လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော

 372

Pika (NP News) - စက်တင်ဘာ ၂၃

လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်မှာ ကျင်းပ မယ့်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင်ဦးမှာလားဆိုတဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့် က "ဒီရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ကျွန်တော် ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလောက်အထိပဲလို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် နိုဝင်ဘာလ(၅)ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ်လို့ မျှော်လင့်ထားတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံးရေးပွဲတွေကို ပြိုင်ဖက် ဖြစ်တဲ့အသက်(၅၉)နှစ်အရွယ် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်နဲ့အကြိတ်အနယ်ယှဉ်ပြိုင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အခြေအနေ အမျိုးမျိုးကြောင့် ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး ဒုသမ္မတဖြစ်တဲ့ ကာမာလာဟားရစ်ကို ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ထောက်ခံခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ကာမာလာဟားရစ်တို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ(၁ဝ)ရက်တုန်းက ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် လာမယ့်အောက်တိုဘာလ(၂၃)ရက်မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲမှာ ပါဝင်ဖို့ အတွက် ကာမာလာဟားရစ်ရဲ့တောင်းဆိုမှုကို ဒေါ်နယ်ထရမ့်က ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံအတွင်းက အချို့ပြည်နယ်တွေမှာ အစောပိုင်းမဲပေးမှုတွေက စတင်လုပ်ဆောင်နေပြီဖြစ်တာမလို့ စကားစစ်ထိုးပွဲထပ်မံကျင်းပဖို့က အချိန်နောက်ကျနေပြီဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က တုံ့ပြန်ပြောခဲ့ပါတယ်။

Zawgyi Version;
လာမယ့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ၂ဝ၂၈ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ေတာ့ မွာ မဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - စက္တင္ဘာ ၂၃

လာမယ့္ႏိုဝင္ဘာလမွာ က်င္းပမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ၂ဝ၂၈ ခုႏွစ္မွာ က်င္းပ မယ့္သမၼတေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ေတာ့မွာ မဟုတ္ဘူးလို႔ ရီပတ္ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ႏိုဝင္ဘာလေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ၂ဝ၂၈ ခုႏွစ္သမၼတေ႐ြးေကာက္ပြဲမွာ ထပ္မံယွဥ္ၿပိဳင္ဦးမွာလားဆိုတဲ့ ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ က "ဒီေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ၂ဝ၂၈ ခုႏွစ္သမၼတေ႐ြးေကာက္ပြဲမွာ ကြၽန္ေတာ္ ပါဝင္ယွဥ္ၿပိဳင္ေတာ့မွာ မဟုတ္ပါဘူး။ ဒီေလာက္အထိပဲလို႔ ကြၽန္ေတာ္ထင္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ ႏိုဝင္ဘာလ(၅)ရက္မွာက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိမယ္လို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေဒၚနယ္ထရမ့္ဟာ မဲဆြယ္စည္း႐ုံးေရးပြဲေတြကို ၿပိဳင္ဖက္ ျဖစ္တဲ့အသက္(၅၉)ႏွစ္အ႐ြယ္ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္နဲ႔အႀကိတ္အနယ္ယွဥ္ၿပိဳင္ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဇူလိုင္လမွာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ ဒီမိုကရက္တစ္သမၼတေလာင္းအျဖစ္ကေန ႏႈတ္ထြက္ခဲ့ၿပီး ဒုသမၼတျဖစ္တဲ့ ကာမာလာဟားရစ္ကို ဒီမိုကရက္တစ္သမၼတေလာင္းအျဖစ္ ေထာက္ခံခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ကာမာလာဟားရစ္တို႔ဟာ ၿပီးခဲ့တဲ့စက္တင္ဘာလ(၁ဝ)ရက္တုန္းက ပထမဆုံးအႀကိမ္ စကားစစ္ထိုးပြဲလုပ္ေဆာင္ခဲ့ တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ လာမယ့္ေအာက္တိုဘာလ(၂၃)ရက္မွာ က်င္းပမယ့္ ဒုတိယအႀကိမ္ေျမာက္ စကားစစ္ထိုးပြဲမွာ ပါဝင္ဖို႔ အတြက္ ကာမာလာဟားရစ္ရဲ႕ေတာင္းဆိုမႈကို ေဒၚနယ္ထရမ့္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ႏိုင္ငံအတြင္းက အခ်ိဳ႕ျပည္နယ္ေတြမွာ အေစာပိုင္းမဲေပးမႈေတြက စတင္လုပ္ေဆာင္ေနၿပီျဖစ္တာမလို႔ စကားစစ္ထိုးပြဲထပ္မံက်င္းပဖို႔က အခ်ိန္ေနာက္က်ေနၿပီျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.