နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို

 2568

Htay Oung (NP News) - စက်တင်ဘာ ၂၃

ပါကစ္စတန်နဲ့ နျူကလီယာသဘောတူစာချုပ် ချုပ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကျက်ထားဖို့ ဒါကာတက္ကသိုလ်ပါမောက္ခ ရှာဟီဒူဇမန်က တောင်းဆိုလိုက်ကြောင်း၊ အိန္ဒိယနိုင်ငံရဲ့ခြိမ်းခြောက် မှုများကို တန်ပြန်ဖို့အတွက် ပါကစ္စတန်လုပ် “ဂေါရီ” အမည်ရှိ နျူကလီယာထိပ်ဖူးတပ် ဒုံးကျည်များကို နိုင်ငံ့မြောက်ပိုင်းမှာ ဖြန့်ကျက်ထားဖို့ ပါမောက္ခကြီးက အကြံပြုလိုက်ခြင်းဖြစ်ကြောင်း နယူးဒေလီထောက်လှမ်း ရေးရဲ့ကိုယ်ပွားဖြစ်တဲ့ “အိန္ဒိယ ကာကွယ်ရေးသုတေသနဌာန” IDRW က စက်တင်ဘာလ ၂၂ ရက်မှာ ရေးသားခဲ့ ပါတယ်။

ပါကစ္စတန်ကျောထောက်နောက်ခံပြု “ဂျမတ်အီအစ္စလာမ်မီပါတီ” နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် နာမည်ကြီးခဲ့ ရသူ ပရော်ဖက်ဆာ ရှာဟီဒူဇမန်ဟာ ဘင်္ဂလားဒေ့ရှ်အပေါ် အိန္ဒိယနိုင်ငံရဲ့မူဝါဒများနဲ့ပတ်သက်ပြီး ဝေဖန်ပြော ဆိုလေ့ရှိသူဖြစ်ပါတယ်။ အိန္ဒိယရဲ့အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွန်းပေါ်လာခဲ့တဲ့ ၅၃ နှစ် သက်တမ်းမှာ ရှိတ်ဟာစီနာ အာဏာရရှိခဲ့တာ စုစုပေါင်း ၁၅ နှစ်ကျော် ရှိခဲ့ပါတယ်။ အဝါမီလိဂ်အစိုးရလက်ထက် ဂျမတ်အီ အစ္စလာမ်မီပါတီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး တားဆီးပိတ်ပင်ခြင်း ခံခဲ့ရဖူးပါတယ်။ ပါတီ ခေါင်းဆောင်အချို့ဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲကာလ ပါကစ္စတန်ကို ကူညီတဲ့ စစ်ရာဇဝတ်မှုများ နဲ့ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့အပြင် ပါတီဝင်များကို အကြမ်းဖက်မှုနဲ့ ဖမ်းဆီးအကျဉ်းချခဲ့ပါတယ်။ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူပရော်ဖက်ဆာ ရှာဟီဒူဇမန်ရဲ့ ဝေဖန်ပြောဆိုမှုများကလည်း အငြင်းပွားဖွယ်များ ဖြစ်ခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပါကစ္စတန်နဲ့ နျူကလီယာသဘောတူစာချုပ် ချုပ်ဆိုခြင်းသာလျှင် အိန္ဒိယရဲ့ခြိမ်း ခြောက်မှုကို ထိရောက်စွာ ဟန့်တားနိုင်မှာဖြစ်ကြောင်း၊ အဲဒီနည်းလမ်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့အမျိုးသားလုံခြုံရေး အတွက် အာမခံချက်ဖြစ်လာလိမ့်မယ်လို့ ဒါကာမြို့ အငြိမ်းစားတပ်မတော်အရာရှိများ လူမှုဖူလုံရေးအသင်း (RAOWA) က စီစဉ်ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ရှာဟီဒူဇမန်က ဆင်ခြေပေးထားပါတယ်။
ပါကစ္စတန်နဲ့ နျုကလီယာသဘောတူစာချုပ်အဆိုပြုချက်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူအများကြား သိသာ ထင်ရှားတဲ့ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲ့ဒီလုပ်ရပ်ဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်စေပြီး နျူက လီယာပြန့်ပွားမှုအန္တရာယ်ကို တိုးမြင့်စေလိမ့်မယ်လို့ ဝေဖန်သူများက ထောက်ပြကြပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ “နျူကလီယာအဟန့်အတား” ရှာပုံတော်ဖွင့်နေခြင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ်များရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထောက်ပြကြပါတယ်။

