နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား

 137

ယွန်း(NP News) - စက်တင်ဘာ ၂၂
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထားကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၁ ရက်တွင် နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် ရေဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူရှင်များ က အလှူငွေများပေးအပ် လှူဒါန်းပွဲတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၅၄ မြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင်ရရှိသည့် စာရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အအုံပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆောက်အအုံပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြှုပ်ခဲ့သည့် အဆောက်အဦးပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြှုပ်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး သေဆုံးသူ ၃၈၄ ဦး ရှိခဲ့ရာ နေပြည်တော်မှ ၁၆၄ ဦး၊ ကရင်ပြည်နယ်မှ ၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှ ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
အလားတူ ဘာသာရေးနှင့်ပတ်သက်ပြီး ၄၃၅ ကျောင်း ပျက်စီးခဲ့သည့်အပြင် လမ်းတံတား ၅၃၃ ခု ရေမျော ပျက်စီးခဲ့ပြီး လျှပ်စစ်မီးတိုင် ၂၄၈၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန်သေဆုံးမှု ၁၄၄၉၉၈ ကောင်၊ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၃ဝ သုံးစွဲရန်လျာထားပြီး ယခုလှူဒါန်းသည့် စေတနာရှင်၊ အလှူရှင်များ၏ အလှူငွေများဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။

ထို့ပြင် ရေဘေးသင့်ဒေသများရှိ ပိတ်ထားရသည့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စီမံ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားများအားလုံး အတန်းနှင့်လျော်ညီသည့် စာတတ်မြောက်ရေး ဆောင်ရွက် ပေးရေးအပြင် ပညာရေးနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများကို နိုင်ငံတော်အစိုးရမှ အမြန်ဆုံး ပြင်ဆင်တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် စုစုပေါင်းအလှူငွေ ငွေကျပ်သန်းပေါင်း ၃၂၂၃၀ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ) ကျော်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေရေဘးကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ ေငြက်ပ္ ၃ဝ ဘီလ်ံ သုံးစြဲရန္ လ်ာထား
ယြန္း(NP News) - စက္တင္ဘာ ၂၂
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေရေဘးကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ ေငြက်ပ္ ၃ဝ ဘီလ်ံ သုံးစြဲရန္ လ်ာထားေၾကာင္း နစကဥကၠ႒က အသိေပးထားသည္။

နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က စက္တင္ဘာ ၂၁ ရက္တြင္ ေနျပည္ေတာ္ရွိ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပခဲ့သည့္ ေရေဘးသင့္ေဒသမ်ားအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ အလႉရွင္မ်ား က အလႉေငြမ်ားေပးအပ္ လႉဒါန္းပြဲတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

မိုးသည္းထန္စြာ႐ြာသြန္းခဲ့ျခင္းေၾကာင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ၉ ခုရွိ ၿမိဳ႕နယ္ ၅၄ ၿမိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ၿပီး စက္တင္ဘာ ၂၁ ရက္တြင္ရရွိသည့္ စာရင္းမ်ားအရ လုံးဝပ်က္စီးသြားသည့္ အေဆာက္အအုံေပါင္း ၂၁၄၉ လုံး၊ တစ္စိတ္တစ္ပိုင္းပ်က္စီးခဲ့သည့္ အေဆာက္အအုံေပါင္း ၃၄၅၅ လုံး၊ ေရဝင္နစ္ျမႇဳပ္ခဲ့သည့္ အေဆာက္အဦးေပါင္း ၁၃၆၀၂၃ လုံး စုစုေပါင္း ၁၄၁၆၂၇ လုံးႏွင့္ စာသင္ေက်ာင္းေပါင္း ၅၄၆ ေက်ာင္း ေရဝင္နစ္ျမႇဳပ္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ လူဦးေရ ၁၄၈၆၄၃ ဦး ေရေဘးဒုကၡေရာက္ခဲ့ၿပီး ေသဆုံးသူ ၃၈၄ ဦး ရွိခဲ့ရာ ေနျပည္ေတာ္မွ ၁၆၄ ဦး၊ ကရင္ျပည္နယ္မွ ၅ ဦး၊ ပဲခူးတိုင္းေဒသႀကီးမွ ၂ ဦး၊ မႏၲေလးတိုင္းေဒသႀကီးမွ ၁၃၄ ဦး၊ ရွမ္းျပည္နယ္မွ ၇၈ ဦး၊ ဧရာဝတီတိုင္းေဒသႀကီးမွ ၁ ဦးျဖစ္ၿပီး ေပ်ာက္ဆုံးေနသူ ၈၉ ဦးရွိေၾကာင္း နစကဥကၠ႒က ေျပာသည္။
အလားတူ ဘာသာေရးႏွင့္ပတ္သက္ၿပီး ၄၃၅ ေက်ာင္း ပ်က္စီးခဲ့သည့္အျပင္ လမ္းတံတား ၅၃၃ ခု ေရေမ်ာ ပ်က္စီးခဲ့ၿပီး လွ်ပ္စစ္မီးတိုင္ ၂၄၈၉ ခု၊ ဆက္သြယ္ေရးတာဝါတိုင္ ၉၉ ခု၊ တိရစာၦန္ေသဆုံးမႈ ၁၄၄၉၉၈ ေကာင္၊ စပါးစိုက္ဧက ၇၃၅၄၆၁ ဧက ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေရေဘးကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္ ဘီလီယံ ၃ဝ သုံးစြဲရန္လ်ာထားၿပီး ယခုလႉဒါန္းသည့္ ေစတနာရွင္၊ အလႉရွင္မ်ား၏ အလႉေငြမ်ားျဖင့္လည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က အသိေပးထားသည္။

ထို႔ျပင္ ေရေဘးသင့္ေဒသမ်ားရွိ ပိတ္ထားရသည့္ စာသင္ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္ စီမံ ေဆာင္႐ြက္လ်က္ရွိၿပီး ေက်ာင္းသားမ်ားအားလုံး အတန္းႏွင့္ေလ်ာ္ညီသည့္ စာတတ္ေျမာက္ေရး ေဆာင္႐ြက္ ေပးေရးအျပင္ ပညာေရးႏွင့္ပတ္သက္၍ ထိခိုက္ပ်က္စီးခဲ့သည့္ အေဆာက္အဦမ်ားကို ႏိုင္ငံေတာ္အစိုးရမွ အျမန္ဆုံး ျပင္ဆင္တည္ေဆာက္ေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ေနျပည္ေတာ္၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပျပဳလုပ္သည့္ ေရေဘးဒဏ္သင့္ခဲ့ရသည့္ေဒသမ်ား၌ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ ေစတနာရွင္၊ အလႉရွင္မ်ားက အလႉေငြမ်ား ေပးအပ္လႉဒါန္းပြဲအခမ္းအနားတြင္ စုစုေပါင္းအလႉေငြ ေငြက်ပ္သန္းေပါင္း ၃၂၂၃၀ (ေငြက်ပ္ ၃၂ ဒသမ ၂ ဘီလီယံ) ေက်ာ္ကို လက္ခံရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.