ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှုပြုလုပ်

 336

Pika (NP News) - စက်တင်ဘာ ၂၂

စက်တင်ဘာလ(၂၁)ရက်နှောင်းပိုင်းမှာ အစ္စရေးရဲ့ဒါဇင်နဲ့ချီတဲ့စစ်လေယာဉ်တွေဟာ လက်ဘနွန်နိုင်ငံ တောင်ပိုင်း မှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ အကြီးတန်းအရာရှိတွေ အပါအဝင် အနည်းဆုံးလူ(၃၇)ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာမှာ အစ္စရေးက ယခုလိုတိုက်ခိုက်မှုတွေကို ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီက "အစ္စရေးရဲ့စစ်လေယာဉ်ဒါဇင်ပေါင်းများစွာဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အစ္စရေးနိုင်ငံသားတွေအပေါ် ခြိမ်းခြောက်မှုတွေကို ချေမှုန်းဖို့ လုပ်ဆောင်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက အီရန် ကျောထောက်နောက်ခံပြုဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးတို့ဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ နယ်စပ် ဖြတ်ကျော်တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အဲဒီနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့၏ ဩဂုတ်လနှောင်းပိုင်းမှာ ပိုမိုအရှိန်မြင့်လာခဲ့ တယ်လို့လည်း သိရပါတယ်။ စက်တင်ဘာလ(၂၁)ရက်နှောင်းပိုင်းမှာ အစ္စရေးရဲ့စစ်လေယာဉ်တွေဟာ လက်ဘနွန် နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ လက်ဘနွန်ရဲ့ တရားဝင် အမျိုးသားသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် AFPTV သတင်းဌာနက တင်ထားတဲ့ ရုပ်သံဗီဒီယိုဖိုင်မှာ အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဝင်သုံးဦးရဲ့ ဈာပနအခမ်းအနားအတွက် ဝမ်းနည်းပူဆွေးသူတွေဟာ ဘေရွတ်မြို့မှာ စုဝေးနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးက "စစ်ပွဲက စတင်နေပြီလို့ ကျွန်မ ထင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ဒါဇင္နဲ႔ခ်ီတဲ့ အစၥေရးစစ္ေလယာဥ္ေတြက လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို ႀကီးမားတဲ့ေလေၾကာင္း တိုက္ခိုက္မႈ ျပဳလုပ္
Pika (NP News) - စက္တင္ဘာ ၂၂

စက္တင္ဘာလ(၂၁)ရက္ေႏွာင္းပိုင္းမွာ အစၥေရးရဲ႕ဒါဇင္နဲ႔ခ်ီတဲ့စစ္ေလယာဥ္ေတြဟာ လက္ဘႏြန္ႏိုင္ငံ ေတာင္ပိုင္း မွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္မွတ္ေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕ကို အစၥေရးရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြေၾကာင့္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ အႀကီးတန္းအရာရွိေတြ အပါအဝင္ အနည္းဆုံးလူ(၃၇)ဦး ေသဆုံးခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ အစၥေရးက ယခုလိုတိုက္ခိုက္မႈေတြကို ထပ္မံလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

အစၥေရးစစ္တပ္ေျပာေရးဆိုခြင့္ရွိသူ ဒန္နီယယ္ဟာဂါရီက "အစၥေရးရဲ႕စစ္ေလယာဥ္ဒါဇင္ေပါင္းမ်ားစြာဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္မွတ္ေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီး အစၥေရးႏိုင္ငံသားေတြအေပၚ ၿခိမ္းေျခာက္မႈေတြကို ေခ်မႈန္းဖို႔ လုပ္ေဆာင္ခဲ့ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက အီရန္ ေက်ာေထာက္ေနာက္ခံျပဳဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕နဲ႔ အစၥေရးတို႔ဟာ ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ နယ္စပ္ ျဖတ္ေက်ာ္တိုက္ခိုက္မႈေတြကို ေန႔စဥ္နီးပါးလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အဲဒီနယ္စပ္ျဖတ္ေက်ာ္တိုက္ခိုက္မႈေတြဟာ ၿပီးခဲ့တဲ့၏ ဩဂုတ္လေႏွာင္းပိုင္းမွာ ပိုမိုအရွိန္ျမင့္လာခဲ့ တယ္လို႔လည္း သိရပါတယ္။ စက္တင္ဘာလ(၂၁)ရက္ေႏွာင္းပိုင္းမွာ အစၥေရးရဲ႕စစ္ေလယာဥ္ေတြဟာ လက္ဘႏြန္ ႏိုင္ငံေတာင္ပိုင္းကို ႀကီးမားတဲ့ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ လက္ဘႏြန္ရဲ႕ တရားဝင္ အမ်ိဳးသားသတင္းေအဂ်င္စီက ေဖာ္ျပခဲ့ပါတယ္။

ဒါ့ျပင္ AFPTV သတင္းဌာနက တင္ထားတဲ့ ႐ုပ္သံဗီဒီယိုဖိုင္မွာ အစၥေရးရဲ႕ဗုံးႀကဲတိုက္ခိုက္မႈအတြင္း ေသဆုံးသြားခဲ့တဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဝင္သုံးဦးရဲ႕ ဈာပနအခမ္းအနားအတြက္ ဝမ္းနည္းပူေဆြးသူေတြဟာ ေဘ႐ြတ္ၿမိဳ႕မွာ စုေဝးေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ အသက္(၃၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးက "စစ္ပြဲက စတင္ေနၿပီလို႔ ကြၽန္မ ထင္ပါတယ္" လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.