ပါမောက္ခ ရှာဟီဒူဇမန်ရဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီး လူအများအကြား စိတ်ဝင်တစား ပြောဆိုနေကြပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နိုင်ငံ့သမိုင်းတလျှောက် အရင်းနှီးဆုံး မဟာာမိတ်ဖြစ်သူ နျုကလီယာ အင်အားကြီး နယူးဒေလီကို လစ်လျု့ရှု့ပြီး ပါကစ္စတန်နဲ့ နျုကလီယာသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရန် စဉ်းစား ခြင်း ရှိ-မရှိ စောင့်ကြည့်ရလိမ့်မယ်လို့ အိန္ဒိယစစ်ဘက်ထောက်လှမ်းရေးက ပြောပါတယ်။
(ရှိတ်ဟာစီနာ ပြုတ်ကျသွားခြင်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာ အိန္ဒိယဆန့်ကျင်ရေး လှိုင်းလုံးများ ပြင်း ထန်စွာ ရိုက်ခတ်လျက်ရှိပါတယ်။ ရှိတ်ဟာစီနာလက်ထက် နှိပ်ကွပ်ခံခဲ့ရတဲ့ အစ္စလာမ်မစ်သဘောထားတင်းမာသူများ လည်း ပြန်လည်ခေါင်းထောင် အင်အားကောင်းလာကြပါတယ်။ ဟိန္ဒူလူနည်းစုတို့အပေါ် အကြမ်းဖက်မှုများကို ဇက်ရဲလက်ရဲ ကျူးလွန်နေကြတဲ့အပြင် အိန္ဒိယနဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ လည်း ကျဆင်းလျက်ရှိနေပါတယ်။ )

လက်ရှိဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေးမှုများနဲ့ လက်ရှိနိုင်ငံရေးရာသီဥတုအခြေအနေဟာ အဲဒီလို ဆောင်ရွက်နိုင်ခြေအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ တည်ရှိနေတယ်လို့ IDRW ကသုံးသပ်ပါတယ်။
ရှိတ်ဟာစီနာအစိုးရ ဖြုတ်ချခံရပြီးနောက် ရှာဟီဒူဇမန်ရဲ့ အဆိုပြုချက်ဟာ ရှေးရိုးဆန်ပြီး အိန္ဒိယဆန့်ကျင်ရေးသ မားများ အထူးသဖြင့် စစ်ဘက်အရာရှိဟောင်းအချို့ကြားမှာ ဆွဲဆောင်မှု ရှိလာခဲ့တာ အမှန်ပဲဖြစ်ကြောင်း အင်ဒို ပစိဖိတ်ဒေသ ပထဝီနိုင်ငံရေးအခြေအနေများကို အနောက်တိုင်းအမြင်နဲ့မဟုတ်ပဲ ဒေသတွင်း ကိုယ်ပိုင်ခံစားချက် များနဲ့ ဝေဖန်ရေးသားနေတဲ့ “ဂလိုဘယ် အော်ဒါ” ဒစ်ဂျစ်တယ်သတင်းဌာနက ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က မှတ်ချက်ပေးပါတယ်။

ပါကစ္စတန်နဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ရေးကိစ္စဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း “ဘာသာတူ ညီနောင် ရင်း” လောက်သာ နားလည်တဲ့ သာမန်လူများအတွက် စကားဝိုင်းတိုင်း မပါမပြီးအကြောင်းအရာ ဖြစ်လောက် ပါတယ်။ ရှိတ်ဟာစီနာအလွန် နိုင်ငံရေးအပြောင်းအလဲများဟာ အမျိုးသားရေးဝါဒီ ဟောပြောချက်များအတွက် တံခါးဖွင့်ပေး လိုက်သလို ဖြစ်လာသည်နဲ့အမျှ ရှာဟီဒူဇမန်ရဲ့ အဆိုပြုချက်အပေါ် ထောက်ခံမှုအချို့ကို တွန်းအားဖြစ်လာပုံ ရပါတယ်။

