အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ

 599

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၂၃

အင်းလေးဒေသရေကြီးမှုသည် သုံးလဝန်း ကျင်ခန့်ကြာမြင့်မည်ဖြစ်ရာ သောက်သုံးရေ အထူးလိုအပ်နေကြောင်း အင်းလေးဒေသကူညီကယ်ဆယ် ရေးလုပ်ကိုင်နေသူများထံမှသိရသည်။

အင်းလေးဒေသရေကြီးမှုတွင် ရေပြင်ညစ်ညမ်းသွားပြီဖြစ်သောကြောင့် သောက်သုံးရန်နှင့် ချက်ပြုတ်စားသောက်ရန် ရေအခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။ ‘အင်းလေးရေကြီးတာက တခြားနေရာနဲ့မတူဘူး၊ ရေကပြန်မကျ တော့ဘူး။ ဒေသခံတွေပြောတာ အနည်းဆုံးသုံးလလောက်ကြာမှရေပြန်ကျပြီး နဂိုအတိုင်းပြန်ဖြစ်မှာ၊ လတ်တလော နေစရာမရှိတော့ ကယ်ဆယ်ရေးစခန်းတွေမှာနေရတယ်၊ အင်းလေးဝန်းကျင်မှာ သောက်ရေမရှိတော့ဘူး။ မိုးရေကိုပဲ ခံသောက်နေရတာ’ဟု အင်းလေးဒေသကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူ ကိုဉာဏ်သာကပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေကြီးရေလျှံမှုကြောင့် စက်တင်ဘာလ (၁၇)ရက်အထိ သေဆုံးသူခြောက်ဦးရှိခဲ့ပြီး ရေထဲမျောပါသွားသူနှစ်ဦးရှိကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက် နေသူ များထံမှသိရသည်။

အင်းလေးဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများကျဆင်းလာမှုကြောင့် စက်တင်ဘာလ (၁၁) ရက်မှ (၁၈)ရက်အထိကာလအတွင်း လူခြောက်ဦးသေဆုံး၍၊ နှစ်ဦးမှာ ရေစီးဖြင့်မျောပါ ပျောက်ဆုံးနေကာ လက်ရှိ အင်းလေးဒေသတွင် လူနေအိမ်များ ရေနစ်မြုပ်လျက်ရှိကြောင်းသိရသည်။

‘ဒါက လတ်တလော စာရင်းပေါ့။ သေဆုံးတာ၊ ပျောက်ဆုံးတာ၊ ပျက်စီးတာက ရေအလုံးစုံ ပြန်ကျမှ ပိုတိကျတဲ့ အဖြေရမှာပါ။ ကူညီကယ်ဆယ်ရေး တွေကိုတော့ ပေါင်းစပ်လုပ်နေတယ်’ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် သက်ဆိုင်ရာတာဝန်ရှိ သူတစ်ဦးကပြောသည်။

အင်းလေးဒေသတွင် ရေကြီးမှုကြောင့် အိမ်ခြေ (၂၀,ဝဝဝ)ကျော် ရေဝင်ရောက်မှုများရှိခဲ့ပြီး ဒေသတွင်း ပရဟိတ အဖွဲ့များ၊ နယ်ခံပရဟိတအဖွဲ့များနှင့် ဌာနဆိုင်ရာ ပရဟိတအဖွဲ့များစုပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

‘အင်းလေးမှာ အိမ်တွေက မြေကြီးမှာတိုင် စိုက်ပြီးဆောက်ထားတာ နှစ်ထပ်အိမ်တွေတောင် မြုပ်နေတယ်။ ရေရှည်အကူအညီပေးရမှာမိုလို့ကမ္ဘောဇဘဏ်က ငွေတွေအများကြီးသုံးထားတာပေါ့’ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ယခုအခါ ကယ်ဆယ်ရေစခန်း (၇)ခုဖွင့် လှစ်ထားပြီး ကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ (၅၆၄၃)ဦးကို ကူညီကယ်ဆယ်ထားကာ လတ်တလောအနေဖြင့် ဆေးဝါးနှင့်ရိက္ခာများလိုအပ်နေကြောင်းသိရသည်။

zawgyi version
အင္းေလးေဒသေရႀကီးမႈ ၾကာရွည္ႏိုင္ၿပီး သုံးလစာ ေသာက္သုံးေရ လိုအပ္ေန
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၂၃

အင္းေလးေဒသေရႀကီးမႈသည္ သုံးလဝန္း က်င္ခန႔္ၾကာျမင့္မည္ျဖစ္ရာ ေသာက္သုံးေရ အထူးလိုအပ္ေနေၾကာင္း အင္းေလးေဒသကူညီကယ္ဆယ္ ေရးလုပ္ကိုင္ေနသူမ်ားထံမွသိရသည္။

