မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ

 407

Pika (NP News) - စက်တင်ဘာ ၂၂

စက်တင်ဘာလ(၂၀)ရက်က မြောက်ကိုရီးယားဘက်က ပေးပို့ခဲ့တဲ့ အမှိုက်တွေနဲ့ဖြည့်ထားတဲ့မိုးပျံပူဖောင်းတွေ ဟာ တောင်ကိုရီးယားအစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာခဲ့တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
အဲဒီမိုးပျံပူဖောင်းကို တောင်ကိုရီးယားအစိုးရအဆောက်အဦးရဲ့ပင်မဝင်ပေါက်အနီးမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် တောင်ကိုရီးယားအာဏာပိုင်တွေဟာ အရေးပေါ်တုံ့ပြန်မှုတွေကို လုပ်ဆောင်ခဲ့ရပြီး အဲဒီဧရိယာကို မီးသတ်သမားတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ဝန်းရံထားခဲ့ရတယ်လို့လည်း သိရပါတယ်။

အဲဒီမိုးပျံပူဖောင်းတွေမှာ တောင်ကိုရီးယားစစ်တပ်က စစ်ဆေးခဲ့ပြီး အန္တရာယ်ဖြစ်စေမယ့်ပစ္စည်းတွေကို အခင်းဖြစ်ပွားရာနေရာကနေ ဖယ်ရှားပစ်ခဲ့တယ်လို့လည်း သိရပါတယ်။ မိုးပျံပူဖောင်းမှာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့က လိပ်စာတစ်ခုပါရှိတဲ့ အစိမ်းရောင်ပလတ်စတစ်အပိုင်းအစတွေ အပါအဝင် အိမ်သုံးအမှိုက်မျိုးစုံကို တွေ့ရှိခဲ့ရတယ်လို့ တောင်ကိုရီးယားသတင်းအေဂျင်စီ Yonhap က ရေးသားဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရက နှစ်နိုင်ငံနယ်စပ်အနီးမှာ အသံချဲ့စက်တွေအသုံးပြုပြီး မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်ထုတ်လွှင့်မှုတွေ လုပ်ဆောင်နေတာကို လက်တုံ့ပြန်တဲ့အနေဲ့ မြောက်ကိုရီးယားအစိုးရဟာ လူ့အညစ် အကြေးတွေနဲ့ အမှိုက်တွေဖြည့်ထားတဲ့ မိုးပျံပူဖောင်းတွေကို အကြိမ်ကြိမ်ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံက ပေးပို့ခဲ့တဲ့ မိုးပျံပူဖောင်းတွေမှာ လူ့အညစ်အကြေးကနေ စတင်တယ်လို့ ယူဆရတဲ့ ကပ်ပါးကောင်တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက ေပးပို႔ခဲ့တဲ့မိုးပ်ံပူေဖာင္းေတြက ေတာင္ကိုရီးယားရဲ႕အစိုးရအေဆာက္အဦးေတြအထိကို ေရာက္ရွိလာ
Pika (NP News) - စက္တင္ဘာ ၂၂

စက္တင္ဘာလ(၂၀)ရက္က ေျမာက္ကိုရီးယားဘက္က ေပးပို႔ခဲ့တဲ့ အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့မိုးပ်ံပူေဖာင္းေတြ ဟာ ေတာင္ကိုရီးယားအစိုးရအေဆာက္အဦးေတြအထိကို ေရာက္ရွိလာခဲ့တယ္လို႔ ေတာင္ကိုရီးယားအာဏာပိုင္ေတြက အတည္ျပဳခဲ့ပါတယ္။
အဲဒီမိုးပ်ံပူေဖာင္းကို ေတာင္ကိုရီးယားအစိုးရအေဆာက္အဦးရဲ႕ပင္မဝင္ေပါက္အနီးမွာ ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္ေၾကာင့္ ေတာင္ကိုရီးယားအာဏာပိုင္ေတြဟာ အေရးေပၚတုံ႔ျပန္မႈေတြကို လုပ္ေဆာင္ခဲ့ရၿပီး အဲဒီဧရိယာကို မီးသတ္သမားေတြ၊ ရဲတပ္ဖြဲ႕ေတြနဲ႔ ဝန္းရံထားခဲ့ရတယ္လို႔လည္း သိရပါတယ္။

အဲဒီမိုးပ်ံပူေဖာင္းေတြမွာ ေတာင္ကိုရီးယားစစ္တပ္က စစ္ေဆးခဲ့ၿပီး အႏၲရာယ္ျဖစ္ေစမယ့္ပစၥည္းေတြကို အခင္းျဖစ္ပြားရာေနရာကေန ဖယ္ရွားပစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ မိုးပ်ံပူေဖာင္းမွာ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕က လိပ္စာတစ္ခုပါရွိတဲ့ အစိမ္းေရာင္ပလတ္စတစ္အပိုင္းအစေတြ အပါအဝင္ အိမ္သုံးအမႈိက္မ်ိဳးစုံကို ေတြ႕ရွိခဲ့ရတယ္လို႔ ေတာင္ကိုရီးယားသတင္းေအဂ်င္စီ Yonhap က ေရးသားေဖာ္ျပခဲ့ပါတယ္။

ေတာင္ကိုရီးယားအစိုးရက ႏွစ္ႏိုင္ငံနယ္စပ္အနီးမွာ အသံခ်ဲ႕စက္ေတြအသုံးျပဳၿပီး ေျမာက္ကိုရီးယားဆန႔္က်င္ေရး ဝါဒျဖန႔္ထုတ္လႊင့္မႈေတြ လုပ္ေဆာင္ေနတာကို လက္တုံ႔ျပန္တဲ့အေနဲ႔ ေျမာက္ကိုရီးယားအစိုးရဟာ လူ႔အညစ္ အေၾကးေတြနဲ႔ အမႈိက္ေတြျဖည့္ထားတဲ့ မိုးပ်ံပူေဖာင္းေတြကို အႀကိမ္ႀကိမ္ေပးပို႔ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားႏိုင္ငံက ေပးပို႔ခဲ့တဲ့ မိုးပ်ံပူေဖာင္းေတြမွာ လူ႔အညစ္အေၾကးကေန စတင္တယ္လို႔ ယူဆရတဲ့ ကပ္ပါးေကာင္ေတြကိုလည္း ေတြ႕ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယားအစိုးရတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.