ဒါပေမယ့် ရှာဟီဒူဇမန်ရဲ့တစ်ချက်လွှတ် တစ်ဇောက်ကန်း ပြောဆိုလေ့ရှိခြင်းနဲ့ အငြင်းပွားဖွယ်ရာ ကိုယ်ရေး ကိုယ်တာသမိုင်းကြောင်းဟာ လူအချို့အတွက် မျက်မှောင်ကြုတ်စရာဖြစ်နေပါတယ်။ ၂၀၁၃ ခုနှစ် ဒါကာတက္က သိုလ်မှာ ရှာဟီဒူဇမန် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကျောင်းသူအမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်း ဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခံခြင်း ခံခဲ့ရဖူးပါတယ်။ စုံစမ်းစစ်ဆေးမှုအရ သူ့ကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး လူစု လူဝေးနဲ့ ကန့်ကွက်ဆန္ဒပြကြတဲ့အထိ ဒေါသထွက်ခဲ့ကြပါတယ်။

ပြင်းထန်တဲ့ စွပ်စွဲချက်များဟာ နောက်ဆက်တွဲအဖြစ် သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပေမယ့် ဘာသာရေး သဘောထားတင်းမာသူများရဲ့ လူထုဟောပြောပွဲများမှာ ရှာဟီဒူဇမန်ကို ဆက်လက်မြင်တွေ့နေရပြီး မီဒီယာများ မှာလည်း မကြာခဏဆိုသလို ပေါ်ထွက်နေပါတယ်။ လူအတော်များများတို့ကတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အပြုအမူ ဟာ အထူးသဖြင့် နျူကလီယား မဟာမိတ်မျိုးလို မြင့်မားတဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးမှုများမှာ ဝင်ပါရလောက် အောင် အရည်အချင်း မပြည့်မီကြောင်း ငြင်းခုံကြပါတယ်။

လိင်ပိုင်းဆိုင်ရာ အကျင့်ပျက် ရာဇဝင်ရှိသူတစ်ဦးကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများမှာ အဆိုပြု ပြောဆိုခွင့်ပြုခြင်းဟာ အဖွဲ့အစည်းရဲ့ဦးဆောင်မှုအပေါ် လူထုယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ဝေဖန်သူ များက ထောက်ပြပါတယ်။
ကမ္ဘာ့နိုင်ငံအချို့မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနဲ့ အသက်ရှင်ကျန်ရစ်တဲ့ သားကောင်ဖြစ်ခဲ့ရသူတို့ အ နေနဲ့ လူသိရှင်ကြား ဟောပြောကြဖို့ “Me Too” လှုပ်ရှားမှုဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ တော့ ကျူးလွန်သူရဲ့ လူ့အတန်းအစားနဲ့ လူချမ်းသာ မျက်နှာကြီးများဖြစ်နေတဲ့အခါ “တဏှာရူး” များဘက်က မဆိုင်းမတွ ထောက်ခံပြီး သားကောင်ဖြစ်ရသူတို့ကို ရှုတ်ချနေကြပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ ရှာဟီဒူ ဇမန်ရဲ့ အဆိုပြုချက်ဟာ တာဝန်ယူ တာဝန်ခံမှုနဲ့ တရားမျှတမှုတို့အပေါ် မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ဒါပေမယ့်လည်း ရှိတ်ဟာစီနာ ပြုတ်ကျရလို့ အောင်ပွဲခံနေသူတွေများအနက် အိန္ဒိယဆန့်ကျင်ရေးဖြစ်လျှင် “ချဉ်ချဉ်တူးတူ မူးလျှင်ပြီးရော” သဘောထားမယ့်သူ အများစုဖြစ်နေပါတယ်။ အငြင်းပွားဖွယ် ပါမောက္ခရဲ့ အဆိုပြုချက်ဟာ တိုင်းပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံဖော်ရာမှာ ယုံကြည်အားကိုးရလောက်တဲ့ အသံအဖြစ် ထွက်ပေါ်လာခြင်းဟာ အဲ့ဒီအခြေအနေကို ပြသနေတယ်လို့ မွန်ဘိုင်းအခြေစိုက် ဂလိုဘယ်အော်ဒါ သတင်း ဌာနက ရေးသားပါတယ်။
(India Defense Research Wing., 22 September 2024,” Bangladesh Professor propose Nuclear Treaty with Pakistan and Installation of Medium Range Missile in Country” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ႏိုင္ငံ့ေျမာက္ပိုင္း၌ န်ဴထိပ္ဖူးတပ္ တာလတ္ပစ္ဒုံးက်ည္မ်ား ျဖန႔္က်က္ျခင္းျဖင့္ အိႏၵိယ၏ ၿခိမ္းေျခာက္မႈကို တုန႔္ျပန္မည္ဟု ဆို
Htay Oung (NP News) - စက္တင္ဘာ ၂၃

