင္ဒီးယား” ၂ဝ၂၄ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္က ေရးသားပါ တယ္။
(Hindustan Times., 21 September 2024,” Manipur On Alert As 900 Militants Trained In Drone Bomb, Missile, Jungle War Enter From Myanmar” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.