အင္းေလးေဒသေရႀကီးမႈတြင္ ေရျပင္ညစ္ညမ္းသြားၿပီျဖစ္ေသာေၾကာင့္ ေသာက္သုံးရန္ႏွင့္ ခ်က္ျပဳတ္စားေသာက္ရန္ ေရအခက္အခဲျဖစ္ေပၚေနျခင္းျဖစ္သည္။ ‘အင္းေလးေရႀကီးတာက တျခားေနရာနဲ႔မတူဘူး၊ ေရကျပန္မက် ေတာ့ဘူး။ ေဒသခံေတြေျပာတာ အနည္းဆုံးသုံးလေလာက္ၾကာမွေရျပန္က်ၿပီး နဂိုအတိုင္းျပန္ျဖစ္မွာ၊ လတ္တေလာ ေနစရာမရွိေတာ့ ကယ္ဆယ္ေရးစခန္းေတြမွာေနရတယ္၊ အင္းေလးဝန္းက်င္မွာ ေသာက္ေရမရွိေတာ့ဘူး။ မိုးေရကိုပဲ ခံေသာက္ေနရတာ’ဟု အင္းေလးေဒသကူညီကယ္ဆယ္ေရးလုပ္ကိုင္ေနသူ ကိုဉာဏ္သာကေျပာသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေညာင္ေ႐ႊၿမိဳ႕နယ္ အင္းေလးေဒသတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ စက္တင္ဘာလ (၁၇)ရက္အထိ ေသဆုံးသူေျခာက္ဦးရွိခဲ့ၿပီး ေရထဲေမ်ာပါသြားသူႏွစ္ဦးရွိေၾကာင္း ကူညီကယ္ဆယ္ေရးေဆာင္႐ြက္ ေနသူ မ်ားထံမွသိရသည္။

အင္းေလးေဒသတြင္ မိုးအဆက္မျပတ္႐ြာသြန္းၿပီး ေတာင္က်ေရမ်ားက်ဆင္းလာမႈေၾကာင့္ စက္တင္ဘာလ (၁၁) ရက္မွ (၁၈)ရက္အထိကာလအတြင္း လူေျခာက္ဦးေသဆုံး၍၊ ႏွစ္ဦးမွာ ေရစီးျဖင့္ေမ်ာပါ ေပ်ာက္ဆုံးေနကာ လက္ရွိ အင္းေလးေဒသတြင္ လူေနအိမ္မ်ား ေရနစ္ျမဳပ္လ်က္ရွိေၾကာင္းသိရသည္။

‘ဒါက လတ္တေလာ စာရင္းေပါ့။ ေသဆုံးတာ၊ ေပ်ာက္ဆုံးတာ၊ ပ်က္စီးတာက ေရအလုံးစုံ ျပန္က်မွ ပိုတိက်တဲ့ အေျဖရမွာပါ။ ကူညီကယ္ဆယ္ေရး ေတြကိုေတာ့ ေပါင္းစပ္လုပ္ေနတယ္’ဟု ကူညီကယ္ဆယ္ေရးေဆာင္႐ြက္ေနသည့္ သက္ဆိုင္ရာတာဝန္ရွိ သူတစ္ဦးကေျပာသည္။

အင္းေလးေဒသတြင္ ေရႀကီးမႈေၾကာင့္ အိမ္ေျခ (၂၀,ဝဝဝ)ေက်ာ္ ေရဝင္ေရာက္မႈမ်ားရွိခဲ့ၿပီး ေဒသတြင္း ပရဟိတ အဖြဲ႕မ်ား၊ နယ္ခံပရဟိတအဖြဲ႕မ်ားႏွင့္ ဌာနဆိုင္ရာ ပရဟိတအဖြဲ႕မ်ားစုေပါင္းၿပီး ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

‘အင္းေလးမွာ အိမ္ေတြက ေျမႀကီးမွာတိုင္ စိုက္ၿပီးေဆာက္ထားတာ ႏွစ္ထပ္အိမ္ေတြေတာင္ ျမဳပ္ေနတယ္။ ေရရွည္အကူအညီေပးရမွာမိုလို႔ကေမာၻဇဘဏ္က ေငြေတြအမ်ားႀကီးသုံးထားတာေပါ့’ဟု အကူအညီေပးေနသူတစ္ဦးက ေျပာသည္။

ယခုအခါ ကယ္ဆယ္ေရစခန္း (၇)ခုဖြင့္ လွစ္ထားၿပီး ကယ္ဆယ္ေရးစခန္းမ်ားတြင္ လူဦးေရ (၅၆၄၃)ဦးကို ကူညီကယ္ဆယ္ထားကာ လတ္တေလာအေနျဖင့္ ေဆးဝါးႏွင့္ရိကၡာမ်ားလိုအပ္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.