ပါကစၥတန္နဲ႔ န်ဴကလီယာသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း တာလတ္ပစ္ ဒုံးက်ည္မ်ား ျဖန႔္က်က္ထားဖို႔ ဒါကာတကၠသိုလ္ပါေမာကၡ ရွာဟီဒူဇမန္က ေတာင္းဆိုလိုက္ေၾကာင္း၊ အိႏၵိယႏိုင္ငံရဲ႕ၿခိမ္းေျခာက္ မႈမ်ားကို တန္ျပန္ဖို႔အတြက္ ပါကစၥတန္လုပ္ “ေဂါရီ” အမည္ရွိ န်ဴကလီယာထိပ္ဖူးတပ္ ဒုံးက်ည္မ်ားကို ႏိုင္ငံ့ေျမာက္ပိုင္းမွာ ျဖန႔္က်က္ထားဖို႔ ပါေမာကၡႀကီးက အႀကံျပဳလိုက္ျခင္းျဖစ္ေၾကာင္း နယူးေဒလီေထာက္လွမ္း ေရးရဲ႕ကိုယ္ပြားျဖစ္တဲ့ “အိႏၵိယ ကာကြယ္ေရးသုေတသနဌာန” IDRW က စက္တင္ဘာလ ၂၂ ရက္မွာ ေရးသားခဲ့ ပါတယ္။

ပါကစၥတန္ေက်ာေထာက္ေနာက္ခံျပဳ “ဂ်မတ္အီအစၥလာမ္မီပါတီ” နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးေၾကာင့္ နာမည္ႀကီးခဲ့ ရသူ ပေရာ္ဖက္ဆာ ရွာဟီဒူဇမန္ဟာ ဘဂၤလားေဒ့ရွ္အေပၚ အိႏၵိယႏိုင္ငံရဲ႕မူဝါဒမ်ားနဲ႔ပတ္သက္ၿပီး ေဝဖန္ေျပာ ဆိုေလ့ရွိသူျဖစ္ပါတယ္။ အိႏၵိယရဲ႕အကူအညီနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ထြန္းေပၚလာခဲ့တဲ့ ၅၃ ႏွစ္ သက္တမ္းမွာ ရွိတ္ဟာစီနာ အာဏာရရွိခဲ့တာ စုစုေပါင္း ၁၅ ႏွစ္ေက်ာ္ ရွိခဲ့ပါတယ္။ အဝါမီလိဂ္အစိုးရလက္ထက္ ဂ်မတ္အီ အစၥလာမ္မီပါတီကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ၿပီး တားဆီးပိတ္ပင္ျခင္း ခံခဲ့ရဖူးပါတယ္။ ပါတီ ေခါင္းေဆာင္အခ်ိဳ႕ဟာ ၁၉၇၁ ခုႏွစ္ ဘဂၤလားလြတ္လပ္ေရးစစ္ပြဲကာလ ပါကစၥတန္ကို ကူညီတဲ့ စစ္ရာဇဝတ္မႈမ်ား နဲ႔ ႀကိဳးေပးကြပ္မ်က္ခံခဲ့ရတဲ့အျပင္ ပါတီဝင္မ်ားကို အၾကမ္းဖက္မႈနဲ႔ ဖမ္းဆီးအက်ဥ္းခ်ခဲ့ပါတယ္။ ႏိုင္ငံတကာေရးရာ ကြၽမ္းက်င္သူပေရာ္ဖက္ဆာ ရွာဟီဒူဇမန္ရဲ႕ ေဝဖန္ေျပာဆိုမႈမ်ားကလည္း အျငင္းပြားဖြယ္မ်ား ျဖစ္ခဲ့ရပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ ပါကစၥတန္နဲ႔ န်ဴကလီယာသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုျခင္းသာလွ်င္ အိႏၵိယရဲ႕ၿခိမ္း ေျခာက္မႈကို ထိေရာက္စြာ ဟန႔္တားႏိုင္မွာျဖစ္ေၾကာင္း၊ အဲဒီနည္းလမ္းနဲ႔ ဘဂၤလားေဒ့ရွ္ရဲ႕အမ်ိဳးသားလုံၿခဳံေရး အတြက္ အာမခံခ်က္ျဖစ္လာလိမ့္မယ္လို႔ ဒါကာၿမိဳ႕ အၿငိမ္းစားတပ္မေတာ္အရာရွိမ်ား လူမႈဖူလုံေရးအသင္း (RAOWA) က စီစဥ္က်င္းပတဲ့ ေဆြးေႏြးပြဲမွာ ရွာဟီဒူဇမန္က ဆင္ေျခေပးထားပါတယ္။
ပါကစၥတန္နဲ႔ န်ဳကလီယာသေဘာတူစာခ်ဳပ္အဆိုျပဳခ်က္နဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ လူအမ်ားၾကား သိသာ ထင္ရွားတဲ့ စိုးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚေစခဲ့ပါတယ္။ အဲ့ဒီလုပ္ရပ္ဟာ ေဒသတြင္း မတည္မၿငိမ္ျဖစ္ေစၿပီး န်ဴက လီယာျပန႔္ပြားမႈအႏၲရာယ္ကို တိုးျမင့္ေစလိမ့္မယ္လို႔ ေဝဖန္သူမ်ားက ေထာက္ျပၾကပါတယ္။ ဘဂၤလားေဒ့ရွ္အေနနဲ႔ “န်ဴကလီယာအဟန႔္အတား” ရွာပုံေတာ္ဖြင့္ေနျခင္းဟာ ႏိုင္ငံတကာအသိုင္းအဝိုင္း အထူးသျဖင့္ အေမရိကန္နဲ႔ အေနာက္အုပ္စု မဟာမိတ္မ်ားရဲ႕ ဆန႔္က်င္မႈနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ ေထာက္ျပၾကပါတယ္။

