အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော

 294

Pika (NP News) - စက်တင်ဘာ ၂၃

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့မှာရှိတဲ့ ဆားဘီးယားလွှတ်တော်အနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ရာစုနှစ်တစ်ခုစာ သက်တမ်းရှိပြီး အလေးချိန်(၃၀၀)ကီလိုဂရမ်လောက်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို စက်တင်ဘာလ(၂၂)ရက်မှာ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
(၃၀၅)မီလီမီတာ “Morser M.11” ဗုံးကို စက်တင်ဘာလ(၁၈)ရက် နှောင်းပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဗုံးဟာ ပထမကမ္ဘာစစ်အတွင်း ၁၉၁၄ ခုနှစ် ဇူလိုင်လက ဘဲလ်ဂရိတ်မြို့ကို ဝိုင်းရံထားကြစဉ်အချိန်အတွင်း ဩစတြီးယား-ဟန်ဂေရီစစ်တပ်က အသုံးပြုခဲ့တဲ့ ဗုံးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးအိုင်ဗွီကာဒက်ဆစ်က ပြောကြားခဲ့ပါတယ်။

ဗုံးကိုဖယ်ရှားရှင်းလင်းမှုတွေ လုပ်ဆောင်နေစဉ်အချိန်အတွင်း အနီးမှာရှိတဲ့ပြည်သူတွေကို ၎င်းတို့ရဲ့မော်တော်ယာဉ် တွေကို ဧရိယာအတွင်းကနေရွှေ့ထားဖို့နဲ့ သတိထားပြီးဘေးလွတ်ကင်းရာမှာနေကြဖို့ ရဲတပ်ဖွဲ့က အမိန့်ပေးခဲ့တယ် လို့လည်း သိရပါတယ်။ ဒါ့ပြင် အဲဒီဗုံးကို ဖယ်ရှားရှင်းလင်းပြီးနောက် ဘဲလ်ဂရိတ်မြို့ကနေ (၆၀)ကီလိုမီတာ အကွာလောက်မှာရှိတဲ့ သဲသောင်ပြင်တစ်ခုကို ပို့လိုက်ပြီး ဖျက်ဆီးပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ယခင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်းက ကျန်ရှိခဲ့တဲ့ဗုံးတွေအများအပြားကို ဆားဘီးယားနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ ပေမယ့်လည်း အဲ့ဒီဗုံးတွေကိုပေါက်ကွဲတာမျိုးမရှိဘဲနဲ့ အောင်မြင်စွာဖယ်ရှားပစ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဧပြီလတုန်းက ဆားဘီးယားနိုင်ငံ Nis မြို့မှာ ၁၉၉၉ ခုနှစ် နေတိုးအဖွဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်းကျန်ရှိခဲ့တဲ့ ကြီးမားတဲ့ဗုံးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ၂၀၂၁ ခုနှစ်တုန်းကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရှိခဲ့တဲ့ အလေးချိန်(၂၄၂)ကီလိုဂရမ်ရှိတဲ့ ဗုံးတစ်လုံးကို ဘဲလ်ဂရိတ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကနေ အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေလးခ်ိန္(၃၀၀)ကီလိုဂရမ္ရွိတဲ့ ပထမကမာၻစစ္အတြင္းက ဗုံးတစ္လုံးကို ေအာင္ျမင္စြာ ဖယ္ရွားပစ္ႏိုင္ခဲ့တယ္လို႔ ဆားဘီးယားရဲတပ္ဖြဲ႕ေျပာ
Pika (NP News) - စက္တင္ဘာ ၂၃

ဆားဘီးယားႏိုင္ငံ ဘဲလ္ဂရိတ္ၿမိဳ႕မွာရွိတဲ့ ဆားဘီးယားလႊတ္ေတာ္အနီးက ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ ရာစုႏွစ္တစ္ခုစာ သက္တမ္းရွိၿပီး အေလးခ်ိန္(၃၀၀)ကီလိုဂရမ္ေလာက္ရွိတဲ့ ပထမကမာၻစစ္အတြင္းက ဗုံးတစ္လုံးကို စက္တင္ဘာလ(၂၂)ရက္မွာ ေအာင္ျမင္စြာဖယ္ရွားႏိုင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။
(၃၀၅)မီလီမီတာ “Morser M.11” ဗုံးကို စက္တင္ဘာလ(၁၈)ရက္ ေႏွာင္းပိုင္းက ေဆာက္လုပ္ေရးလုပ္ငန္းခြင္ အတြင္းမွာ ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီဗုံးဟာ ပထမကမာၻစစ္အတြင္း ၁၉၁၄ ခုႏွစ္ ဇူလိုင္လက ဘဲလ္ဂရိတ္ၿမိဳ႕ကို ဝိုင္းရံထားၾကစဥ္အခ်ိန္အတြင္း ဩစႀတီးယား-ဟန္ေဂရီစစ္တပ္က အသုံးျပဳခဲ့တဲ့ ဗုံးျဖစ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီးအိုင္ဗြီကာဒက္ဆစ္က ေျပာၾကားခဲ့ပါတယ္။

ဗုံးကိုဖယ္ရွားရွင္းလင္းမႈေတြ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း အနီးမွာရွိတဲ့ျပည္သူေတြကို ၎တို႔ရဲ႕ေမာ္ေတာ္ယာဥ္ ေတြကို ဧရိယာအတြင္းကေနေ႐ႊ႕ထားဖို႔နဲ႔ သတိထားၿပီးေဘးလြတ္ကင္းရာမွာေနၾကဖို႔ ရဲတပ္ဖြဲ႕က အမိန႔္ေပးခဲ့တယ္ လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အဲဒီဗုံးကို ဖယ္ရွားရွင္းလင္းၿပီးေနာက္ ဘဲလ္ဂရိတ္ၿမိဳ႕ကေန (၆၀)ကီလိုမီတာ အကြာေလာက္မွာရွိတဲ့ သဲေသာင္ျပင္တစ္ခုကို ပို႔လိုက္ၿပီး ဖ်က္ဆီးပစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ယခင္ျဖစ္ပြားခဲ့တဲ့ စစ္ပြဲေတြအတြင္းက က်န္ရွိခဲ့တဲ့ဗုံးေတြအမ်ားအျပားကို ဆားဘီးယားႏိုင္ငံမွာ ရွာေဖြေတြ႕ရွိခဲ့ ေပမယ့္လည္း အဲ့ဒီဗုံးေတြကိုေပါက္ကြဲတာမ်ိဳးမရွိဘဲနဲ႔ ေအာင္ျမင္စြာဖယ္ရွားပစ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဧၿပီလတုန္းက ဆားဘီးယားႏိုင္ငံ Nis ၿမိဳ႕မွာ ၁၉၉၉ ခုႏွစ္ ေနတိုးအဖြဲ႕ ဗုံးႀကဲတိုက္ခိုက္မႈအတြင္းက်န္ရွိခဲ့တဲ့ ႀကီးမားတဲ့ဗုံးတစ္လုံးကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ၂၀၂၁ ခုႏွစ္တုန္းကလည္း ဒုတိယကမာၻစစ္အတြင္းက က်န္ရွိခဲ့တဲ့ အေလးခ်ိန္(၂၄၂)ကီလိုဂရမ္ရွိတဲ့ ဗုံးတစ္လုံးကို ဘဲလ္ဂရိတ္ၿမိဳ႕ဆင္ေျခဖုံးရပ္ကြက္တစ္ခုမွာရွိတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုကေန ေအာင္ျမင္စြာ ဖယ္ရွားပစ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.