အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ

 829

Pika (NP News) - စက်တင်ဘာ ၂၃

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်မှာ သေနတ်သမား အများအပြားပါဝင်တဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၄)ဦးသေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က စက်တင်ဘာလ(၂၁)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ရဲအရာရှိ ထရူးမန်းဖစ်ဂီရက်က" ည (၁၁)နာရီလောက်က ဘာမင်ဂမ်မြို့ရဲ့ခရိုင်တစ်ခုမှာ သေနတ်သမား အများအပြားဟာ လူအုပ်စုတစ်စုကို သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် လူသွားလမ်းတစ်ခုမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အရွယ်ရောက်ပြီးသား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထရူးမန်းဖစ်ဂီရက်က ပြောကြားခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ်လူတစ်ဦးက ဆေးရုံမှာကုသမှုတွေ လုပ်ဆောင်နေစဉ်အချိန်အတွင်း သေဆုံးသွားခဲ့တယ်လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း ဒါဇင်နဲ့ချီတဲ့လူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်(၄)ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူတွေကို ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေစုံစမ်းနေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးမှုကိုအကူအညီဖြစ်စေနိုင်မယ့် သတင်းအချက်အလက်တွေရှိရင် ပေးကြဖို့ ပြည်သူတွေကို ရဲတပ်ဖွဲ့က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုနဲ့ အရက်၊ဆေးရွက်ကြီး၊ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းဗျူရိုတို့ အပါအဝင် အေဂျင်စီအများအပြားဟာ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ကူညီပေးနေတယ်လို့လည်း သိရပါတယ်။ Gun Violence Archive (GVA) ရဲ့အဆိုအရ အမေရိကန်နိုင်ငံမှာ ယခုနှစ်အတွင်း သေဆုံး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး(၄)ဦးပါဝင်တဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုပေါင်း (၄၀၃)မှုထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် GVA ရဲ့ အဆိုအရအမေရိကန်နိုင်ငံမှာ ယခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုတွေကြောင့် အနည်းဆုံးလူ (၁၂၄၁၆) ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ ေ႐ြးေကာက္ပြဲမတိုင္မီ အစုလိုက္အၿပဳံလိုက္ပစ္ခတ္မႈေတြ တစ္ေက်ာ့ျပန္လည္ျဖစ္ပြားလာေန
Pika (NP News) - စက္တင္ဘာ ၂၃

အေမရိကန္ႏိုင္ငံ အလာဘားမားျပည္နယ္မွာ ေသနတ္သမား အမ်ားအျပားပါဝင္တဲ့ အစုလိုက္အၿပဳံလိုက္ပစ္ခတ္မႈ တစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၄)ဦးေသဆုံးခဲ့ၿပီး အျခားလူဒါဇင္ခ်ီထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က စက္တင္ဘာလ(၂၁)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ရဲအရာရွိ ထ႐ူးမန္းဖစ္ဂီရက္က" ည (၁၁)နာရီေလာက္က ဘာမင္ဂမ္ၿမိဳ႕ရဲ႕ခ႐ိုင္တစ္ခုမွာ ေသနတ္သမား အမ်ားအျပားဟာ လူအုပ္စုတစ္စုကို ေသနတ္ေတြနဲ႔ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့တယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ပစ္ခတ္မႈေတြျဖစ္ပြားၿပီးေနာက္ လူသြားလမ္းတစ္ခုမွာ ေသနတ္ဒဏ္ရာေတြနဲ႔ ေသဆုံးေနတဲ့အ႐ြယ္ေရာက္ၿပီးသား အမ်ိဳးသားႏွစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးကို ရဲတပ္ဖြဲ႕က ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ ထ႐ူးမန္းဖစ္ဂီရက္က ေျပာၾကားခဲ့ပါတယ္။ အဲဒီပစ္ခတ္မႈအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ ေနာက္ထပ္လူတစ္ဦးက ေဆး႐ုံမွာကုသမႈေတြ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ေသဆုံးသြားခဲ့တယ္လို႔ ၎က ထပ္မံေျပာၾကားခဲ့ပါတယ္။

ပစ္ခတ္မႈအတြင္း ဒါဇင္နဲ႔ခ်ီတဲ့လူေတြ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔အနက္(၄)ဦးက စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနတယ္လို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။ ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး သံသယရွိသူေတြကို ရဲတပ္ဖြဲ႕က ဆက္လက္ရွာေဖြစုံစမ္းေနဆဲျဖစ္ၿပီး စုံစမ္းစစ္ေဆးမႈကိုအကူအညီျဖစ္ေစႏိုင္မယ့္ သတင္းအခ်က္အလက္ေတြရွိရင္ ေပးၾကဖို႔ ျပည္သူေတြကို ရဲတပ္ဖြဲ႕က တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ဗဟိုစုံစမ္းစစ္ေဆးေရးဗ်ဴ႐ိုနဲ႔ အရက္၊ေဆး႐ြက္ႀကီး၊ လက္နက္နဲ႔ ေဖာက္ခြဲေရးပစၥည္းဗ်ဴ႐ိုတို႔ အပါအဝင္ ေအဂ်င္စီအမ်ားအျပားဟာ စုံစမ္းစစ္ေဆးမႈမွာ ပါဝင္ကူညီေပးေနတယ္လို႔လည္း သိရပါတယ္။ Gun Violence Archive (GVA) ရဲ႕အဆိုအရ အေမရိကန္ႏိုင္ငံမွာ ယခုႏွစ္အတြင္း ေသဆုံး ဒါမွမဟုတ္ ထိခိုက္ဒဏ္ရာရရွိသူ အနည္းဆုံး(၄)ဦးပါဝင္တဲ့ အစုလိုက္အၿပဳံလိုက္ပစ္ခတ္မႈေပါင္း (၄၀၃)မႈထိ ရွိခဲ့တယ္လို႔ သိရပါတယ္။

ဒါ့ျပင္ GVA ရဲ႕ အဆိုအရအေမရိကန္ႏိုင္ငံမွာ ယခုႏွစ္အတြင္း ေသနတ္ပစ္ခတ္မႈေတြေၾကာင့္ အနည္းဆုံးလူ (၁၂၄၁၆) ဦး ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.