ပါေမာကၡ ရွာဟီဒူဇမန္ရဲ႕အဆိုျပဳခ်က္နဲ႔ပတ္သက္ၿပီး လူအမ်ားအၾကား စိတ္ဝင္တစား ေျပာဆိုေနၾကေပမယ့္ ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ ႏိုင္ငံ့သမိုင္းတေလွ်ာက္ အရင္းႏွီးဆုံး မဟာာမိတ္ျဖစ္သူ န်ဳကလီယာ အင္အားႀကီး နယူးေဒလီကို လစ္လ်ဳ႕ရႈ႕ၿပီး ပါကစၥတန္နဲ႔ န်ဳကလီယာသေဘာတူစာခ်ဳပ္ကို အေကာင္အထည္ေဖာ္ရန္ စဥ္းစား ျခင္း ရွိ-မရွိ ေစာင့္ၾကည့္ရလိမ့္မယ္လို႔ အိႏၵိယစစ္ဘက္ေထာက္လွမ္းေရးက ေျပာပါတယ္။
(ရွိတ္ဟာစီနာ ျပဳတ္က်သြားျခင္းနဲ႔အတူ ဘဂၤလားေဒ့ရွ္ျပည္တြင္းမွာ အိႏၵိယဆန႔္က်င္ေရး လႈိင္းလုံးမ်ား ျပင္း ထန္စြာ ႐ိုက္ခတ္လ်က္ရွိပါတယ္။ ရွိတ္ဟာစီနာလက္ထက္ ႏွိပ္ကြပ္ခံခဲ့ရတဲ့ အစၥလာမ္မစ္သေဘာထားတင္းမာသူမ်ား လည္း ျပန္လည္ေခါင္းေထာင္ အင္အားေကာင္းလာၾကပါတယ္။ ဟိႏၵဴလူနည္းစုတို႔အေပၚ အၾကမ္းဖက္မႈမ်ားကို ဇက္ရဲလက္ရဲ က်ဴးလြန္ေနၾကတဲ့အျပင္ အိႏၵိယနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ လည္း က်ဆင္းလ်က္ရွိေနပါတယ္။ )

လက္ရွိဘဂၤလားေဒ့ရွ္ရဲ႕ႏိုင္ငံျခားေရးမူဝါဒမွာ ဦးစားေပးမႈမ်ားနဲ႔ လက္ရွိႏိုင္ငံေရးရာသီဥတုအေျခအေနဟာ အဲဒီလို ေဆာင္႐ြက္ႏိုင္ေျခအတြက္ အေရးပါတဲ့အခန္းက႑မွာ တည္ရွိေနတယ္လို႔ IDRW ကသုံးသပ္ပါတယ္။
ရွိတ္ဟာစီနာအစိုးရ ျဖဳတ္ခ်ခံရၿပီးေနာက္ ရွာဟီဒူဇမန္ရဲ႕ အဆိုျပဳခ်က္ဟာ ေရွး႐ိုးဆန္ၿပီး အိႏၵိယဆန႔္က်င္ေရးသ မားမ်ား အထူးသျဖင့္ စစ္ဘက္အရာရွိေဟာင္းအခ်ိဳ႕ၾကားမွာ ဆြဲေဆာင္မႈ ရွိလာခဲ့တာ အမွန္ပဲျဖစ္ေၾကာင္း အင္ဒို ပစိဖိတ္ေဒသ ပထဝီႏိုင္ငံေရးအေျခအေနမ်ားကို အေနာက္တိုင္းအျမင္နဲ႔မဟုတ္ပဲ ေဒသတြင္း ကိုယ္ပိုင္ခံစားခ်က္ မ်ားနဲ႔ ေဝဖန္ေရးသားေနတဲ့ “ဂလိုဘယ္ ေအာ္ဒါ” ဒစ္ဂ်စ္တယ္သတင္းဌာနက ၂ဝ၂၄ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္က မွတ္ခ်က္ေပးပါတယ္။

ပါကစၥတန္နဲ႔ မဟာဗ်ဴဟာေျမာက္ မဟာမိတ္ဖြဲ႕ေရးကိစၥဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း “ဘာသာတူ ညီေနာင္ ရင္း” ေလာက္သာ နားလည္တဲ့ သာမန္လူမ်ားအတြက္ စကားဝိုင္းတိုင္း မပါမၿပီးအေၾကာင္းအရာ ျဖစ္ေလာက္ ပါတယ္။ ရွိတ္ဟာစီနာအလြန္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားဟာ အမ်ိဳးသားေရးဝါဒီ ေဟာေျပာခ်က္မ်ားအတြက္ တံခါးဖြင့္ေပး လိုက္သလို ျဖစ္လာသည္နဲ႔အမွ် ရွာဟီဒူဇမန္ရဲ႕ အဆိုျပဳခ်က္အေပၚ ေထာက္ခံမႈအခ်ိဳ႕ကို တြန္းအားျဖစ္လာပုံ ရပါတယ္။

ဒါေပမယ့္ ရွာဟီဒူဇမန္ရဲ႕တစ္ခ်က္လႊတ္ တစ္ေဇာက္ကန္း ေျပာဆိုေလ့ရွိျခင္းနဲ႔ အျငင္းပြားဖြယ္ရာ ကိုယ္ေရး ကိုယ္တာသမိုင္းေၾကာင္းဟာ လူအခ်ိဳ႕အတြက္ မ်က္ေမွာင္ၾကဳတ္စရာျဖစ္ေနပါတယ္။ ၂၀၁၃ ခုႏွစ္ ဒါကာတကၠ သိုလ္မွာ ရွာဟီဒူဇမန္ ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ေနစဥ္ ေက်ာင္းသူအမ်ိဳးသမီးတစ္ဦးအေပၚ လိင္ပိုင္း ဆိုင္ရာ ေစာ္ကားမႈျဖင့္ စြပ္စြဲခံျခင္း ခံခဲ့ရဖူးပါတယ္။ စုံစမ္းစစ္ေဆးမႈအရ သူ႔ကို အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ၿပီး လူစု လူေဝးနဲ႔ ကန႔္ကြက္ဆႏၵျပၾကတဲ့အထိ ေဒါသထြက္ခဲ့ၾကပါတယ္။

ျပင္းထန္တဲ့ စြပ္စြဲခ်က္မ်ားဟာ ေနာက္ဆက္တြဲအျဖစ္ သူ႔ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစခဲ့ေပမယ့္ ဘာသာေရး သေဘာထားတင္းမာသူမ်ားရဲ႕ လူထုေဟာေျပာပြဲမ်ားမွာ ရွာဟီဒူဇမန္ကို ဆက္လက္ျမင္ေတြ႕ေနရၿပီး မီဒီယာမ်ား မွာလည္း မၾကာခဏဆိုသလို ေပၚထြက္ေနပါတယ္။ လူအေတာ္မ်ားမ်ားတို႔ကေတာ့ သူ႔ရဲ႕ ပုဂၢိဳလ္ေရး အျပဳအမူ ဟာ အထူးသျဖင့္ န်ဴကလီယား မဟာမိတ္မ်ိဳးလို ျမင့္မားတဲ့ မူဝါဒဆိုင္ရာ ေဆြးေႏြးမႈမ်ားမွာ ဝင္ပါရေလာက္ ေအာင္ အရည္အခ်င္း မျပည့္မီေၾကာင္း ျငင္းခုံၾကပါတယ္။

လိင္ပိုင္းဆိုင္ရာ အက်င့္ပ်က္ ရာဇဝင္ရွိသူတစ္ဦးကို အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ ေဆြးေႏြးမႈမ်ားမွာ အဆိုျပဳ ေျပာဆိုခြင့္ျပဳျခင္းဟာ အဖြဲ႕အစည္းရဲ႕ဦးေဆာင္မႈအေပၚ လူထုယုံၾကည္မႈကို ပ်က္ျပားေစတယ္လို႔ ေဝဖန္သူ မ်ားက ေထာက္ျပပါတယ္။
ကမာၻ႔ႏိုင္ငံအခ်ိဳ႕မွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားနဲ႔ အသက္ရွင္က်န္ရစ္တဲ့ သားေကာင္ျဖစ္ခဲ့ရသူတို႔ အ ေနနဲ႔ လူသိရွင္ၾကား ေဟာေျပာၾကဖို႔ “Me Too” လႈပ္ရွားမႈျဖစ္ေပၚေနပါတယ္။ ဒါေပမယ့္ ဘဂၤလားေဒ့ရွ္မွာ ေတာ့ က်ဴးလြန္သူရဲ႕ လူ႔အတန္းအစားနဲ႔ လူခ်မ္းသာ မ်က္ႏွာႀကီးမ်ားျဖစ္ေနတဲ့အခါ “တဏွာ႐ူး” မ်ားဘက္က မဆိုင္းမတြ ေထာက္ခံၿပီး သားေကာင္ျဖစ္ရသူတို႔ကို ရႈတ္ခ်ေနၾကပါတယ္။ အဲ့ဒီလိုအေျခအေနမ်ိဳးမွာ ရွာဟီဒူ ဇမန္ရဲ႕ အဆိုျပဳခ်က္ဟာ တာဝန္ယူ တာဝန္ခံမႈနဲ႔ တရားမွ်တမႈတို႔အေပၚ ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။
ဒါေပမယ့္လည္း ရွိတ္ဟာစီနာ ျပဳတ္က်ရလို႔ ေအာင္ပြဲခံေနသူေတြမ်ားအနက္ အိႏၵိယဆန႔္က်င္ေရးျဖစ္လွ်င္ “ခ်ဥ္ခ်ဥ္တူးတူ မူးလွ်င္ၿပီးေရာ” သေဘာထားမယ့္သူ အမ်ားစုျဖစ္ေနပါတယ္။ အျငင္းပြားဖြယ္ ပါေမာကၡရဲ႕ အဆိုျပဳခ်က္ဟာ တိုင္းျပည္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒကို ပုံေဖာ္ရာမွာ ယုံၾကည္အားကိုးရေလာက္တဲ့ အသံအျဖစ္ ထြက္ေပၚလာျခင္းဟာ အဲ့ဒီအေျခအေနကို ျပသေနတယ္လို႔ မြန္ဘိုင္းအေျခစိုက္ ဂလိုဘယ္ေအာ္ဒါ သတင္း ဌာနက ေရးသားပါတယ္။
(India Defense Research Wing., 22 September 2024,” Bangladesh Professor propose Nuclear Treaty with Pakistan and Installation of Medium Range Missile in Country” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.